အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
နိုင်ငံတစ်နိုင်ငံ၏ အ ချုပ်အခြာအာဏာကို မည်သည့် နိုင်ငံ၊ အဖွဲ့အစည်းကမျှဝင် ရောက်စွက်ဖက်ဆုံးဖြတ်နိုင်ခွင့်မ ရှိကြောင်း တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်ကပြောကြားသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် လားရှိုးတပ်နယ်ရှိ အရာရှိ၊ စစ်သည်မိသားစုများနှင့် စက်တင်ဘာ ၂၃ ရက်တွင်တွေ့ဆုံ စဉ်ယင်းသို့ထည့်သွင်းပြောကြား ခြင်းဖြစ်သည်။
မြန်မာနိုင်ငံသည်ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်သည် နှင့်အညီ ကုလသမဂ္ဂသဘောတူ ညီချက်များမှ နိုင်ငံ၏ ပကတိအ ခြေအနေနှင့် ကိုက်ညီသည့်သ ဘောတူညီချက်များကို လိုက်နာ နေကြောင်းနှင့် ပြည်တွင်းရေးကို ၀င်ရောက်စွက်ဖက်ပြောကြားမှု များသည် တစ်ဦးနှင့်တစ်ဦး၊ တစ် ဖွဲ့နှင့်တစ်ဖွဲ့အမြင်လွဲမှားမှုကိုဖြစ် စေကြောင်း ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်ကပြောကြားသည်ဟု တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်၏ ၀က်ဘ်ဆိုက်တွင်ဖော်ပြ သည်။
ထို့အပြင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များ သည် နိုင်ငံသားတစ်ဦးချင်းစီ၏ အခွင့်အရေးများ၊ တိုင်းရင်းသား အားလုံး၏ မူလရပိုင်ခွင့်များအပေါ်ခွဲခြားမှုမရှိ၊ တန်းတူညီမျှစွာ အာမခံချက်ပေးထားသည်ကို တွေ့ရမည်ဖြစ်ကြောင်း တပ်မ တော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။
‘‘မိမိတို့နိုင်ငံ၏ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေသည် နိုင်ငံတော်၏ အဆင့်ဆင့်သောအ ဖွဲ့အစည်းများဖွဲ့စည်းမှု၊ အုပ်ချုပ် ရေး၊ တရားစီရင်ရေး၊ ဥပဒေပြဋ္ဌာန်းရေး၊ နိုင်ငံသားတစ်ဦးချင်း စီ၏ အခွင့်အရေးများစသဖြင့် အချက်အလက်ပြည့်ပြည်စုံစုံကို စာဖြင့်ရေးသားဖော်ပြထားသည့် အာမခံချက်ပင် ဖြစ်ကြောင်း’’ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကပြောကြားသည်ဟု တပ်ချုပ်၏ ၀က်ဘ်ဆိုက်၌ ထုတ်ပြန်ဖော်ပြ သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ သည် Mother Law (ပင်မဥပဒေ) ဖြစ်ပြီးနိုင်ငံအတွင်းရှိ အလွှာ ပေါင်းစုံ၊ အဖွဲ့အစည်းပေါင်းစုံ၊ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသား ကိုယ်စားလှယ်များက အကျေအလည် ဆွေးနွေးညှိနှိုင်းကာမည် သည့်ခြိမ်းခြောက်မှု၊ ဖိအားပေးမှု များမပါရှိဘဲ တစ်နိုင်ငံလုံး၏ အကျိုးစီးပွားအတွက် ပကတိအ ခြေအနေများနှင့်ကိုက်ညီအောင် ဆွေးနွေးညှိနှိုင်းရေးဆွဲခြင်းဖြစ် ကြောင်း တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ကပြောကြားသည် ဟုဆိုသည်။
သို့ရာတွင် ၂၀၀၈ ဖွဲ့စည်း ပုံအခြေခံဥပဒေကို တပ်မတော် က နိုင်ငံရေးထွက်ပေါက်အဖြစ် ဦးဆောင်ရေးဆွဲခြင်းဖြစ်ပြီး ဒီမို ကရက်တစ်အင်အားစုများ၊ တိုင်း ရင်းသားများက ၎င်းတို့မပါဝင်ဘဲ ရေးဆွဲထားသည်ဟု စဉ်းစားထား ခြင်းဖြစ်ကြောင်း တိုင်းရင်းသား အရေးလေ့လာသူဦးမောင်မောင် စိုးကမှတ်ချက်ပြုသည်။
‘‘တပ်က မြင်တာနဲ့အင်န် အယ်လ်ဒီအပါအ၀င် ဒီမိုကရက်တစ် အင်အားစုတွေမြင်တာရော၊တိုင်း ရင်းသားတွေမြင်တာရောကမတူဘူးဆိုတာက လက်ခံရလိမ့်မယ်။ ဒါကတော့ဒီနေ့ကာလမှာ အဲဒီမတူတဲ့အမြင်တွေကိုဘယ်လိုညှိ နှိုင်းပြီးတော့ အခြေခံဥပဒေကို၊ ဒီအကျပ်အတည်းကို ဖောက် ထွက်မလဲဆိုတာ အားလုံးစဉ်းစား ဖို့လိုအပ်တယ်လို့ကျွန်တော်ပြော ချင်ပါတယ်’’ ဟု ၎င်းကဆိုသည်။
တပ်မတော်၏ အဓိကတာ ၀န်သည် နိုင်ငံတော်၏လွတ်လပ် ရေးနှင့် အချုပ်အခြာအာဏာပိုင်မှု အခွင့်အရေးများကို ကာကွယ် စောင့်ရှောက်ရန်ဖြစ်ကြောင်းနှင့် နိုင်ငံ၏ အကျိုးစီးပွား၊ တိုင်းရင်း သားများ၏ အကျိုးစီးပွားများကို အကာအကွယ်ပေးခြင်းသည် တ ရားသောစစ်ကို ဆင်နွှဲခြင်းပင်ဖြစ် ကြောင်း တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်က လားရှိုးတပ်နယ် တွေ့ဆုံပွဲ၌ ပြောကြားသည်။
ရခိုင်ပြည်နယ်ဘူးသီး တောင်၊ မောင်တောဒေသဖြစ်စဉ် များနှင့် ပတ်သက်၍ မဖြစ်နိုင် သည့်တောင်းဆိုမှုများကို လက်ခံ ၍ မရဘဲ၁၉၈၂ခုနှစ်နိုင်ငံသားဖြစ် မှုဥပေဒေနှင့် အညီသာဆောင် ရွက်ရမည်ဖြစ်ကြောင်း၊ ယင်းဥပ ဒေ သည် ဘင်္ဂါလီများအတွက်သာ ပြဋ္ဌာန်းထားခြင်းမဟုတ်ဘဲမြန်မာ နိုင်ငံတွင် နေထိုင်သူအားလုံးအ တွက်ပြဋ္ဌာန်းထားသော ဥပဒေ ဖြစ်၍ မည်သူမဆိုဥပဒေနှင့် အ ညီ စိစစ်လက်ခံမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆက်လက်ပြောကြားသည်ဟု ဖော်ပြထားသည်။
=======================
251 / End
၂၅ စက်တင်ဘာ ၂၀၁၈ - ၁၀:၄၃
News ID: 910481
နိုင်ငံတစ်နိုင်ငံ၏ အ ချုပ်အခြာအာဏာကို မည်သည့် နိုင်ငံ၊ အဖွဲ့အစည်းကမျှဝင် ရောက်စွက်ဖက်ဆုံးဖြတ်နိုင်ခွင့်မ ရှိကြောင်း တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်ကပြောကြားသည်။