အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ရန်ကုန်မြို့ပြ အမွေအ နှစ်လျှောက်လမ်းအား စမ်းသပ် လေ့လာသော လမ်းလျှောက်ခရီး စဉ်ကို စက်တင်ဘာ ၈ ရက်က ပြု လုပ်ရာ လူ ၂၀၀ ကျော် ပါဝင်လမ်းလျှောက်ခဲ့သည်။
လမ်းလျှောက်ခရီးစဉ်ကို နံနက် ၇ နာရီခွဲတွင် ရွှေတိဂုံစေ တီတောင်ဘက်မုခ်က စတင်ကာ ရွှေတိဂုံဘုရားလမ်းမှ အလံပြ ဘုရား၊ ထို့နောက် ဗိုလ်ရာညွန့် လမ်း၊ ယောမင်းကြီးလမ်းနှင့် ဗိုလ်ချုပ်ဈေး၊ ဗိုလ်ချုပ်ဈေးမှတစ် ဆင့် ဆူးလေစေတီ၊ ဆူးလေမှ ပန်းဆိုးတန်းလမ်းရှိ YHT ရုံးအထိလမ်းလျှောက်ခဲ့သည်။
‘‘လွန်ခဲ့တဲ့ တစ်နှစ်ကျော် လောက်ကတည်းက လုပ်ချင်နေ တာပါ။ အခုမှ အကောင်အထည် ဖော်ဖြစ်တာပါ။ နောက်များမှာဆို ရင် ဒီ Walking Trip က အားလုံး အတွက် စိတ်ဝင်စားစရာကောင်း တဲ့ ပေါ်ပြူလာဖြစ်မယ့် Trip တစ် ခု ဖြစ်နိုင်ရေးအတွက် ဒီနေ့စကြိုး စားကြမယ်’’ဟု လမ်းလျှောက် ခရီးစဉ်တွင် ပါဝင်သည့် ကရင် တိုင်းရင်းသားလူမျိုးရေးရာဝန် ကြီး နော်ပန်းသဉ္ဇာမျိုးက ပြော ကြားသည်။
ရန်ကုန်မြို့ကို နိုင်ငံတကာ ခရီးသွားဧည့်သည်များ စိတ်ဝင် စားမှု မြင့်တက်လာစေရန်နှင့် မြို့ နေပြည်သူများ လုံခြုံဘေးကင်းစွာ လမ်းလျှောက်သွားလာနိုင်ရေး ရည်ရွယ်လျက် ရွှေတိဂုံ၊ အလံပြ၊ဆူးလေနှင့် ဗိုလ်တထောင်စသည့် စေတီတော်လေးဆူကို ဆက်သွယ်သည့် အမွေအနှစ်လျှောက်လမ်းတစ်ခု ဖော်ဆောင်ရန် ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (YHT)က အဆိုပြုထားသည်။
ယခုလမ်းလျှောက် ခရီးစဉ် မှာ အမွေအနှစ် လျှောက်လမ်းကို စမ်းသပ်အသုံးပြုလေ့လာခြင်း ဖြစ်သည်။
ယခုကဲ့သို့ ခရီးစဉ်ပြုလုပ် ခြင်းအားဖြင့် ဧည့်လမ်းညွှန်များ အနေဖြင့် သမိုင်းကြောင်းကို ပိုမိုသိရှိလာနိုင်မည်ဖြစ်ပြီး ခရီးသွား ကုမ္ပဏီများအနေဖြင့် ရန်ကုန် မြို့၏ ခရီးစဉ်များထဲတွင် လမ်း လျှောက်ခရီးစဉ်ကို ထည့်သွင်း လာစေရန် ရည်ရွယ်ထားကြောင်း မြန်မာနိုင်ငံ ဧည့်လမ်းညွှန်များအ သင်း ဥက္ကဋ္ဌဦးအောင်ထွန်းလင်း က ပြောသည်။
=======================
251 / End
၉ စက်တင်ဘာ ၂၀၁၈ - ၁၄:၀၀
News ID: 908657
ရန်ကုန်မြို့ပြ အမွေအ နှစ်လျှောက်လမ်းအား စမ်းသပ် လေ့လာသော လမ်းလျှောက်ခရီး စဉ်ကို စက်တင်ဘာ ၈ ရက်က ပြု လုပ်ရာ လူ ၂၀၀ ကျော် ပါဝင်လမ်းလျှောက်ခဲ့သည်။