အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
လာမည့်နှစ်အပစ်ရပ် ပူးတွဲစောင့်ကြည့်ရေးလုပ်ငန်းစဉ် တွင် အသုံးပြုရန် ကန်ဒေါ်လာ သုံးသန်းလျာထားကြောင်း ပြည် ထောင်စုအဆင့် ပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U)အတွင်းရေးမှူး(၁) ဒေါက်တာရွှေခါးရ်က ပြောသည်။
စက်တင်ဘာ ၁၂ မှ ၁၄ရက် အထိပြုလုပ်သည့် JMC-U အ စည်းအဝေးတွင် ၂၀၁၈ အောက် တိုဘာ ၁ ရက်ကစ၍ ၂၀၁၉ စက် တင်ဘာလကုန်အထိ သုံးစွဲမည့် JMC အဆင့်ဆင့်၏ ဘတ်ဂျက် ရေးဆွဲခြင်းကို ဆွေးနွေးခဲ့သည်။
လာမည့်နှစ်တွင် ဒေသခံ အရပ်သား စောင့်ကြည့်အဖွဲ့ (LCM)ဖွဲ့စည်းရေး အဓိက ဆောင်ရွက်မည်ဖြစ်ကာ အခြားသော JMC လုပ်ငန်းစဉ်များအဖြစ် လူထုအသိပညာပေးတွေ့ဆုံပွဲများ ပြုလုပ်ရန်၊ ဒေသ အဆင့် JMC ကော်မတီအသစ်များဆက်လက်ဖွင့်လှစ်ရန်၊ ပူးတွဲနယ်လှည့်စောင့်ကြည့်ရေးလုပ်ငန်းများ၊JMC အဖွဲ့ဝင်များနှင့် ၀န်ထမ်းများအတွက် စွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာလုပ်ငန်းများနှင့် အရပ်သားစောင့်ကြည့်မှုဆိုင်ရာ လုပ်ငန်းစဉ်များကို ပုံမှန်ပြုလုပ်မည်ဟု ဒေါက်တာရွှေခါးရ်က ရှင်းပြသည်။
‘‘အစီအစဉ်သစ်တစ်ခုအနေနဲ့ကတော့ LCM ကိစ္စပေါ့နော်။ အဲဒါကိုတော့ ကျွန်တော်တို့အာရုံ စိုက်လုပ်ဖို့တော့ စီစဉ်ထားပါ တယ်။ LCM တွေ အစစအရာ ရာအတွက် ဒေါ်လာတစ်သန်း လောက်ကုန်နိုင်မယ်လို့ တွက်ပါ တယ်။ အသေးစိတ်အတွက်က တော့ ဒီဘဏ္ဍာရေးဌာနနဲ့ Donar တွေနဲ့ ညှိနှိုင်းမှာဖြစ်ပါတယ်’’ ဟု ဒေါက်တာရွှေခါးရ်က ပြောကြားသည်။
JMC အတွက်ရရှိသည့်ဘတ် ဂျက်ကို နှစ်လတစ်ကြိမ်ကျင်းပ သည့် ပြည်ထောင်စုအဆင့်အ စည်းအဝေးများ၊ တစ်လတစ်ကြိမ် ကျင်းပသည့် ပြည်နယ်အဆင့်အ စည်းအဝေးများ၊ ပူးတွဲနယ်လှည့် ခြင်းအစီအစဉ်များ၊ လူထုကို အ ပစ်ရပ်စဲရေးလုပ်ငန်းစဉ်နှင့်ပတ် သက်သည့် ရှင်းလင်းခြင်းများ၊ ပြဿနာများတိုင်ကြားမှုရှိလာပါ က စိစစ်ရေးအဖွဲ့ ဖွဲ့စည်းဆောင် ရွက်ခြင်းလုပ်ငန်းများစသည်တို့ တွင် အသုံးပြုကြောင်း JMC-U အဖွဲ့ဝင်တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့ကိုယ်စားလှယ်ဆလိုင်း ယောအောင်က ရှင်းပြသည်။
JMC ဘတ်ဂျက်သည် ကုလ သမဂ္ဂထောက်ပံ့မှုအစီအစဉ်မှ တစ်ဆင့်ရရှိသည်။ JMC အတွက် ဘတ်ဂျက်ကို အစိုးရနှင့် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့ ကိုယ် စားလှယ်များနှင့် ဖွဲ့စည်းထား သည့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရန် ပုံငွေဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေး အဖွဲ့ (JCB)က သတ်မှတ်သည်။
=======================
251 / End
၁၄ စက်တင်ဘာ ၂၀၁၈ - ၁၇:၃၄
News ID: 909245
လာမည့်နှစ်အပစ်ရပ် ပူးတွဲစောင့်ကြည့်ရေးလုပ်ငန်းစဉ် တွင် အသုံးပြုရန် ကန်ဒေါ်လာ သုံးသန်းလျာထားကြောင်း ပြည် ထောင်စုအဆင့် ပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U)အတွင်းရေးမှူး(၁) ဒေါက်တာရွှေခါးရ်က ပြောသည်။