အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဂျပန် နိုင်ငံ ခရီးစဉ်အတွင်း အောက် တိုဘာ ၆ ရက်က NHK သတင်းဌာနနှင့် အထူးအင်တာဗျူး အစီအစဉ်တစ်ခု ပြုလုပ်ခဲ့ပါသည်။ တိုကျို၌ ပြုလုပ်သော အင်တာဗျူးတွင် ဒေါ်အောင်ဆန်းစုကြည် က ဂျပန်-မြန်မာ ဆက်ဆံရေး၊ ဘင်္ဂါလီအရေး၊ Reuters သတင်းထောက်များအရေးနှင့် နိုင်ငံတကာဝေဖန်မှုများ စသည့်ကဏ္ဍမျိုးစုံနှင့် ပတ်သက်၍ မေးမြန်းမှုများကို ဖြေကြားခဲ့သည်။ အဆိုပါတွေ့ဆုံမေးမြန်းမှုကို စာဖတ်ပရိသတ်များအတွက် အပိုင်းသုံးပိုင်းခွဲ၍ ကောက်နုတ်ဖော်ပြလိုက်ပါ သည်။
ဂျပန်-မဲခေါင် ဆက်ဆံရေးနှင့် ပတ်သက်၍-
၂ နှစ်တာ ကာလလောက်အတွင်း ဂျပန်ကို ပထမဆုံးအကြိမ် လာ ရောက်တဲ့အချိန်မှာ ဘယ်လိုများ ခံစားမိပါသလဲ။
၂ နှစ်တာ အတောအတွင်း ဂျပန်က အများကြီးပြောင်းလဲ သွားတယ်လို့တော့ မထင်ပါဘူး။ ဂျပန်က အကြီးအကျယ် ပြောင်း လဲသွားတယ်လို့ ထင်ထင်ရှားရှား မမြင်မိတာမျိုးလည်း ဖြစ်နိုင်ပါ တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဂျပန်ဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်တချို့ အတွင်းမှာ တစ်သမတ်တည်းတည်တည်ငြိမ်ငြိမ် တိုးတက်နေ တာကြောင့်ပါ။
အခု ဂျပန်ခရီးစဉ်ကနေ ဘယ်လိုရလဒ်တွေကို မျှော်လင့်ထားပါ သလဲ။
ဒီခရီးစဉ်က ဂျပန်-မဲခေါင်ဆက်ဆံရေးနဲ့ပဲ အလုံးစုံသက် ဆိုင်ပါတယ်။ ဒီဆက်ဆံရေးက လည်း အမြဲတမ်းကောင်းမွန်နေခဲ့ ပြီးသားပါ။ ကျွန်မတို့ အချင်းချင်း ကူးလူးဆက်ဆံမှုတွေ ပိုများလာ လေလေ၊ အပြန်အလှန် နားလည်မှု၊ သင်ယူမှုတွေ ပိုအားကောင်း လာလေလေပါပဲ။ ပြီးတော့ အ ချင်းချင်း ခင်မင်ရင်းနှီးမှုလည်း ပိုပြီးခိုင်မာလာမှာပါ။
ဂျပန်ရဲ့ ပုဂ္ဂလိက ကဏ္ဍဆီကနေ ရင်းနှီးမြှုပ်နှံမှုတွေ ပိုတိုးမြှင့်လာ တာမျိုး မျှော်လင့်ထားပါသလား။
မျှော်လင့်ထားတယ်ဆိုတာ က ဒီနေရာမှာ သင့်တော်တဲ့ အသုံးအနှုန်းလို့ ကျွန်မ မထင်ဘူး။ ဘာ ဖြစ်လို့လဲဆိုတော့ ရင်းနှီးမြှုပ်နှံမှု တွေ ပိုတိုးမြင့်လာမယ်လို့ ကျွန်မတို့ အခိုင်အမာ တွေးထားမိတာကြောင့်ပါ။ ကျွန်မတို့ဘက်က လည်း ဂျပန် ရင်းနှီးမြှုပ်နှံသူတွေ ကို ပိုမိုဆွဲဆောင်နိုင်မယ့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပတ်ဝန်းကျင်မျိုးထောက်ပံ့ ဖန်တီးပေးထားပါ တယ်။ ဒီတော့ အခုကိစ္စဟာ မျှော် လင့်ချက် တစ်ခုထက်ပိုတယ်လို့ ယူဆကြပါစို့။
ဖူကူရှီးမားက ဂျပန်ကျေးရွာလေး တစ်ခုကို သွားလည်မှာ မဟုတ် လား။ အဲဒီကျေးရွာလေးကနေ ရှင့်အတွက် ကောင်းမွန်တဲ့ သင် ယူလေ့လာမှုမျိုး ရရှိလာဖို့ မျှော် လင့်ပါတယ်။
ဟုတ်တယ်။ ကျွန်မတို့လည်း ဒီလို ဖြစ်စေချင်ပါတယ်။ ကျွန်မက မြို့ကြီးတစ်ခုအစား ရွာတစ်ရွာကို ရွေးခဲ့တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သိပ်မကြာသေးခင် နှစ်ပိုင်းလောက်ကပေါ့၊ ကျွန်မ ဂျပန်ကို ရောက်ခဲ့တယ်။ ဂျပန်က မြို့ ကြီးပြကြီးတချို့ဆီ သွားခဲ့တယ်။ ဒါပေမဲ့ ဂျပန်ရဲ့ ကျေးလက်လူနေမှုဘဝကို အခုလိုမျိုး သေချာမလေ့ လာခဲ့ဖူးဘူးလေ။ ဒီအစီအစဉ်က ကျွန်မတို့အတွက် အရမ်းတန်ဖိုးရှိ မှာပါ။ စိုက်ပျိုးရေးကဏ္ဍမှာ ဖွံ့ဖြိုးလာအောင် ဂျပန်ကျေးလက်နေ ပြည်သူတွေ ဘယ်လိုလုပ်ဆောင် သလဲ ဆိုတာကို လေ့လာခွင့်ရမယ့် အတွက်ကြောင့်ပေါ့။ ရှင်လည်းအသိပဲလေ။ မြန်မာက စိုက်ပျိုး ရေး အရမ်းဦးစားပေးနေဆဲ နိုင်ငံတစ်ခုပါ။ ဖွံ့ဖြိုးလာတယ်ဆိုတာ က အခွင့်အလမ်းတွေ ဖြစ်ပေါ် လာသလို ပြဿနာတွေ၊ စိန်ခေါ် မှုတွေ ရှိတတ်ပါတယ်။ ဥပမာ ကျေးလက်နေ လူတန်းစား လျော့ကျသွားတာမျိုးပေါ့။ ဒီကိစ္စမျိုးဟာ ကျွန်မတို့ ကြိုတွေးထားဖို့ လိုပါတယ်။ ပြဿနာ ကိုယ့်ရှေ့ တည့်တည့် ရောက်လာတဲ့အထိ လွှတ်ထားမိပြီ ဆိုရင်တော့ ရှင်းရ တာ ခက်သွားပါပြီ။
တနင်္လာနေ့ကစပြီး မဲခေါင်-ဂျပန်ထိပ်သီးညီလာခံ တက်တော့မယ်ဆိုတော့ မဲခေါင်ဒေသနဲ့ ပတ်သက် လို့ ဂျပန်ရဲ့ ရပ်တည်မှုက ဘယ်အတိုင်းအတာလောက်ထိ အရေးပါ တယ်လို့ ယူဆပါသလဲ။ မြန်မာ နိုင်ငံအတွက်ပေါ့။
မြန်မာနိုင်ငံမှာတော့ ဂျပန်ရဲ့ ပါဝင် ရပ်တည်မှုနဲ့ ပတ်သက်လို့ ပြောရမယ်ဆိုရင် လွတ်လပ်ရေး ရပြီးစ ကာလထိ နောက်ကြောင်း ပြန်သွားရပါမယ်။ ပြီးတော့ အဲဒီရပ်တည်မှုကလည်း အမြဲတမ်း ကောင်းမွန်ခဲ့ပါတယ်။ ခင်မင်ရင်းနှီးတဲ့ နည်းလမ်းမျိုးတွေနဲ့ပဲ ကျွန်မတို့ရဲ့ ဆက်ဆံရေးမှာ အပြန်အ လှန် ထိတွေ့နိုင်ခဲ့ကြပါတယ်။ ဒီ ဆက်ဆံရေးမျိုးကို နောက်ထပ်နှစ်ပေါင်းများစွာ ဆက်လက်ထိန်း သိမ်းထားနိုင်မယ်လို့လည်း ယုံ ကြည်တယ်။ အခုတော့ ဂျပန်နဲ့ ဆက်ဆံရေးဟာ နှစ်နိုင်ငံတည်းနဲ့ သက်ဆိုင်တာတင် မကတော့ပါ ဘူး။ ဒေသတစ်ခုလုံး၊ ပြီးတော့ နိုင်ငံစုံနဲ့ သက်ဆိုင်တဲ့ သဘောဖြစ်လာပါတယ်။ ဒီအခြေအနေ က ကျွန်မတို့တွေရဲ့ ဆက်ဆံရေးကို ပိုပြီးကျယ်ပြန့်တဲ့ ရှုထောင့် သစ်တွေ ဖြစ်ပေါ်လာစေပြီး ပို ကောင်းမွန် ပြည့်စုံလာစေမယ် ထင်ပါတယ်။
တရုတ် လွှမ်းမိုးမှုနှင့် ပတ်သက်၍
မဲခေါင်ဒေသကို မျှော်ကြည့်မယ် ဆိုရင် တရုတ်က အကြီးစားပါဝင် မြှုပ်နှံသူအဖြစ် ရှိနေပါတယ်။ သူတို့ရဲ့ ရပ်ဝန်းတစ်ခု၊ လမ်းကြောင်း တစ်ခု စီမံကိန်းကိုလည်း မဲခေါင်နဲ့ ဆက်စပ်ပြီး အကောင်အထည် ဖော်ဖို့ ပြင်နေတယ်။ ပြီးတော့ ပထဝီဝင် အနေအထားအရ မြန်မာဟာ အဲဒီ စီမံကိန်းအတွက် သိပ်အရေးကြီးနေပါတယ်။ ဥပမာပြောရရင် ရခိုင်ပြည်နယ်က ကျောက်ဖြူ ဒေသလိုမျိုးပေါ့။ ကျောက်ဖြူမှာ အထူးစီးပွားရေး ဇုန်၊ ရေနက်ဆိပ်ကမ်းနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်းလို ပရောဂျက်တွေ ရှိနေပါတယ်။ တရုတ်ရဲ့ ရပ် ဝန်းတစ်ခု၊ လမ်းကြောင်းတစ်ခု စီမံကိန်းကနေ မြန်မာက ကောင်း ကျိုး အသီးအပွင့်တွေ ခံစားရရှိ မယ်လို့ ယုံကြည်ပါသလား။
မြန်မာနဲ့ တရုတ်ကြားမှာ နား လည်ထားတာ တစ်ခုက ရပ်ဝန်း တစ်ခု၊ လမ်းကြောင်းတစ်ခုဟာ နှစ်ဦးနှစ်ဖက် ကောင်းကျိုးဖြစ်သင့် တယ် ဆိုတာပါပဲ။ နိုင်ငံတွေ အချင်းချင်းကြား လက်တွဲအလုပ်လုပ်မှုဟာလည်း ဒီလိုပုံစံပဲ ဖြစ် သင့်ပါတယ်။ နှစ်ဦးနှစ်ဖက် အ ကျိုးဖြစ်ထွန်းစေဖို့ ကျွန်မတို့အနေ နဲ့ ကြိုတင်ပြင်ဆင်ပြီး ပူးပေါင်းဆောင်ရွက်ရပါမယ်။ ရှင်ပြောသလိုပါပဲ။ ကျွန်မတို့ နိုင်ငံဟာရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ် ခု စီမံကိန်းမှာ ပထဝီဝင်သဘော အရ အရမ်းအရေးပါတဲ့ နေရာမှာရှိနေတယ်။ ဒါ့အပြင် ကျွန်မတို့ဟာ ဒေသတွင်း ရင်းနှီးမှုကို ပိုမိုခိုင်မာအောင် တည်ဆောက်နိုင် မယ့် နေရာမှာလည်း ရှိနေတယ်လို့ ထင်ပါတယ်။ နိုင်ငံတစ်နိုင်ငံနဲ့ ဆက်ဆံရေး မြှင့်တင်တည် ဆောက်နိုင်တာဟာ တခြားနိုင်ငံ တွေနဲ့ ဆက်ဆံရေးကိုလည်း ပိုမိုအားကောင်းလာအောင် အ ထောက်အကူ ဖြစ်သင့်တယ်လို့ ကျွန်မတို့ ယူဆပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဆုံးသတ်မှာ တော့ ကျွန်မတို့ အားလုံးက ကမ္ဘာကြီး တစ်ခုတည်းမှာ အတူရှိနေ တာလေ။ နောက်ထပ် ဂြိုဟ်ကမ္ဘာတစ်ခုဆီ ကျွန်မတို့ ပြောင်းသွား လို့မှ မရတာ။ ဒီကမ္ဘာပေါ်မှာ အတူယှဉ်တွဲ နေထိုင်ကြတဲ့အခါ ကျွန်မတို့ရဲ့ ခင်မင်ရင်းနှီးမှုဟာ ကဏ္ဍစုံ ကျယ်ပြန့်ပြီး ပြောင်း လွယ်ပြင်လွယ်ရှိတဲ့၊ အားလုံးနဲ့ အဆင်ပြေတဲ့ပုံစံမျိုး ဖြစ်သင့် တယ်လေ။
အဲဒီ ပရောဂျက်ကြီးက မြန်မာ မျှော်မှန်းနိုင်တဲ့ ကောင်းကျိုးခံစား မှုတွေနဲ့ယှဉ်ရင် အရမ်းကြီးမား လွန်းနေတယ်ဆိုတဲ့ စိုးရိမ်မှုတွေ လည်း ရှိနေပါတယ်။ ဒီအခါမှာ မြန်မာဟာ ဒေသတွင်းက တခြား နိုင်ငံတွေလို အကျဉ်းအကျပ်ထဲ ပိတ်မိသွားနိုင်တယ်။ ဒါမျိုး စိုးရိမ် တာကော ရှိပါသလား။
အစောပိုင်းမှာ ကျွန်မ ပြောခဲ့ပါတယ်။ ခင်မင်ရင်းနှီးမှုတွေ၊ ဆက်ဆံရေးတွေမှာ ပြောင်းလွယ်ပြင်လွယ်ရှိမှုလည်း လိုအပ်ပါ တယ်။ ကျွန်မတို့ ခေါင်းထဲမှာ အမြဲတမ်းတွေးနေရမှာက တည်တံ့ရှည်ကြာတဲ့ ဆက်ဆံရေးတွေ ဆိုတာဟာ နှစ်ဦးနှစ်ဖက် အပြန် အလှန်အကျိုးရှိမှ ဖြစ်နိုင်မှာပါ။ ဒီအပိုင်းမှာ ကျွန်မတို့ အချင်းချင်း အပြန်အလှန်နားလည်မှု ရထားပြီးသားလို့ ထင်ပါတယ်။ ပြောင်း လွယ်ပြင်လွယ် ရှိမှုကလည်း ကျွန်မတို့ လုပ်ဆောင်သမျှဟာ ကိုယ်စွမ်းသမျှ အတိုင်းအတာနဲ့ အောင်မြင်စေဖို့ အာမခံချက်ရ စေမှာပါ။
ဘင်္ဂါလီအရေး
ရခိုင်ပြည်နယ် ကိစ္စဘက်လှည့်ရ အောင်။ ဘင်္ဂါလီမျိုးနွယ်စုတွေနဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။ ဒီကိစ္စက ဂျပန်-မြန်မာ ဆက်ဆံရေးအတွက်လည်း အရေးပါနေတာကြောင့် ပါ။ ရခိုင်ပြည်နယ်မှာ လူ့အခွင့် အရေး ချိုးဖောက်ဖိနှိပ်မှုတွေ ကျူးလွန်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေ နဲ့အတူ မြန်မာနိုင်ငံဟာ နိုင်ငံ တကာ ဖိအားတွေအောက် ကျ ရောက်နေပါတယ်။ ကုလသမဂ္ဂရဲ့ အချက်အလက်ရှာဖွေရေး မစ် ရှင်ကလည်း မြန်မာ့တပ်မတော် အရာရှိကြီး တချို့ဟာ နိုင်ငံတကာဥပဒေတွေကို ချိုးဖောက်ပြီး အစုအပြုံလိုက် သတ်ဖြတ်မှုတွေအ တွက် ပြစ်ဒဏ် စီရင်ခံထိုက်တယ် လို့ ထောက်ခံချက်ပေးခဲ့တယ်။ နောက်တစ်ခါ နိုင်ငံတကာ ရာဇ ဝတ်မှု ခုံရုံးကလည်း ဘင်္ဂါလီတွေ ကို ဖိအားပေးနှင်ထုတ်မှုနဲ့ ပတ်သက်လို့ မြန်မာအပေါ် အရေးယူစီမံပိုင်ခွင့် ရှိတယ်လို့ ဆုံးဖြတ်ခဲ့ ပြန်တယ်။ နိုင်ငံတကာ အသိုက် အဝန်းဆီက ဒီအသံတွေကို ဘယ် လိုများ တုံ့ပြန်ချင်ပါသလဲ။
ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတစ်ခုချင်းစီဟာ သတ်မှတ်ချက် နှစ်ခုမှာ အကျုံးဝင်ပါတယ်။ တစ်ခုက နိုင်ငံတကာ အသိုက်အဝန်းရဲ့ အဖွဲ့ဝင်ဖြစ်တယ် ဆိုတာပါ။ နောက်တစ်ခုကတော့ လွတ်လပ်တဲ့ အချုပ်အခြာအာဏာပိုင်နိုင်ငံ တစ်ခုဆိုတဲ့ အချက်ပါပဲ။
နိုင်ငံတစ်ခုဟာ အဲဒီနိုင်ငံရဲ့ ပြည်သူတွေအတွက် တာဝန်ရှိပါတယ်။ ကျွန်မတို့ဟာ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ အပြည့်အဝ ယုံ ကြည်ပါတယ်။ ဒါပေမဲ့ လူ့အခွင့်အရေးကို ကိုင်တွယ်စောင့်ထိန်း ရာမှာ တရားဥပဒေ သတ်မှတ်ချက်တွေ၊ အမျိုးသားရင်ကြားစေ့ရေး ရည်ရွယ်ချက်တွေနဲ့ ကိုက်ညီဖို့ လိုအပ်တယ်လို့လည်း ယုံကြည် ထားပါတယ်။ ကျွန်မတို့နိုင်ငံရဲ့ အနေအထားအရဆိုရင် တိုင်းရင်း သားမျိုးနွယ် ၁၃၀ ကျော်နဲ့ ဖွဲ့စည်းထားတာပါ။ လွတ်လပ်ရေးရလာ ချိန်ကတည်းက ကြုံခဲ့ရတဲ့ ပြည် တွင်းစစ်နဲ့လည်း ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။ ကျွန်မတို့ နိုင်ငံလို အနေအထားမှာ တရားဥပဒေစိုးမိုးရေးနဲ့ တရားစီရင်မျှတမှုတွေ ဟာ လူတိုင်း မဖြစ်မနေလိုက်နာ ဖို့ လိုအပ်လာပါတယ်။ ကျွန်မတို့ပြည်သူတွေရဲ့ အမြင်တွေနဲ့ နိုင်ငံတကာ အမြင်တွေကို စုစည်းရပါ မယ်။
ဒါပေမဲ့ အားလုံးဟာ တရားမျှတမှုအတွက် ခိုင်မာတဲ့ စံနှုန်း တွေအပေါ်မှာပဲ အခြေခံရမှာပါ။
နိုင်ငံတကာ ရာဇဝတ်မှုခုံရုံးနဲ့ ပတ်သက်လို့ ပြောရရင် သူတို့ရဲ့ အဖွဲ့ဝင်နိုင်ငံတစ်ခု ကိုယ်တိုင်က ခုံရုံးရဲ့ ဆုံးဖြတ်ချက်ဟာ မှန်ရဲ့လားလို့ တုံ့ပြန်မေးခွန်းထုတ်တာ မျိုး ရှိပါတယ်။ ခုံရုံးရဲ့ ဆုံးဖြတ် ချက်ကို ကျွန်မတို့ ဘာကြောင့် သဘောမကျသလဲဆိုတဲ့ အ ကြောင်းရင်းတွေကို တရားဝင်ထုတ်ပြန်ပြီးပါပြီ။ ရှင်တို့လည်း ဒီအကြောင်းတွေ သိပြီးသားဖြစ် မှာပါ။ ဒါကြောင့် အသေးစိတ် မပြောတော့ဘူး။ ဒါပေမဲ့ ကျွန်မတို့ဟာ မကြာသေးခင်က နိုင်ငံတကာ စုံစမ်းရေးကော်မရှင်တစ် ခုကို ဖွဲ့စည်းခန့်အပ်ထားလိုက် တယ်ဆိုတာကို သတိပြုသင့်ပါ တယ်။ အဲဒီမှာ ကုလသမဂ္ဂရဲ့ အ ဆင့်မြင့်ရာထူးတွေမှာ တာဝန်ယူ ခဲ့ဖူးတဲ့ ဂျပန်ဝါရင့်သံအရာရှိကြီး တစ်ဦးလည်း ပါဝင်ပါတယ်။ ဒီတော့ ကော်မရှင်အနေနဲ့ သူတို့အလုပ်၊ သူတို့လုပ်နိုင်ဖို့အချိန်နဲ့ နေ ရာတွေ ကျွန်မတို့ ဖြည့်ဆည်းပေး သင့်တယ် ထင်ပါတယ်။ သူတို့ဟာ FFC မဟုတ်လို့၊ FFE မဟုတ်လို့ ကော်မရှင်ရဲ့ လုပ်ထုံးလုပ် နည်းတွေက မှန်ကန်မှာမဟုတ်ဘူးဆိုတာမျိုး အရင်ဆုံး ကောက် ချက် မချသင့်ပါဘူး။ သူတို့စလုပ် ရမှာကိုက ရှုပ်ထွေးနေတာကို ကျွန်မ သဘောပေါက်ပါတယ်။
မြန်မာက ရခိုင်ပြည်နယ်မှာ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေကို စုံစမ်းဖို့လွတ်လပ်တဲ့ ကော်မတီတစ်ခု ဖွဲ့စည်းခဲ့တယ်။ အဖွဲ့ဝင်တွေထဲ မှာ ဂျပန်သံအရာရှိဟောင်းတစ်ဦး လည်း ပါတယ်။ ဒီတော့ အဲဒီ အဖွဲ့အစည်းဟာ မျှတတဲ့၊ သမာသမတ်ကျတဲ့၊ ပွင့်လင်းမြင်သာမှုရှိတဲ့ စုံစမ်းစစ်ဆေးမှုမျိုး ပြုလုပ်နိုင်မှာ သေချာပါသလား။ ဒါကို အာမခံ နိုင်လား။
ကောင်းပြီ။ သူတို့ရဲ့ အလုပ်တာဝန်က ရှင်တို့အားလုံး စုံစမ်းကြည့်ဖို့၊ ဆန်းစစ်နိုင်ဖို့၊ အဖြေရှာဖို့အတွက် ဘယ်လမ်းကြောင်းက ချဉ်းကပ်ရမလဲ၊ ဘယ်လိုလူတွေက ယုံကြည်စိတ်ချထိုက်သလဲဆို တာကို လမ်းဖွင့်ပေးဖို့ ဖြစ်ပါ တယ်။ သူတို့အားလုံးကို ကျွန်မတို့က လေးစားမှု မြင့်မြင့်မားမား ထားရှိပြီးသားပါ။ သူတို့ဟာ လူ ပုဂ္ဂိုလ်အနေနဲ့ လေးစားထိုက်သူတွေ ဖြစ်ရုံသာမကပဲ လူ့အခွင့် အရေး၊ နိုင်ငံတကာရေးရာစုံစမ်းမှုအစရှိတဲ့ အပိုင်းတွေမှာလည်း အ တွေ့အကြုံ ရင့်ကျက်ကြပါတယ်။ သူတို့ကို ကျွန်မတို့ ရွေးချယ်ခဲ့ တယ်ဆိုတာက ယူရမယ့်တာဝန် အတွက် ထူးထူးကဲကဲ အရည်အ ချင်း ပြည့်ဝပြီးသား ဖြစ်နေတာ ကြောင့်ပါ။ ပြီးတော့ အခုလို ခက်ခဲကြမ်းတမ်းလွန်းတဲ့ ကိစ္စမျိုးကို တာဝန်ခံနိုင်တဲ့ သတ္တိမျိုး၊ စိတ် ဓာတ်မာကျောမှုမျိုး ရှိကြတဲ့အ တွက်ကြောင့်ပါပဲ။
တစ်ဖက်မှာတော့ နိုင်ငံတကာ အ သိုက်အဝန်းဘက်က အခုစုံစမ်း မှုတွေကို အပြည်ပြည်ဆိုင်ရာအ ဖွဲ့အစည်းတစ်ခုက တာဝန်ယူ သင့်တယ်ဆိုတာမျိုး တောင်းဆို နေကြပါတယ်။ ဥပမာ ကုလ သမဂ္ဂလိုမျိုးပေါ့။ အဲဒီလို စုံစမ်း မှုကကော အမှန်တရားဆီ ဦး တည်မသွားဘူးလို့ ယူဆထားပါ သလား။
ကုလသမဂ္ဂက ခန့်အပ်မယ့်နိုင်ငံတကာစုံစမ်းရေး အဖွဲ့တစ်ခုနဲ့ အခုခန့်အပ်ထားတဲ့ ကော်မရှင် က ဘာများကွာခြားနေလို့လဲ။ ကျွန်မ အစောပိုင်းက ပြောခဲ့သ လိုပါပဲ။ ဒီကော်မရှင်မှာ အဖွဲ့ဝင်တွေ ရွေးချယ်တဲ့အခါမှာ ကျွန်မတို့ အရမ်းသတိကြီးကြီး ထားခဲ့ကြတယ်။ နိုင်ငံစုံကို ကိုယ်စားပြုသူတွေ၊ သမာဓိဂုဏ် ပြည့်ဝသူတွေ ကိုပဲ ရွေးချယ်ထားတာပါ။ သံအမတ်ကြီး မာနာလို (ဒါမှမဟုတ်)သံအမတ်ကြီး အိုရှီမာတို့ရဲ့ သမာဓိ တည်ကြည်မှု၊ သူတို့ရဲ့ အတွေ့အကြုံနဲ့ အားထုတ်မှုတွေကို ဘယ်သူမှ မေးခွန်းထုတ်နေစရာမလို ဘူးလို့ ကျွန်မ ထင်ပါတယ်။ နောက်ပြီး ကျွန်မတို့ဟာ ကိုယ့်နိုင်ငံကပြည်သူတွေရဲ့ အမြင်ရှုထောင့် တွေကိုလည်း ထည့်စဉ်းစားဖို့လို တယ်။ ဘက်လိုက်မှုကင်းတဲ့ ကျွန်မတို့ရဲ့ ကော်မရှင်နဲ့ ပတ် သက်လို့ ပြည်တွင်းမှာလည်း ဘယ်လိုအမြင်တွေရှိမလဲ ဆိုတာကိုပေါ့။ တကယ်တော့ ကော်မရှင် ဟာ နှစ်ဖက်စလုံးအတွက် မျှတတဲ့ ပြန်ကြားမှုမျိုးကို ပေးစွမ်းနိုင် တယ်ဆိုတာကို သူတို့ ခံစားနား လည်သင့်ပါတယ်။
မြန်မာအနေနဲ့ ဒီကိစ္စမှာ နိုင်ငံ တကာ ဦးဆောင်မှုအစား ကိုယ့်နိုင်ငံရဲ့ ဦးဆောင်မှုကိုပဲ ဘာ ကြောင့် ရွေးချယ်ခဲ့သလဲဆိုတာ ကို မေးလို့ရမလား။ ဒီလိုလေ။နိုင်ငံတကာ အသိုက်အဝန်းကြား မှာ မြန်မာအနေနဲ့ အပြည်ပြည် ဆိုင်ရာ စုံစမ်းစစ်ဆေးမှုကို ရှောင်လွှဲနေတယ်ဆိုတာမျိုး အတော် လေး ဝေဖန်နေတာကိုး။ ဥပမာ ပြောရရင် ကုလသမဂ္ဂရဲ့ အချက် အလက်ရှာဖွေရေး မစ်ရှင်လိုမျိုး ကိုပေါ့။
တကယ်တမ်းကျတော့ နိုင်ငံတကာက လက်ခံထားတဲ့ ကုလ သမဂ္ဂရဲ့ သတ်မှတ်ချက်မှာ အခုလိုကိစ္စမျိုးတွေဆိုရင် သက်ဆိုင်ရာ နိုင်ငံက ဖြေရှင်းလိုသလား၊ ဖြေရှင်းနိုင်သလားဆိုတာကို ဦးစားပေးစဉ်းစားဖို့ ဖော်ပြထားပါ တယ်။ အဲဒီနိုင်ငံက ကိုယ့်ပြဿနာ ကို ကိုယ်တိုင်ရှင်းလင်းဖို့ ကြိုးစားအားထုတ်မှုရှိသလား ဆိုတဲ့အ ပေါ် မူတည်ပါတယ်။ အခု ကျွန်မတို့က အဲဒီအတိုင်းလုပ်နေတာလို့ ယူဆပါတယ်။ ဒီကိစ္စကို ဖြေရှင်း လိုတယ်၊ ဖြေရှင်းနိုင်တယ်ဆိုတာ ကို ကျွန်မတို့ ပြသဖို့ အခွင့်အရေး တော့ ပေးရမှာပေါ့။ အဖွဲ့ဝင်နိုင်ငံတစ်ခုက လုပ်နိုင်ကိုင်နိုင်ရှိလျက် နဲ့ အခွင့်အရေး မပေးဘူးဆိုရင် တော့ ကုလသမဂ္ဂအနေနဲ့ ကိုယ် တိုင်သတ်မှတ်ထားတဲ့ စံနှုန်းတွေနဲ့ မညီညွတ်သလို ဖြစ်နေပါလိမ့် မယ်။
ခုနက ပြောသွားတဲ့ထဲမှာ စုံစမ်းစစ်ဆေးမှုတွေဟာ မြန်မာနိုင်ငံမှာရှိနေသူတိုင်း နားလည်သင့်တယ် လို့ ပါတယ်နော်။ ဒီတော့ မေးချင်တာက တကယ်လို့သာ ကုလ သမဂ္ဂလို နိုင်ငံတကာအဖွဲ့အ စည်းတစ်ခုက ဦးဆောင်တဲ့ စုံစမ်းစစ်ဆေးမှုမျိုး ဖြစ်ခဲ့မယ်ဆိုရင် မြန်မာပြည်သူတွေ နားလည်ပေး နိုင်မှာ မဟုတ်ဘူးဆိုတဲ့ သဘော မျိုး ဆိုလိုပါသလား။
ဒီကိစ္စမှာ ... တကယ်တမ်း ပြောရရင်တော့ ကျွန်မတို့ ခန့်အပ်ထားတဲ့ စုံစမ်းရေးကော်မရှင်နဲ့ ပတ်သက်လို့တောင် သိပ်ပြီး မလိုလားသူတွေ မြန်မာနိုင်ငံမှာ ရှိပါ တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ တို့ရဲ့ ရပ်တည်မှုက သဘောထား ပိုတင်းမာတဲ့နေရာမှာ ရှိနေတာကြောင့်ပါ။ သူတို့ ယူဆတာက ဒါဟာ လုံးဝဥဿုံ ပြည်တွင်းရေး ကိစ္စတစ်ခုသာ ဖြစ်တယ်ပေါ့လေ။ ဒါပေမဲ့ ကျွန်မ ပြောခဲ့သလိုပါပဲ။ ကျွန်မတို့ဟာ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အသိုက်အဝန်းမှာ ပါဝင် နေသလို ကိုယ်ပိုင်အချုပ်အခြာနဲ့ ရပ်တည်နေတာကို လက်ခံထားပါတယ်။ ဒီတော့ မျက်နှာစာနှစ်ခု စလုံးမှာ မျှမျှတတ တာဝန်ကျေ အောင် လုပ်ရပါမယ်။ မြန်မာနိုင်ငံမှာက ပြည်သူတွေအနေနဲ့ သူတို့ရဲ့ အမြင်ကို လွတ်လွတ်လပ်လပ် ထုတ်ဖော်ခွင့်ရှိပါတယ်။ အခု ကော်မရှင်တောင်မှ တကယ်တမ်းမလိုအပ်ဘူးလို့ ဝေဖန်နေတဲ့သူ တွေ အများကြီးပါ။
ပြီးခဲ့တဲ့လက ရှင်ပြောခဲ့ဖူးတာ တစ်ခုရှိတယ်နော်။ မြန်မာအနေနဲ့ အခုပြဿနာကို ပိုပြီးကောင်းမွန်အောင် ကိုင်တွယ်နိုင်ခဲ့သင့် တယ် ဆိုတာပါ။ ဟနွိုင်းက ဖိုရမ်မှာ ပြောခဲ့တာလေ။ ဘယ်အပိုင်း တွေမှာ ပိုကောင်းအောင် ကိုင် တွယ်ခဲ့သင့်သလဲဆိုတာကို ရှင်းပြနိုင်မလား။
တကယ်တမ်းဆိုရင် ဒီစကား နဲ့ ပတ်သက်ပြီး ကျွန်မတောင် နည်းနည်း အံ့ဩသွားပါတယ်။ ဘာလို့လဲဆိုတော့ အဲဒီသဘောမျိုး ကျွန်မ မဆိုလိုခဲ့တာကြောင့် ပါပဲ။ အခြေအနေတွေနဲ့ ပတ် သက်လို့ ပိုကောင်းအောင် စီမံကိုင်တွယ်သင့်တယ် ဆိုတာမျိုး ကျွန်မ ဘယ်တုန်းကမှ မမြင်မိ ပါဘူး။ ဒီရည်ညွှန်းစကားနဲ့ ပတ်သက်လို့လည်း ကျွန်မ သိပ်နား မလည်ဘူး။
=======================
251 / End
‘အဖွဲ့ဝင်နိုင်ငံတစ်ခုက လုပ်နိုင်ကိုင်နိုင်ရှိလျက်နဲ့ အခွင့်အရေးမပေးဘူးဆိုရင်တော့ ကုလသမဂ္ဂအနေနဲ့ ကိုယ်တိုင်သတ်မှတ်ထားတဲ့ စံနှုန်းတေ
၁၅ အောက်တိုဘာ ၂၀၁၈ - ၁၅:၄၀
News ID: 912955
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဂျပန် နိုင်ငံ ခရီးစဉ်အတွင်း အောက် တိုဘာ ၆ ရက်က NHK သတင်းဌာနနှင့် အထူးအင်တာဗျူး အစီအစဉ်တစ်ခု ပြုလုပ်ခဲ့ပါသည်။ တိုကျို၌ ပြုလုပ်သော အင်တာဗျူးတွင် ဒေါ်အောင်ဆန်းစုကြည် က ဂျပန်-မြန်မာ ဆက်ဆံရေး၊ ဘင်္ဂါလီအရေး၊ Reuters သတင်းထောက်များအရေးနှင့် နိုင်ငံတကာဝေဖန်မှုများ စသည့်ကဏ္ဍမျိုးစုံနှင့် ပတ်သက်၍ မေးမြန်းမှုများကို ဖြေကြားခဲ့သည်။ အဆိုပါတွေ့ဆုံမေးမြန်းမှုကို စာဖတ်ပရိသတ်များအတွက် အပိုင်းသုံးပိုင်းခွဲ၍ ကောက်နုတ်ဖော်ပြလိုက်ပါ သည်။