၁၅ စက်တင်ဘာ ၂၀၁၈ - ၁၇:၅၄
ကချင်ဒေသစစ်ပွဲကြောင့် မိုင်းဒဏ်ရာရသူများကို အစိုးရထောက်ပံ့

တပ်မတော်နှင့် ကချင် လက်နက်ကိုင်အဖွဲ့ (KIA) တို့ တိုက်ပွဲဖြစ်ပွားမှုများနှင့် ဆက်စပ် ပြီးမိုင်းထိဒဏ်ရာရရှိခဲ့သည့် က ချင်ပြည်နယ်ဒေသခံ ပြည်သူများ ကို အစိုးရကစက်တင်ဘာ ၁၅ ရက်တွင် ထောက်ပံ့ငွေပေးအပ်ခဲ့ သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


တပ်မတော်နှင့် ကချင် လက်နက်ကိုင်အဖွဲ့ (KIA) တို့ တိုက်ပွဲဖြစ်ပွားမှုများနှင့် ဆက်စပ် ပြီးမိုင်းထိဒဏ်ရာရရှိခဲ့သည့် က ချင်ပြည်နယ်ဒေသခံ ပြည်သူများ ကို အစိုးရကစက်တင်ဘာ ၁၅ ရက်တွင် ထောက်ပံ့ငွေပေးအပ်ခဲ့ သည်။

မြစ်ကြီးနားမြို့ ကချင်ပြည် နယ်အစိုးရအဖွဲ့ရုံး၌ ပြုလုပ် သောထောက်ပံ့ငွေပေးအပ်ပွဲသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န် ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဒေါက်တာဝင်းမြတ်အေးနှင့် ပြည် နယ်ဝန်ကြီးချုပ် ဒေါက်တာခက် အောင်တို့တက်ရောက်ပြီး မိုင်း ထိဒဏ်ရာရသူတစ်ဦးလျှင် ကျပ် နှစ်သိန်းနှုန်းထောက်ပံ့ခဲ့သည်။

‘‘ဒီနေ့ပေးတာက မြစ်ကြီး နားနဲ့ဝိုင်းမော်ပေါ့။ မနက်ဖြန် တော့ မိုးကောင်းပေါ့နော်။ ကျန် တဲ့ဟာတွေကတော့ ပြည်နယ်အ စိုးရကိုလွှဲပြီးတော့ဒီကတာဝန်ရှိ သူတွေက တစ်ဆင့်ပြန်ပြီးလှူခိုင်း မှာပေါ့။ မြို့နယ်တိုင်းမှာရှိတဲ့မိုင်း ထိတဲ့လူတွေကို ထောက်ပံ့ပေး တာပါ’’ ဟု ပြည်နယ်အစိုးရတာ ၀န်ရှိသူတစ်ဦးကပြောသည်။ က ချင်ပြည်နယ် တစ်ခုလုံး၏မိုင်းထိ ဒဏ်ရာရသူစာရင်းကို အတိအ ကျမသိရသေးဟု ၎င်းကဆိုသည်။

တပ်မတော်နှင့်ကချင်လက် နက်ကိုင်အဖွဲ့ (KIA)  တိုက် ပွဲများကြောင့် ဒေသခံပြည်သူအ များအပြားထိခိုက်သေဆုံးခြင်း၊ ဒဏ်ရာရရှိခြင်းနှင့်ထွက်ပြေး တိမ်းရှောင်ရခြင်းစသည့် စစ်ဘေး ဒုက္ခများကြုံခဲ့ရသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနအနေဖြင့် မိုင်း အန္တရာယ်ကြောင့် ထိခိုက်ဒဏ်ရာ ရသူများသာမက ကချင်ပြည်နယ်  ရှိ မသန်စွမ်းသူများအတွက် လည်းတစ်ဦးလျှင် ကျပ်သုံး သောင်းနှုန်းထောက်ပံ့ခဲ့ကြောင်း   ပြည်နယ်အစိုးရက သတင်းထုတ် ပြန်သည်။

မြစ်ကြီးနားမြို့၌ ပြုလုပ် သည့် ထောက်ပံ့ငွေပေးအပ်ပွဲ တွင် မိုင်းထိသူ ၂၃ ဦးအားတစ်ဦး လျှင် ကျပ်နှစ်သိန်းနှုန်း၊ ကချင် ပြည်နယ်မြစ်ကြီးနား၊ ၀ိုင်းမော်၊ ရွှေကူ၊ မံစီ၊ မိုးမောက်၊  ဗန်းမော်၊ ပူတာအို၊ ဆွမ်ပရာဘွမ်နှင့် မချမ်း ဘောမြို့နယ်ရှိ မသန်စွမ်းသူ ၃,၈၇၉ ဦးအတွက် တစ်ဦးလျှင် ကျပ်သုံးသောင်းစီ  ထောက်ပံ့ခဲ့ သည်။

=======================
251 / End