အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ကချင်တိုင်းရင်းသား မျိုးနွယ်ဆိုင်ရာ အမည်သတ်မှတ် ချက်မှားယွင်းမှုနှင့် ကချင်မျိုးနွယ် အရေအတွက်များကွဲလွဲနေမှုကို ကချင်တိုင်းရင်းသားလူမျိုးများအ ကြား ဆွေးနွေးပြီး ပြန်လည်အ တည်ပြု သတ်မှတ်နိုင်ရန် နိုင်ငံ တော် သမ္မတနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံထံသို့ ကချင်တိုင်းရင်းသားမျိုးနွယ်စုခေါင်းဆောင်များက စုပေါင်းတင်ပြအကူအညီ တောင်းခံထားသည်။
ထို့အပြင် ကချင်တိုင်းရင်း သားမျိုးနွယ် ခြောက်ခုမှ ရိုးရာစာ ပေနှင့် ယဉ်ကျေးမှုဗဟိုကော်မတီ ဥက္ကဋ္ဌများ အတွင်းရေးမှူးများ ပါဝင်သည့် အဖွဲ့သည် စက်တင် ဘာဒုတိယအပတ်တွင် နေပြည် တော်သို့ သွားရောက်ကာ ပြည် ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်၊ ပြည်ထောင်စုရွေး ကောက်ပွဲ ကော်မရှင်၊ အလုပ် သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအပါအ၀င် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လွှတ်တော်ကော်မတီနှင့် ကော်မရှင်အဖွဲ့များထံ ဆွေးနွေးတင်ပြခဲ့သည်။
နေပြည်တော်ခရီးစဉ်အပြန် တွင် ခရီးစဉ်နှင့် ပတ်သက်သည့် ရှင်းလင်းပွဲကို စက်တင်ဘာ ၁၈ ရက်က မြစ်ကြီးနားမြို့ရှိ မနော ကွင်း၌ ပြုလုပ်ခဲ့သည်။
ခေတ်အဆက်ဆက်အစိုးရ များက ကချင်တိုင်းရင်းသားလူမျိုး နှင့်ပတ်သက်ပြီး သတ်မှတ်ချက် များဆောင်ရွက်ရာတွင် ၁၉၅၅ ခုနှစ် နိုင်ငံတော်သမ္မတအထူးအ မိန့်ပြန်တမ်းစာစောင်၌ ဂျင်းဖော၊ အဇီး၊ လရှီ၊ မရူ၊ ယောရင် (လိ ဆော)၊ နုံ (နုံ-ရ၀မ်)ဟူ၍ လူမျိုး ခြောက်မျိုးဖော်ပြပြီး ၁၉၈၃ သန်း ခေါင်စာရင်းအရ ကချင်လူမျိုးစု တွင် လူမျိုး ၁၂ မျိုးဖော်ပြထား ကြောင်း၊ ၂၀၀၃ တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ ခန့်မှန်းလူဦးရေစာအုပ်တွင်မူ ကချင်လူမျိုး ကိုးမျိုးရှိသည်ဟူ၍ ဖော်ပြထားရာ လူမျိုးအရေအတွက် သတ်မှတ်ချက်ကွဲလွဲမှုများရှိနေကြောင်း ပြည်ထောင်စုအဆင့် တာဝန်ရှိသူများထံ တင်ပြခဲ့သည်ဟု ရှင်းလင်းသည်။
ထို့အပြင် ၂၀၀၃ သတ်မှတ် ချက်တွင် ကချင်နှင့် ဂျိန်ဖော့ကို ပေါင်းပြီး ဂျိန်ဖော့ဟုဖော်ပြခဲ့ရာ ၂၀၁၀ ရွေးကောက်ပွဲတွင် ပြည် ထောင်စုရွေးကောက်ပွဲ ကော်မ ရှင်က ကချင်ဆိုသည်မှာ ဂျိန်ဖော့များဖြစ်သည်ဟု သုံးသပ်ခဲ့ခြင်းက ကချင်လူမျိုးများကို ထိခိုက်စေသည်ဟု နေပြည်တော်ခရီးစဉ်တွင် ပါဝင်သည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါ်ဒွဲဘူက ရှင်းပြသည်။
‘‘လ၀ကတွေပဲ ညွှန်ကြား တာလား UEC (ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်)က အယူအ ဆလွဲတာလား အဲဒါတွေပြန်လည် သုံးသပ်ဖို့ သွားပြောတာ။ အဲဒီ့ ကချင်ဆိုတာ ဂျိန်ဖော့ပဲဆိုတဲ့ သတ်မှတ်ချက်ကို ပယ်ဖျက်ပေးဖို့ ပေါ့’’ဟု ၎င်းက ဆိုသည်။
၂၀၀၃ ခုနှစ် လ၀က၏ ခန့် မှန်းလူဦးရေစာရင်းတွင် ကချင် သည် ဂျိန်ဖော့မျိုးနွယ်တစ်ခုသာ ဖြစ်ပြီး အခြားမျိုးနွယ်များ မပါဝင်ခြင်းကြောင့် ဂျိန်ဖော့မျိုးနွယ်မှလွဲ၍ ကျန်မျိုးနွယ်စုများအား ၂၀၀၈ ဖွဲ့စည်းပုံအရ တိုင်းရင်း သားရေးရာဝန်ကြီး ပေးအပ်ခြင်း အားဖြင့် ၎င်းမျိုးနွယ်များမှာ ပြည် နယ်မဲ့သော (သို့မဟုတ်) ကိုယ်ပိုင် အုပ်ချုပ်ခွင့်ဒေသမရှိသော လူမျိုး များကဲ့သို့ ဖြစ်ပေါ်နေခြင်းကို သက်ဆိုင်ရာတာဝန်ရှိ ပုဂ္ဂိုလ်များထံ တင်ပြခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။‘‘ကချင်ဆိုတာ ကချင်မျိုး နွယ်မှာပါတဲ့ လူအားလုံးကို စု ပေါင်းပြီး ခေါ်ထားတယ်။ ကချင် မျိုးနွယ် ဘယ်နှခုရှိတယ်ဆိုတာ ကိုတော့ ကျွန်မတို့ပဲ ပြန်သုံးသပ် သွားမယ်။ မျိုးနွယ်တွေအားလုံး က ကချင်ပဲဖြစ်တဲ့အတွက် ခြောက်မျိုးလား၊ ၁၂ မျိုးလား၊ ကိုးမျိုး လား၊ ခုနစ်မျိုးလားဆိုတာ ကျွန်မ တို့ဟာ ကျွန်မတို့သတ်မှတ်မယ်။ အခေါ်အဝေါ်တွေလည်း ကျွန်မတို့ကချင်ထဲမှာ ပြန်ပြင်သွားမယ်။ အရေးကြီးတာကတော့ ကချင်ဆို တာ ဂျိန်ဖော့တစ်ခုတည်းမဟုတ် ဘူးဆိုတဲ့ အမှားကို သွားရောက် ထောက်ပြပြောဆိုခြင်း ဖြစ်တယ်။မှားတာကို မိမိလူမျိုးတွေအနေနဲ့ မထောက်ပြရင် အစိုးရမသိနိုင် ဘူး’’ဟု ဒေါ်ဒွဲဘူက ပြောသည်။
ကွဲလွဲနေသည့်၊ မှားယွင်းနေ သည့် ကချင်မျိုးနွယ်ဆိုင်ရာအ မည်သတ်မှတ်ချက်နှင့် အရေအ တွက်သတ်မှတ်ချက်တို့နှင့် ပတ် သက်ပြီး ကချင်လူမျိုးများအကြား ဆွေးနွေးညှိနှိုင်းသဘောထားရယူ ရန် စီစဉ်ထားသည်။
ထိုသို့ဆောင်ရွက်ရာတွင် သက်ဆိုင်ရာမျိုးနွယ်တစ်ခုချင်းစီ အလိုက်သော်လည်းကောင်း၊ မျိုး နွယ်များအားလုံးစုပေါင်း၍သော် လည်းကောင်း ပြုလုပ်ရန်ရှိပြီး ရလဒ်ကို အစိုးရထံပေးပို့မည်ဟု ဒေါ်ဒွဲဘူက ပြောသည်။
=======================
251 / End
ကချင်မျိုးနွယ်အမည်သတ်မှတ်ချက် မှားယွင်းမှုနှင့် မျိုးနွယ်အရေအတွက် ကွဲလွဲမှု ပြန်လည်ပြင်ဆင်နိုင်ရေး သမ္မတနှင့် အတိုင်ပင်ခံထံတင်ပြ
၁၉ စက်တင်ဘာ ၂၀၁၈ - ၁၂:၅၁
News ID: 909752
ကချင်တိုင်းရင်းသား မျိုးနွယ်ဆိုင်ရာ အမည်သတ်မှတ် ချက်မှားယွင်းမှုနှင့် ကချင်မျိုးနွယ် အရေအတွက်များကွဲလွဲနေမှုကို ကချင်တိုင်းရင်းသားလူမျိုးများအ ကြား ဆွေးနွေးပြီး ပြန်လည်အ တည်ပြု သတ်မှတ်နိုင်ရန် နိုင်ငံ တော် သမ္မတနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံထံသို့ ကချင်တိုင်းရင်းသားမျိုးနွယ်စုခေါင်းဆောင်များက စုပေါင်းတင်ပြအကူအညီ တောင်းခံထားသည်။