အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
လွှတ်တော်ကိုယ်စား လှယ်များ အာဏာယစ်မူးပြီး အဂတိလိုက်စားပါက အဂတိလိုက်စားမှုကော်မတီရှင် သို့ ပါတီက တိုင်ကြားမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီတည်ထောင်ခြင်း နှစ် (၃၀) ပြည့်ကာလအကြို၌ 7Day Daily သတင်းစာ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားရာတွင် ဒေါက်တာ မျိုးညွန့်က ထည့်သွင်းပြောကြားခြင်း ဖြစ်သည်။
‘‘ချမ်းသာမှုဒဏ်မခံနိုင်ဘူး၊ အာဏာယစ်မူးသွားတယ်။ အဲဒီ လိုလူမျိုးတွေကို ကျွန်တော်တို့ အဓိကဂရုစိုက်ပြီး ကြည့်နေပါ တယ်။ အထူးသဖြင့် ကျွန်တော်တို့ ကို အဂတိလိုက်စားမှုနဲ့ ပတ်သက် ပြီး လုံးဝသည်းမခံကြဖို့ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ညွှန် ကြားထားပါတယ်’’ဟု ၎င်းက ပြောသည်။
ဒီချုပ်ပါတီအနေဖြင့် ယခင် က ဆင်းရဲဒုက္ခနှင့် အစမ်းသပ်ခံ လာရသကဲ့သို့ ယခုအခါ အခွင့်အာဏာဖြင့် အစမ်းသပ်ခံရမည်ဖြစ်သောကြောင့် အောင်အောင်မြင်မြင်ကျော်ဖြတ်နိုင်ရန် လိုအပ်ကြောင်း ၎င်းက ဆိုသည်။
‘‘အဂတိလိုက်စားမှုနဲ့ ပတ် သက်ပြီး သံသယဖြစ်စရာတွေ့ရင် တောင် ကျွန်တော်တို့က အရေး ယူပါတယ်။ ပိုပြီးတော့ လေးလေး နက်နက်လုပ်ဖို့လိုရင်တော့ အဂတိ(ကော်မရှင်)ကို လွှဲအပ်ပါတယ်’’ဟုဒေါက်တာမျိုးညွန့်က ပြောသည်။
ပါတီဝင်များအနေဖြင့် ချမ်း သာမှုဒဏ်မခံနိုင်မှုကြောင့် မိမိ၏ ကိုယ်ကျိုးစီးပွားအတွက်ဆောင်ရွက်ပြီး မိမိကို အခွင့်အာဏာပေးအပ်သည့် ပြည်သူလူထုအပေါ် ပြန်လည်အကျိုးမပြုခြင်းများဖြစ်လာနိုင်သောကြောင့် ပါတီကလေးလေးနက်နက် စောင့်ကြည့်နေသည်ဟု ဆိုသည်။
‘‘ပါတီဝင်တွေ အာဏာနဲ့ကြုံ တဲ့အခါ ချမ်းသာမှုဒဏ်ဘယ် လောက်ခံနိုင်မလဲဆိုတာကို စမ်း သပ်ခံရဦးမှာပါ။ အခုကိုယ်စား လှယ် တော်တော်များများဟာ ပါတီက ချမှတ်တဲ့စည်းကမ်းတွေ အတိုင်း စိတ်ပါလက်ပါလိုက်နာ ကြတာများပါတယ်။ ဒီလမ်းစဉ်အတိုင်း အောင်အောင်မြင်မြင်ဆောင်ရွက်နိုင်မယ်လို့လည်း ယုံကြည်ပါတယ်’’ဟု ၎င်းက ပြောသည်။
လက်ရှိတွင် ဒီချုပ် လွှတ်တော်ကိုယ်စားလှယ် နှစ်ဦး အဂတိလိုက်စားသည်ဟု သံသယ ရှိ၍ အရေးယူဆောင်ရွက်ခဲ့သည်။ အဆိုပါအကြောင်းအရာနှင့် ပတ်သက်ပြီး ပါတီစည်းမျဉ်းစည်းကမ်းအရ ဆောင်ရွက်ရခြင်းဖြစ်သော ကြောင့် ဖော်ထုတ်ပြောဆို၍မရ ကြောင်း ဒေါက်တာ မျိုးညွန့်က ပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ပါတီတည်ထောင်ခြင်း နှစ် (၃၀) ပြည့်အခမ်းအနားကို စက်တင်ဘာ ၂၇ ရက်က ဗဟန်းမြို့နယ် ရွှေဂုံတိုင်ရှိ ပါတီဗဟိုရုံးချုပ်တွင် ပြုလုပ်မည် ဖြစ်သည်။
=======================
251 / End
၂၅ စက်တင်ဘာ ၂၀၁၈ - ၁၁:၁၉
News ID: 910491
လွှတ်တော်ကိုယ်စား လှယ်များ အာဏာယစ်မူးပြီး အဂတိလိုက်စားပါက အဂတိလိုက်စားမှုကော်မတီရှင် သို့ ပါတီက တိုင်ကြားမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောသည်။