အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အဂတိလိုက်စား ကြောင်းစွပ်စွဲခံရသည့် တိုင်းဥပ ဒေချုပ်ဟောင်းအပါအ၀င် အရာ ရှိခြောက်ဦးအမှုကို တတိယ မြောက်ရုံးချိန်းအဖြစ် ယမန်နေ့က ရန်ကုန်တိုင်းတရားလွှတ်တော်၌ ရုံးထုတ်ရာတွင် တရားလိုကော် မရှင်ဘက်မှ တင်သွင်းသည့် ရဲထံ ပထမသတင်းပေးတိုင်ကြားချက် ကို သက်သေအဖြစ် လက်ခံသင့်၊ မသင့် နှစ်ဖက်ရှေ့နေများက လျှောက်လဲချက်ပေးခဲ့သည်။
ယခင်တစ်ပတ် အောက်တို ဘာ ၄ ရက်ရုံးချိန်းတွင် တရားလို အဂတိတိုက်ဖျက်ရေးကော်မရှင် ဘက်မှ ပထမဆုံးတင်သွင်းသော ရဲစခန်းသို့တိုင်ကြားစာသက်သေ သည် ရာဇ၀တ်ကျင့်ထုံးဥပဒေပုဒ် မများနှင့် မညီညွတ်၍ဆိုကာ လက်မခံသင့်ကြောင်း စွပ်စွဲခံရ သူများဘက်မှ ရှေ့နေများက လျှောက်ထားခဲ့သည်။ ထိုအချက် အပေါ်ကော်မရှင်ဘက်မှ ဥပဒေ အရာရှိက အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သည်အထူးဥပဒေဖြစ်၍ ယေဘုယျဥပ ဒေဖြစ်သော ရာဇ၀တ်ကျင့်ထုံးဥပ ဒေကို လွှမ်းမိုးလျက်ရှိကြောင်း အဓိကထားချေပပြောဆိုသည်။
အောက်တိုဘာ ၁၂ ရက်က နှစ်ဖက်လျှောက်လဲချက် ကြားနာရာတွင် စွပ်စွဲခံရသူဦးဟန် ထူး၏ ရှေ့နေဦးမင်းစိန်က အဂ တိလိုက်စားမှုတိုက်ဖျက်ရေးဥပ ဒေသည် အထူးဥပဒေမဟုတ် ကြောင်းချေပပြောဆိုသည်။
‘‘အထူးဆိုတဲ့စကားလုံးတစ် လုံးမှ မပါဘူး’’ ဟု တရားလွှတ် တော်ရှေ့နေဦးမင်းစိန်က ရန်ကုန် တိုင်းတရားသူကြီးထံလျှောက် ထားခဲ့သည်။
ထိုသို့ချေပချက်အပေါ် ကော်မရှင်ဘက်မှ ဥပဒေအရာရှိ က ပြန်လည်ချေပသော်လည်း သတင်းထောက်များက ၎င်း၏ အသံကို သဲကွဲစွာမကြားရချေ။
လာဘ်စားသည်ဟု စွပ်စွဲခံ ရသည့် ခရိုင်ဥပဒေအရာရှိ ဦးကို ကိုလေးက ရှေ့နေငှားရမ်းခြင်းမရှိ ဘဲ စွပ်စွဲမှုများကိုကိုယ်တိုင်ချေပ လျှောက်ထားသည်။
၎င်းကတရားလိုဘက်မှ ဥပ ဒေအရာရှိ၏ အဓိကလျှောက် ထားချက်ဖြစ်သည့် အထူးဥပဒေ သည် ယေဘုယျဥပဒေကို လွှမ်း မိုးနိုင်သည်ဆိုခြင်းသည် ဥပဒေသ ဘောအရလက်ခံနိုင်ဖွယ်မရှိ ကြောင်း၊ရာဇ၀တ်ကျင့်ထုံးဥပဒေ ပုဒ်မ ၁ အပါအ၀င် ဥပဒေပုဒ်မ အများအပြားနှင့် စီရင်ထုံးများကို ကိုးကားချေပခဲ့သည်။ ယင်းအ ပေါ် ဆုံးဖြတ်ချက်အမိန့်ကို အောက်တိုဘာ ၂၆ ရက်တွင်ချ မှတ်မည်ဟု တရားသူကြီးက ပြန် လည်ချိန်းဆိုခဲ့သည်။
စွပ်စွဲခံရသူများကို ရုံးထုတ် စစ်ဆေးရာတွင် အဆိုပါပုဂ္ဂိုလ်များ လာဘ်စားခြင်းရှိ၊မရှိဆိုသည် ထက် ကော်မရှင်၏ လုပ်ထုံးလုပ် နည်းနှင့် ဥပဒေအပေါ်စွပ်စွဲခံရ သည့် ရှေ့နေများက ချေပပြောဆို သည်။
ဖေ့စ်ဘွတ်ခ်ဆယ်လီဟာသ သရုပ်ဆောင်အောင်ရဲထွေးသေ ဆုံးမှုတွင် လူသတ်သည်ဟု စွပ်စွဲ ခံရသူသုံးဦးကိုတရားရှင်လွှတ် ပေးနိုင်ရေး စုစုပေါင်း ကျပ်သိန်း ၇၂၀ နှင့် ပါတိတ်၊ အင်္ကျီ၊ အ ရက်ပုလင်းများ လာဘ်ယူသည် ဆိုကာတိုင်းဥပဒေချုပ်ဟောင်းဦး ဟန်ထူး၊ တိုင်းဥပဒေအရာရှိဦး သိန်းဇော်၊ ခရိုင်ဥပဒေအရာရှိ ဦးကိုကိုလေး၊ ဒုခရိုင်ဥပဒေအ ရာရှိဒေါ်သစ်သစ်ခင်နှင့် ဒုခရိုင် တရားသူကြီးဦးအောင်ကြည်၊ ရဲအရာရှိတစ်ဦးတို့ကို အဂတိလိုက်စားမှုတိုက်ဖျက် ရေးကော်မရှင်က တရားလိုပြု၍ အမှုဖွင့်တရားစွဲဆိုခြင်းဖြစ်သည်။
ဒုခရိုင် တရားသူကြီးဦး အောင်ကြည်သည်အမှုပိတ်သိမ်း ခြင်းကိုလက်ခံစဉ်းစားရန် ဖေဖော် ၀ါရီတွင် ကျပ်သိန်း ၃၀ ယူခဲ့ပြီး အမိန့်ချမှတ်သည့်နေ့ ဇူလိုင် ၂၅ ရက်တွင် ကျပ်သိန်း ၃၀၀ လာဘ် ယူကြောင်း ဦးမိုးနိုင်က ယခင် ရုံးချိန်းတွင် တရားခွင်၌ ထွက်ဆို ခဲ့သည်။
တိုင်းဥပဒေချုပ်ဦးဟန်ထူး သည်လာဘ်ငွေကျပ် သိန်း ၁၅၀ ကို ဇူလိုင်တွင် တစ်လုံးတစ်ခဲ တည်းရယူပြီး ကျန်လူများသည် အရစ်ကျယူခဲ့ကြောင်း ထိုစဉ်က ဦးမိုးနိုင်၏ ထွက်ဆိုချက်များအ ရသိရသည်။
အမှုရုပ်သိမ်းခွင့်ရရှိပါက ဒေါ်သစ်သစ်ခင်သည် ကျပ်သိန်း ၁၀၀ ရရှိမည်ဟု စွပ်စွဲခံရသူ၏ မိ ဘဦးခင်မောင်လေးနှင့် သဘော တူညီထားသော်လည်း မီဒီယာ များတွင် အဂတိလိုက်စားပြီးအမှု ပိတ်သိမ်းခဲ့ရသည်ဟု သတင်း များထွက်ပေါ်လာသဖြင့် ကျပ် သိန်း ၁၀၀ ကိုလက်ခံရယူခြင်းမပြု သေးဘဲ အခြေအနေကိုစောင့် ဆိုင်းနေခဲ့ကြောင်း ကော်မရှင်၏ စုံစမ်းစစ်ဆေးရေးမှူး ဦးမိုးနိုင်က အဆိုပါရုံးချိန်းတွင် ဆက်လက် ထွက်ဆိုခဲ့သည်။
တိုင်းဥပဒေချုပ်ဟောင်း ဦး ဟန်ထူးကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ ဖြင့်တရားစွဲတင်ပြီး ကျန်ငါးဦးကို ပုဒ်မ ၅၆ ဖြင့်စွဲတင်ခြင်းဖြစ်သည်။
အဂတိလိုက်စားမှု တိုက် ဖျက်ရေး ဥပဒေပုဒ်မ ၅၅ သည် ပြစ်မှုထင်ရှားလျှင် ထောင်ဒဏ် ၁၅ နှစ်အထိ ချမှတ်နိုင်သည့်အ ပြင်ငွေဒဏ်လည်း ချမှတ်နိုင် ကြောင်းဖော်ပြထားသည်။
ပုဒ်မ ၅၆ မှာမူ ၁၀ နှစ်ထက် မပိုသော ထောင်ဒဏ်ချမှတ်နိုင် သည်။
=======================
251 / End