အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
မန္တလေး စက်တင်ဘာ ၈ ။ ။ ပြည်သူ့စကားကိုနားထောင်ပြီး ပြည်သူကပေးတဲ့ တာဝန်တွေကို ကျေပွန်စွာ ထမ်းဆောင်တဲ့ အစိုးရတစ်ရပ် ပေါ်ပေါက်ဖို့ ကြိုးစားနေတယ်လို့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဒေါက်တာ ဇော်မြင့်မောင်က ပြောပါတယ်။
စက်တင်ဘာလ ၇ ရက်၊ မွန်းလွဲ ၂ နာရီက မန္တလေးတိုင်းဒေသကြီး၊ စဥ့်ကူးမြို့နယ်၊ ရှောက်ပင်ရိုးကျေးရွာအုပ်စု၊ ရွှေပိတောက်ရပ်ကွက်မှာပြုလုပ်တဲ့ အခြေခံပညာမူလတန်းကျောင်း ကျောင်းဆောင်သစ်လွှဲပြောင်းပေးအပ်ပွဲနဲ့ ပြည်သူလူထုတွေ့ဆုံပွဲမှာ ပြောကြားခဲ့တာပါ။
ဒေါက်တာဇော်မြင့်မောင်က"အရေးကြီးဆုံးကတော့ အစိုးရဆိုတာ ပြည်သူ့စကားကို နားထောင်တဲ့ ပြည်သူက ပေးတဲ့ တာဝန်တွေကို ကျေပွန်စွာထမ်းဆောင်နိုင်တဲ့ အစိုးရတစ်ရပ်ဖြစ်ဖို့လိုပါတယ်။ အစိုးရကိုယ်တိုင်ကလည်း ပြည်သူတွေရဲ့စကားကို အမြဲတမ်းနာခံချင်တဲ့ အစိုးရတစ်ရပ်ပေါ်ပေါက်အောင် ကျွန်တော်တို့ ကြိုးပမ်း ဆောင်ရွက်နေပါတယ်။"လို့ ပြောပါတယ်။
ဆက်လက်ပြီး ဒေါက်တာဇော်မြင့်မောင်က"အစိုးရတစ်ရပ် အောင်မြင်တယ်ဆိုတာ ပြည်သူထောက်ခံမှ ဖြစ်ပါတယ်။ ပြည်သူ့အကျိုးကိုဆောင်ရွက်နေတဲ့ ၊ ပြည်သူ့အကျိုးကို သယ်ပိုးနေတဲ့ အစိုးရ၊ ပြည်သူအတွက် ရည်မှန်းပြီး ဆောင်ရွက်နေတဲ့အချိန်မှာ ပြည်သူကလည်း အစိုးရကို ယုံကြည်စွာနဲ့ ထောက်ခံအားပေးဖို့ လိုပါတယ်။"လို့ ပြောပါတယ်။
"ကျွန်တော်တို့ နိုင်ငံတော်မှာ အဓိက လိုအပ်နေတဲ့ ငြိမ်းချမ်းရေး ကျွန်တော်တို့ ဆောင်ရွက်ပေးနေပါတယ်။ ငြိမ်းချမ်းရေးရရင် ကျွန်တော်တို့ပိုပြီး တည်ငြိမ်မယ်။ တိုင်းပြည် ပိုတည်ငြိမ်တဲ့အခါကျတော့ ဒီမိုကရေစီပိုပြီး အမြစ်တွယ်နိုင်ပါတယ်။ ဒီမိုကရေစီပိုပြီး အမြစ်တွယ်လာမှ တိုင်းပြည်စီးပွားရေး ပြန်လည် နလန် ထူအောင် လုပ်နိုင်မှာဖြစ်ပါတယ်။ အစိုးရတစ်ရပ်ရဲ့နောက်မှာ ပြည်သူက ယုံယုံကြည်ကြည်နဲ့ ကျွန်တော်တို့အစိုးရကလည်း ပြည်သူနဲ့အတူတူ လက်တွဲပြီးတော့ ကျွန်တော်တို့ရဲ့ စုပေါင်းအင်အားတစ်ခုနဲ့ နိုင်ငံတော်ကို တည်ဆောက်တော့မှာ ဖြစ်ပါတယ်။"လို့ ဒေါက်တာဇော်မြင့်မောင်က ပြောပါတယ်။
=======================
251 / End
၈ စက်တင်ဘာ ၂၀၁၈ - ၁၂:၄၁
News ID: 908544
မႏၱေလး စက္တင္ဘာ ၈ ။ ။ ပြည်သူ့စကားကိုနားထောင်ပြီး ပြည်သူကပေးတဲ့ တာဝန်တွေကို ကျေပွန်စွာ ထမ်းဆောင်တဲ့ အစိုးရတစ်ရပ် ပေါ်ပေါက်ဖို့ ကြိုးစားနေတယ်လို့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဒေါက်တာ ဇော်မြင့်မောင်က ပြောပါတယ်။