၁၆ စက်တင်ဘာ ၂၀၁၈ - ၁၈:၅၉

ကျောက်ဆည် GTI ကျောင်းသားအသတ်ခံရမှုတွင် ကျူးလွန်သူများကို ရုံးထုတ်ရမန် ယူစဉ် ကျောင်းသူ၊ ကျောင်းသား များနှင့် ဒေသခံပြည်သူ ၈၀၀ ကျော်က အမှုမှန်ပေါ်ပေါက်ရေး လာရောက်ဝန်းရံသဖြင့် ရဲတပ်ဖွဲ့အင်အားအများအပြားအသုံးပြုပြီး လုံခြုံရေးဆောင်ရွက်ခဲ့သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


 ကျောက်ဆည် GTI ကျောင်းသားအသတ်ခံရမှုတွင် ကျူးလွန်သူများကို ရုံးထုတ်ရမန် ယူစဉ် ကျောင်းသူ၊ ကျောင်းသား များနှင့် ဒေသခံပြည်သူ ၈၀၀ ကျော်က အမှုမှန်ပေါ်ပေါက်ရေး လာရောက်ဝန်းရံသဖြင့် ရဲတပ်ဖွဲ့အင်အားအများအပြားအသုံးပြုပြီး လုံခြုံရေးဆောင်ရွက်ခဲ့သည်။

လူသတ်မှုကျူးလွန်သူများ ကို ကျောက်ဆည်မြို့နယ်တရား ရုံးတွင် စက်တင်ဘာ ၁၃ ရက်က ချုပ်မိန့်ယူစဉ် ကျောက်ဆည်GTI၊ ကျောက်ဆည်တက္ကသိုလ်၊ ရွှေဘို GTI၊ မြင်းခြံ GTI၊ ရန်ကုန်ရှိ ကျောင်းသားသမဂ္ဂများစသည့် သမဂ္ဂအဖွဲ့အစည်းတို့မှ ကျောင်း သား၊ကျောင်းသူ ၃၀၀ ကျော်က အမှုမှန်ပေါ်ပေါက်ရေး လှုပ်ရှား ခဲ့သည်။ထို့အပြင် ကျောက်ဆည်မြို့ဒေသခံပြည်သူ ၅၀၀ ခန့်ကလည်း တရားရုံးရှေ့သို့လာရောက်ဝန်းရံ ပြီး ရုံးမထုတ်မီနံနက်ကစ၍ တဖြည်းဖြည်းလူဦးရေများပြားလာသည်။

‘‘တရားရုံးပရိဝုဏ်မှာ လူ အင်အားတွေအရမ်းများတဲ့အ တွက်ကြောင့်မို့ လုံခြုံရေးနဲ့ပတ် သက်ပြီးတော့ အချုပ်တရားခံတွေ ကလည်း တစ်နေ့တစ်နေ့အချုပ် ထုတ်လာတဲ့အမှုတွေမှာ များပြား လာတဲ့အတွက် အချုပ်တရားခံ တွေရဲ့ လုံခြုံရေးရော၊ လာတဲ့ ပြည်သူတွေရဲ့ လုံခြုံရေးအတွက် ရော၊ တရားရုံးဝန်ထမ်းတွေရော၊ တခြားပြည်သူတွေရဲ့ လုံခြုံရေး အတွက်ရော စိုးရိမ်စရာတော့ဖြစ် လာပါတယ်’’ ဟု ကျောက်ဆည် မြို့နယ်တရားရုံး သတင်းပြန် ကြားရေးအရာရှိ မြို့နယ်တရား သူကြီး(ယာယီ)ဒေါ်သဲမို့မို့ထွေး က ပြောသည်။

တရားရုံး ၀န်းကျင်တွင် ကျောင်းသားများနှင့် ပြည်သူများ ပြားနေမှုကြောင့် ကျူးလွန်သူများ ကို ရုံးထုတ်ရမန်ယူရန် ရဲတပ်ဖွဲ့ က အခက်တွေ့ခဲ့သည်။ ထို့ ကြောင့် လာရောက်ဝန်းရံသူများ လူစုကွဲချိန် ညနေ  ၃ နာရီခန့် မှသာ ကျူးလွန်သူများကို လူရှင်းသည့်တရားရုံးအရှေ့ဘက်ပေါက်မှ ရုံးထုတ်ခဲ့သည်။

ကျူးလွန်သူများကို အချုပ် ကားဖြင့်ရုံးမထုတ်ဘဲ အိမ်စီးကား ဖြင့် ခေါ်ဆောင်ခြင်းကိုလည်း ကျောင်းသားများနှင့်ပြည်သူများ က မေးခွန်းထုတ်ခဲ့သည်။

‘‘အပြစ်သားတစ်ယောက် က ဇိမ်ခံကားနဲ့လာတယ်ဆိုတာ ဘယ်ရာဇ၀င်၊ ဘယ်မှာမှမမြင်ဖူး ဘူး။ လုပ်တဲ့ကိစ္စ၊ ဖြစ်သင့်တဲ့ကိစ္စ မဟုတ်ဘူး၊ ကျွန်တော်ပြေးသွား တဲ့အချိန်မှာ နောက်ကတစ် ယောက်က လက်ထိတ်ကြီးနဲ့ပြုံး သွားတယ်။ ကျွန်တော်ဘယ်လိုမှ စဉ်းစားလို့မရဘူး။ ကျွန်တော်တို့ တင်မဟုတ်ဘူး။ ပြည်သူလူထုက ပါ မကျေနပ်ဘူး’’ ဟု ကျောက်ဆည် GTI တက္ကသိုလ်ကျောင်းသားသမဂ္ဂဥက္ကဋ္ဌ ကိုငြိမ်းသက်အောင်က ပြောသည်။

ထိုသို့ပြောဆိုမှုများနှင့်ပတ် သက်၍ လုံခြုံရေးအတွက်ဆောင်ရွက်ခြင်းဖြစ်ကြောင်း ကျောက် ဆည်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ၀င်းသိန်းက တုံ့ပြန်ပြောကြား သည်။

ကျောက်ဆည် GTI တက္က သိုလ် ကျောင်းသားနှစ်ဦးသည် ဩဂုတ် ၂၉ ရက်ညက ဆိုင်ကယ်ဖြင့်အပြင်ထွက်စဉ် အမျိုးသားသုံးဦးလိုက်ပါသည့် ဆိုင်ကယ်လိုက် လာပြီး ဖုန်းလုရာမှတစ်ဆင့် ၀ိုင်း ထိုးကြိတ်ခံရကာ ကျောင်းသား တစ်ဦးသည် ဓားဒဏ်ရာဖြင့်သေ ဆုံးခဲ့သည်။

ကျူးလွန်သူအမျိုးသားသုံး ဦးကို လူသတ်မှု၊ လုယက်မှု၊ ပူး ပေါင်းပါဝင်မှုပုဒ်မသုံးခုဖြင့် အမှု ဖွင့်ထားပြီး နောက်တစ်ကြိမ်ရုံး ချိန်းကို စက်တင်ဘာ ၂၇ ရက်သို့ ပြန်လည်ချိန်းဆိုထားသည်။

=======================
251 / End