အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
မြန်မာ-တရုတ်စီးပွား ရေး စင်္ကြံလမ်း အကောင်အထည် ဖော်ရာတွင် စီးပွားရေးအရ လွှမ်း မိုးမှုကြောင့် နစ်နာမှုများရှိနိုင် သည်ကို သတိထားဆောင်ရွက် ရန် မေခဆောင်ဖောင်ဒေးရှင်း နာယကအချို့က ပြောသည်။
ကမ္ဘာ့စီးပွားရေး ဒုတိယအင် အားအကြီးဆုံးနိုင်ငံတစ်နိုင်ငံဖြစ် ပြီး စီးပွားရေး လုပ်ငန်းများနှင့် ပတ်သက်၍ နိုင်ငံအများစု၏ သံ သယရှိနေသော တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ရာတွင် မြန်မာနိုင်ငံ အနေဖြင့် နစ်နာမှုမရှိ စေရန် သတိထားရမည်ဟု ဆို သည်။
‘‘ကိုယ့်အတွက် အခွင့်အ လမ်းရအောင် ဉာဏ်ကြီးကြီးနဲ့ စဉ်းစားလုပ်ကိုင်မှ အဆင်ပြေ မယ်’’ ဟု စီးပွားရေးတက္ကသိုလ်မှ ဖွဲ့စည်းထားသော မေခဆောင် ဖောင်ဒေးရှင်း နာယက ဒေါက် တာမြင့်ဆန်းက ပြောသည်။
တရုတ်-မြန်မာ စင်္ကြံလမ်း နှင့်ပတ်သက်၍ အခွင့်အရေးနှင့် စိန်ခေါ်မှုများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန် ရန်ကုန်စီးပွားရေး တက္ကသိုလ်၏ မေခဆောင်ဖောင် ဒေးရှင်းက ဦးဆောင်သည့် စီးပွား ရေးဖိုရမ်ကို မူဆယ်မြို့တွင် စက်တင်ဘာ ၂၂ ရက်က ပြုလုပ် ခဲ့သည်။
မြန်မာ့စီးပွားရေးအပေါ်တရုတ်နိုင်ငံ၏ ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်ခု (OBOR)အကျိုးသက်ရောက်မှု ခေါင်းစဉ် ဖြင့် စီးပွားရေးဖိုရမ်ကို တရုတ်- မြန်မာပူးပေါင်းကူညီဆက်ဆံရေး ဗဟိုအသင်းနှင့် မူဆယ်နန့်ခမ်း နယ်စပ်ကုန်သွယ်ရေးအသင်းတို့ ပူးပေါင်း ဆောင်ရွက်ခြင်းဖြစ် သည်။
မြန်မာ-တရုတ် စင်္ကြံလမ်း နှင့်ပတ်သက်၍ နယ်စပ်စီးပွားရေး ဇုန်များ ပါဝင်နေခြင်းက မြန်မာ နိုင်ငံအတွက် အခွင့်အလမ်းတစ်ခု ဖြစ်သည်ဟု ဒေါက်တာမြင့်ဆန်း က ပြောသည်။
တရုတ်အစိုးရ၏ ရပ်ဝန်း တစ်ခု၊ လမ်းကြောင်းတစ်ခု ရည်ရွယ်ချက်ကိုလည်း တက်ဟုန်းပြည်နယ်ခွဲ တရုတ်-မြန်မာ ရေးရာသုတေသနဌာန ဒုတိယဌာနမှူး Mr.Duan Xiao Dong ကဆွေးနွေးသည်။
စင်္ကြံလမ်းနှင့်ပတ်သက်ပြီး နှစ်နိုင်ငံကုန်သွယ်ရေးတွင် အခွင့် အလမ်းနှင့်စိန်ခေါ်မှုကို မြန်မာ နိုင်ငံကုန်သည်စက်မှုအသင်းချုပ် အကြံပေး ဦးမြင့်အောင်ကရှင်းပြခဲ့ သည်။
‘‘သတင်း အချက်အလက် တွေကို မှန်မှန်ကန်ကန်ချပြဖို့ ဒီဖို ရမ်ကို ကျင်းပတာဖြစ်တယ်’’ ဟု မေခဆောင်ဖောင်ဒေးရှင်းနာယ က ဦးဇော်သန်းက ရည်ရွယ်ချက် ကို ပြောပြသည်။
=======================
251 / End
၂၃ စက်တင်ဘာ ၂၀၁၈ - ၁၁:၅၅
News ID: 910195
မြန်မာ-တရုတ်စီးပွား ရေး စင်္ကြံလမ်း အကောင်အထည် ဖော်ရာတွင် စီးပွားရေးအရ လွှမ်း မိုးမှုကြောင့် နစ်နာမှုများရှိနိုင် သည်ကို သတိထားဆောင်ရွက် ရန် မေခဆောင်ဖောင်ဒေးရှင်း နာယကအချို့က ပြောသည်။