အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒေသတွင်းတည်ငြိမ်မှုနှင့် လုံခြုံမှုအရေးကြီးကြောင်း ဟနွိုင်းမြို့တွင် ကျင်းပသည့် အာဆီယံဒေသဆိုင်ရာကမ္ဘာ့စီးပွားရေးဖိုရမ်၌ ပြောကြားသည်။
မြန်မာနိုင်ငံသည် စတုတ္ထ စက်မှုတော်လှန်ရေးကို အသွင် ကူးပြောင်းရာတွင် ပြည်သူများ အတွက် ငွေကြေးဆိုင်ရာလုံခြုံမှု သာမက အခြားသောလုံခြုံမှုများ ကိုလည်း ဆောင်ရွက်နိုင်ရန်မျှော် လင့်ကြောင်း စက်တင်ဘာ ၁၂ ရက်တွင်ပြုလုပ်သည့် အထက်ပါ ဖိုရမ်ဖွင့်ပွဲ၌ နိုင်ငံတော်၏အတိုင် ပင်ခံပုဂ္ဂိုလ်က အမှာစကားပြော ကြားရာ ထည့်သွင်းပြောကြား သည်။
‘‘ကျွန်မတို့အားလုံးဟာ စတုတ္ထစက်မှုတော်လှန်ရေးအ တွက် အတူတကွလုပ်ဆောင်ကြ ရပါလိမ့်မယ်။ တစ်နိုင်ငံတည်း သာမဟုတ်ဘဲ လူ့အဖွဲ့အစည်း ကြားမှာ အောင်မြင်ဖို့အရေးကြီး ပါတယ်’’ ဟု ဒေါ်အောင်ဆန်းစု ကြည်က ဆိုသည်။
လွန်ခဲ့သည့် ဆယ်စုနှစ် ပေါင်းများစွာက မြန်မာနိုင်ငံ၏ ပညာရေးစနစ်အားမကောင်း၍ လူငယ်များ၏ဖန်တီးမှုအားနည်းခဲ့ သော်လည်း လက်ရှိတွင် မြန်မာ လူငယ်များ၏ဖန်တီးမှုစွမ်းရည် မြင့်မားလာသည်ကိုတွေ့မြင်ရ မည်ဖြစ်ကြောင်း ၎င်းကရှင်းပြ သည်။
‘‘လူ့စွမ်းအားရင်းနှီးမြှုပ်နှံမှု အပေါ်မှာ ကျွန်မတို့နိုင်ငံကအ လေးထားပါတယ်။ ဒါကနိုင်ငံကို ကူညီထောက်ပံ့ ပေးနိုင်ရုံတင် မဟုတ်ဘဲ အာဆီယံနဲ့ကမ္ဘာ့နိုင်ငံ များကိုလည်း အထောက်အကူပြု ပါလိမ့်မယ်’’ ဟု ဒေါ်အောင်ဆန်း စုကြည်က ပြောသည်။
အထက်ပါဖိုရမ်သို့ ဗီယက် နမ်ကွန်မြူနစ်ပါတီအထွေထွေအ တွင်းရေးမှူးငုယင်ဖူးကျောက်၊ ၀န်ကြီးချုပ်ငုယင်ဆွမ်ဖု၊ စင်ကာပူ ၀န်ကြီးချုပ်လီရှန်လွန်း၊ အင်ဒိုနီး ရှားသမ္မတဂျိုကိုဝီဒိုဒို၊ ကမ္ဘောဒီး ယားဝန်ကြီးဟွန်ဆန်၊ လာအိုဝန် ကြီးချုပ် ထောင်လွန်းဆီစုလစ်၊ ထိုင်းဒုတိယ၀န်ကြီးချုပ်ပရေးဂျင် ဂျန်တန်၊ အာဆီယံမိတ်ဖက်နိုင်ငံ များမှ အကြီးအကဲများ၊ ၀န်ကြီး များ၊ အဆင့်မြင့်အရာရှိများ၊ဒေ သတွင်းစီးပွားရေးဆိုင်ရာထိပ် တန်းအရာရှိများ တက်ရောက် သည်။
ဆက်လက်၍ဒေါ်အောင် ဆန်းစုကြည်သည် အာဆီယံ ခေါင်းဆောင်များနှင့်အတူ မဲ ခေါင်ဒေသပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး အမြင်သစ်များခေါင်း စဉ်ဖြင့် ကျင်းပသောဆွေးနွေးပွဲ သို့ တက်ရောက်ဆွေးနွေးခဲ့ ကြောင်း အတိုင်ပင်ခံရုံးက သ တင်းထုတ်ပြန်သည်။
ထို့အပြင် နိုင်ငံတော်၏အ တိုင်ပင်ခံပုဂ္ဂိုလ်သည် ဂျပန်နိုင်ငံ ခြားရေးဝန်ကြီးမစ္စတာတာရိုကိုနို နှင့် သီးခြားတွေ့ဆုံ၍နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပူးပေါင်းမှုမြှင့် တင်ရေးကိစ္စရပ်များ ဆွေးနွေးခဲ့ ကြောင်း ထုတ်ပြန်ချက်၌ဖော်ပြ သည်။
ဆွေးနွေးစဉ် အောက်တိုဘာ အတွင်း တိုကျိုမြို့၌ကျင်းပမည့် ဂျပန် - မဲခေါင်ထိပ်သီးအစည်းအဝေးဆိုင်ရာကိစ္စရပ်များ၊ ရခိုင်ပြည်နယ် အရေးကိစ္စနှင့် ပတ်သက်၍ ဂျပန်အစိုးရကအပြု သဘောဆက်လက် ကူညီ ထောက်ပံ့ပေးမည့်ကိစ္စရပ်များ နှင့်ကုလသမဂ္ဂအပါအ၀င် နိုင်ငံ တကာမျက်နှာစာတွင် ဆက် လက်ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များ ဆွေးနွေးခဲ့သည်ဟု ဆိုသည်။
ဗီယက်နမ်ဝန်ကြီးချုပ်၏ ဖိတ်ကြားချက်အရ သုံးရက်ကြာ ခရီးစဉ်သွားရောက်သည့် နိုင်ငံ တော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ် အောင်ဆန်းစုကြည်ဦးဆောင် သည့်မြန်မာကိုယ်စားလှယ်အဖွဲ့ သည် စက်တင်ဘာ ၁၃ ရက် (ယနေ့)တွင်နေပြည်တော်သို့ ပြန် လည်ရောက်ရှိမည်ဖြစ်သည်။
=======================
251 / End
၁၂ စက်တင်ဘာ ၂၀၁၈ - ၁၈:၂၂
News ID: 909048
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒေသတွင်းတည်ငြိမ်မှုနှင့် လုံခြုံမှုအရေးကြီးကြောင်း ဟနွိုင်းမြို့တွင် ကျင်းပသည့် အာဆီယံဒေသဆိုင်ရာကမ္ဘာ့စီးပွားရေးဖိုရမ်၌ ပြောကြားသည်။