အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ရန် ဒေသခံအရပ်သားစောင့် ကြည့်အဖွဲ့ (LCM)ဖွဲ့စည်းနိုင်ရေး လုပ်ငန်းစဉ် ရှင်းလင်းပွဲနှင့် လူထု တွေ့ဆုံပွဲကို ကရင်ပြည်နယ်၌ စက်တင်ဘာ ၈ ရက်က စတင် ပြုလုပ်သည်။
ကော့ကရိတ်မြို့နယ် နောင် တပွဲကျေးရွာအုပ်စုတွင် ပြုလုပ် ခြင်းဖြစ်ပြီး ရှင်းလင်းပွဲ၌ ပြည် နယ်အဆင့် JMC ဒုတိယဥက္ကဋ္ဌ (၁) က ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ ရေးအတွက် ရပ်ကွက်၊ ကျေးရွာ အဆင့်တွင် နှစ်ဖက်လက်ခံသည့် ဒေသခံအရပ်သားစောင့်ကြည့်သူ များဖြင့် ဖွဲ့စည်းဆောင်ရွက်မည့် အခြေအနေများနှင့် အောက်ခြေ ၌ ဖြစ်ပွားသည့်ပြဿနာများကို LCM များမှတစ်ဆင့် တိုင်ကြားနိုင် မည့်အစီအစဉ်များကို ရှင်းလင်းပြောကြားကြောင်း JMC ၏ ယမန်နေ့ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။
‘စောင့်ကြည့်ရေးလုပ်ငန်း များကို ဘက်မလိုက်ဘဲ ဆောင် ရွက်နိုင်မည့် ပြည်သူများကို LCM အဖြစ် ရွေးချယ်ပေးကြရန် တိုက် တွန်းပြောကြားခဲ့ပါသည်’ ဟု စက် တင်ဘာ ၁၀ ရက် ထုတ်ပြန်ချက် တွင် ဖော်ပြသည်။
ထို့ပြင် တစ်နိုင်ငံလုံး ပစ် ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘော တူစာချုပ် (NCA)နှင့်ပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေးဆိုင်ရာ စည်းမျဉ်း စည်းကမ်းများကို ချိုးဖောက်ခြင်း ရှိ၊ မရှိ လူထုက စောင့်ကြည့်ပြီး JMC သို့ တင်ပြရမည်ဖြစ်ကြောင်း နှင့် စည်းမျဉ်းစည်းကမ်းချိုးဖောက် မှုများ၊ ချိုးဖောက်ရန် အလားအလာရှိသည့် အခြေအနေများကို ပဋိပက္ခဖြစ်ပွားသည့် အဆင့်သို့ မရောက်မီ LCM များ က စောင့်ကြည့် တင်ပြရမည်ဖြစ်ကြောင်း ပြည်နယ်အဆင့် JMC အတွင်းရေးမှူးများက ရှင်းပြခဲ့သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။
LCM များကို နယ်မြေအငြင်းပွားမှုများရှိတတ်သည့် ရှမ်းနှင့် ကရင်ပြည်နယ်တွင် ဦးစွာဖွဲ့စည်း ရန် လျာထားသည်။ ကရင်ပြည် နယ် နောင်တပွဲကျေးရွာအုပ်စုရှိ ထီးဝါးဆူးခီးရပ်၊ ရွာသစ်ကုန်း၊ကော့မှန်ရပ်၊ ကော့ကလောင်၊ ကော့ဆန်ဖွန်းရပ်နှင့် လှိုင်ကွယ်နိုင်ကျေးရွာခြောက်ရွာမှ LCM တွင် ပါဝင်မည့် ပုဂ္ဂိုလ်ငါးဦးအား စက်တင်ဘာ တတိယပတ်အ တွင်း ရွေးချယ်မည်ဖြစ်ကြောင်း ပြည်ထောင်စုအဆင့် JMC အလုပ်အဖွဲ့တာဝန်ရှိသူက ဆိုသည်။
စောင့်ကြည့်သူများအဖြစ် ဘက်မလိုက်သည့်အရပ်သားများ ကို ရွေးချယ်မည်ဖြစ်ကာ နှစ်ဖက် တပ်များ နားလည်မှုမလွဲစေရန် ဆောင်ရွက်မည် ဖြစ်ကြောင်း JMC-U အတွင်းရေးမှူး(၂)ဗိုလ် မှူးကြီးဝဏ္ဏအောင်က ပြောကြား သည်။ တပ်မတော်နှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်း သားလက်နက်ကိုင် အဖွဲ့များ ကြား တိုက်ပွဲများ၊ ပဋိပက္ခများ မဖြစ်ပွားရေး၊ ပြဿနာများဖြစ် ပေါ်လာပါက ပြေလည်မှုရရှိရန် ဆောင်ရွက်ရေး၊ ပြည်ထောင်စု အဆင့်၊ ပြည်နယ်၊ တိုင်းဒေသကြီး အဆင့်နှင့် ဒေသအဆင့် JMC များကို နှစ်ဖက်ကိုယ်စားလှယ်များ၊ အရပ်သားကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည်။
=======================
251 / End
၁၀ စက်တင်ဘာ ၂၀၁၈ - ၁၅:၂၁
News ID: 908781
တပ်မတော်နှင့် NCA လက်မှတ်ရေးထိုးထားသည့် အဖွဲ့ များအကြား ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲခြင်း ရှိ၊ မရှိ စောင့်ကြည့်နိုင်