အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
တအာင်းလက်နက်ကိုင် အဖွဲ့ (TNLA) က ဖမ်းဆီးထား သည်မှာ တစ်လရှိပြီဖြစ်သော နမ့် ခမ်းမြို့သူ နမ်းမိုဟွမ်ကို အမြန်ဆုံးပြန်လွှတ်ပေးရန် နမ့်ခမ်းမြို့၌ ယမန်နေ့က ဒေသခံထောင်ချီ ပါဝင်၍ ဆန္ဒထုတ်ဖော်ခဲ့သည်။
ဆန္ဒထုတ်ဖော်သူများက နန်းမိုဟွမ်ကို အမြန်ဆုံးလွှတ်ပေးရန် တောင်းဆိုသည့်အပြင် လက်နက် ကိုင်အဖွဲ့အစည်းများက ပြည်သူ လူထုထံ ဆက်ကြေးကောက်ခံ ခြင်း ချက်ချင်းရပ်တန့်ပေးရန်နှင့် အပြစ်မဲ့ပြည်သူလူထုကို အကြမ်းဖက်တိုက်ခိုက်အနိုင်ကျင့်မှုများ ချက်ချင်းရပ်တန့်ပေးရန် တောင်း ဆိုသည်။
‘‘ကျွန်တော်တို့က အခုလို ဆန္ဒပြတယ်ဆိုတာ TNLA ကိုပဲ မဟုတ်ဘဲနဲ့ ဘယ်လက်နက်ကိုင် မဆို ဒါကိုလည်း သိစေချင်တယ်။ TNLA တင်မဟုတ်ဘူး။ တခြား လက်နက်ကိုင်တွေလည်း အပြစ် မဲ့ပြည်သူကို မတရားဖမ်းဆီးသွား တာ မဖြစ်စေချင်ဘူး’’ဟု ဆန္ဒပြပွဲ ဦးဆောင်သူ စိုင်းသိန်းရွှေက ပြောသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသများတွင် တပ်မတော်စစ် ကြောင်းများအပြင် TNLA၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS)၊ ကချင်လက်နက်ကိုင်အဖွဲ့ (KIA) စသည့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ လှုပ်ရှားနေပြီး တပ်မတော်နှင့်လက်နက်ကိုင်အဖွဲ့များအကြား သော်လည်းကောင်း၊ လက်နက်ကိုင် အချင်းချင်းအကြားသော် လည်းကောင်း တိုက်ပွဲများ ဖြစ် ပွားနေသည်။
စက်တင်ဘာ ၁၇ ရက်ကဆန္ဒထုတ်ဖော်ပွဲတွင် နန်းမိုဟွမ်၏ မိသားစုဝင်များလည်း ပါဝင် သည်။ နန်းမိုဟွမ်မိသားစုသည် စက်တင်ဘာ ၄ ရက်ကလည်း နန်းမိုဟွမ်လွတ်မြောက်ရေး တောင်းဆိုဆန္ဒထုတ်ဖော်ခဲ့သည်။ ထိုစဉ်ကလည်း မြို့ခံတစ်ထောင်ခန့် ပူးပေါင်းဝန်းရံခဲ့သည်။
နန်းမိုဟွမ် လွတ်မြောက်ရေး နမ့်ခမ်းမြို့၌ ဒုတိယအကြိမ် ပြုလုပ်သော ယခုဆန္ဒထုတ်ဖော်ပွဲသို့ နမ့်ခမ်းမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအားလုံးအပြင် မူဆယ် နှင့် မံစီမြို့နယ်အတွင်းရှိ ရှမ်းတိုင်းရင်းသား စုစုပေါင်းလူဦးရေ တစ်သောင်းခန့် ပူးပေါင်းဝင်ခဲ့သည်ဟုနန်းမိုဟွမ် လွတ်မြောက်ရေးကူညီ ရန် ယာယီဖွဲ့စည်းထားသည့် ကော်မတီ ပြောရေးဆိုခွင့်ရှိသူ လည်းဖြစ်သည့် စိုင်းသိန်းရွှေက ဆိုသည်။
နန်းမိုဟွမ်ကို TNLA အဖွဲ့ က ဩဂုတ် ၁၇ ရက်တွင် ဖမ်းဆီး သွားခြင်းဖြစ်သည်။ နန်းမိုဟွမ် သည် TNLA အကောက်ခွန်ဝန် ထမ်းများ တာဝန်ထမ်းဆောင်စဉ် အပြင်းအထန် ထိခိုက်သေဆုံး သည်အထိ တာဝန်ဝတ္တရားနှောင့် ယှက်သောကြောင့် ဖမ်းဆီးခြင်း ဖြစ်သည်ဟု TNLA က ထုတ်ပြန် ထားသည်။
နန်းမိုဟွမ်ကို ဖမ်းဆီးချိန်မှ တစ်လပြည့်သည်အထိ ဆက် သွယ်ခြင်းမရှိ၍ မိသားစုဝင်များက စိုးရိမ်နေသည်။ ‘‘ဖမ်းထားတာ တစ်လတောင် ရှိသွားပြီဆိုတော့ သေလား၊ ရှင်လားဆိုတာ ကျွန်မတို့မသိရဘူး။ သိလို့ရှိရင်လည်းကျွန်မတို့ကိုလည်းပြောပါဦးနော်’’ဟု နန်းမိုဟွမ်၏ အစ်မနန်းမိုခမ်း က ပြောသည်။
နန်းမိုဟွမ်ကို အချိန်ကြာ မြင့်စွာ ထိန်းသိမ်းထားမည်ဆိုပါ က TNLA အဖွဲ့အတွက် ဂုဏ် သိက္ခာကျဆင်းစေသည့်အပြင် ဖမ်းဆီးခံရသူနှင့် ၎င်း၏ မိသားစု ဝင်များအတွက် နစ်နာမှုရှိကြောင်းစိုင်းသိန်းရွှေက ဆိုသည်။
နန်းမိုဟွမ်ကို အမြန်ဆုံး ပြန်လွှတ်ပေးရန်နှင့် ပြည်သူလူထု ၏ အသက်အိုးအိမ်စည်းစိမ်ကို ထိပါးပြီး တရားဥပဒေစိုးမိုးရေး ထိခိုက်စေသည့် မည်သည့်လုပ် ရပ်ကိုမဆို ပြင်းထန်စွာ ရှုတ်ချ ကြောင်း အစိုးရက စက်တင်ဘာ၁၀ ရက်တွင် ထုတ်ပြန်ထားသည်။
=======================
251 / End
TNLA ဖမ်းထားသော နန်းမိုဟွမ်ကို အမြန်ဆုံးလွှတ်ပေးရေး နမ့်ခမ်းမြို့ခံထောင်ချီဆန္ဒထုတ်ဖော် လက်နက်ကိုင်အဖွဲ့များ လူထုကို အနိုင်ကျင့်ြ
၁၇ စက်တင်ဘာ ၂၀၁၈ - ၁၇:၂၁
News ID: 909584
တအာင်းလက်နက်ကိုင် အဖွဲ့ (TNLA) က ဖမ်းဆီးထား သည်မှာ တစ်လရှိပြီဖြစ်သော နမ့် ခမ်းမြို့သူ နမ်းမိုဟွမ်ကို အမြန်ဆုံးပြန်လွှတ်ပေးရန် နမ့်ခမ်းမြို့၌ ယမန်နေ့က ဒေသခံထောင်ချီ ပါဝင်၍ ဆန္ဒထုတ်ဖော်ခဲ့သည်။