အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အောက်တိုဘာလ ၁၆ ရက်။ ။ ဘင်္ဂလားဒေ့်ရှ်နိုင်ငံတွင် ဖွင့်လှစ်ထားသော ဒုက္ခသည်စခန်းများကို အပြီးတိုင် ဖျက်သိမ်း၍ အေးအေးချမ်းချမ်းဖြင့် နေရပ်ကို အမြန်ပြန်စေချင်ပြီဖြစ်ကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်ရေး အထူးကိုယ်စားလှယ် ခရစ္စတင်းဘာဂနာ(Christine Schraner Burgener) က ပြောကြားခဲ့သည်။
ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စဘာဂနာနှင့် ရခိုင်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌတို့သည် အောက်တိုဘာလ ၁၆ ရက်နေ့ နံနက်ပိုင်းက လွှတ်တော်ဥက္ကဋ္ဌ ဧည့်ခန်းမတွင် သီးသန့်တွေ့ဆုံကြစဉ် ထိုသို့ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း ပြည်နယ်လွှတ် တော်ဥက္ကဋ္ဌ ဦးစံကျော်လှက ပြောသည်။
“ဒုက္ခသည်တွေကို စခန်းတွေ အပြီးတိုင်ဖျက်သိမ်းပြီးတော့ သူတို့ဒေသကို အမြန်သွားစေချင်တဲ့ သဘော ရှိတယ်။ နောက်တစ်ချက်က သူတို့ဟာ ရခိုင်တွေလိုဘဲ နေရာအသီးသီးကို လွတ်လွတ်လပ်လပ် သွားစေချင်တဲ့ သဘောရှိတယ်။ ဒါတွေကို ပြောပါတယ်။”ဟု ရခိုင်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးစံကျော်လှက ပြောသည်။
ယင်းအပြင် ခရစ္စတင်းဘာဂနာက မူဆလင်များအနေဖြင့် ကျန်းမာရေး ဆေးကုသရန်အတွက် လွတ်လွတ် လပ်လပ်သွားလာခွင့်မရသည့် အခက်ခဲများရှိနေသောကြောင့် လွှတ်တော်အနေဖြင့် အဆိုပါ ကိစ္စရပ်များအပေါ် တတ်နိုင်သလောက် ဖြေရှင်းပေးရန် ပြောခဲ့ကြောင်းလည်း ဆိုသည်။
မစ္စဘာဂနာ ဦးဆောင်ဆောင်သော အဖွဲ့သည် အောက်တိုဘာလ ၁၆ ရက်နေ့ နံနက်ပိုင်းက စစ်တွေဟိုတယ် တွင် ရခိုင်အမျိုးသားပါတီ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ပြီး ယင်းမှတဆင့် သက္ကယ်ပြင်ကျေးရွာသို့ သွားရောက်ခဲ့ ပြီး ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌနှင့် သွားရောက်တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။
လက်ရှိ မောင်တောမြို့နယ်တွင် ဖွင့်လှစ်ထားသော ပြန်လည်လက်ခံရေး စခန်းများမှာ လက်ခံရန်အသင့် အနေ အထားတွင် ရှိနေသောကြောင့် နေရပ်စွန့်သူများအနေဖြင့် ပြန်လာလျှင်လာ၍ရနေပြီဖြစ်ကြောင်းနှင့် ဆေးဝါး ကုသရန်အတွက် သွားလာခွင့်အခက်ခဲရှိပါက ပြည်နယ်အစိုးရအဖွဲ့နှင့် ညှိနှိုင်းပေးမည်ဟု ပြောဆိုခဲ့ကြောင်းလည်း သိရသည်။
ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ခရစ္စတင်းဘာဂနာသည် ရခိုင်ပြည်နယ် စစ်တွေမြို့သို့ အောက်တိုဘာလ ၁၃ ရက်နေ့တွင် ဒုတိယအကြိမ် ရောက်ရှိလာခြင်းဖြစ်ပြီး ထိုခရီးစဉ်တွင် ကျောက်တော် မြို့နယ်ရှိ မူဆလင်ဒုက္ခသည်စခန်းသို့ သွားရောက်ခဲ့သည့်အပြင် ဘူးသီးတောင်နှင့် မောင်တောမြို့နယ်သို့ သွားရောက်၍ ရခိုင်၊ မူဆလင်၊ ဟိန္ဒူဘာသာဝင်များနှင့် သီးသန့်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
=======================
251 / End
၁၆ အောက်တိုဘာ ၂၀၁၈ - ၁၅:၃၉
News ID: 913084
အောက်တိုဘာလ ၁၆ ရက်။ ။ ဘင်္ဂလားဒေ့်ရှ်နိုင်ငံတွင် ဖွင့်လှစ်ထားသော ဒုက္ခသည်စခန်းများကို အပြီးတိုင် ဖျက်သိမ်း၍ အေးအေးချမ်းချမ်းဖြင့် နေရပ်ကို အမြန်ပြန်စေချင်ပြီဖြစ်ကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်ရေး အထူးကိုယ်စားလှယ် ခရစ္စတင်းဘာဂနာ(Christine Schraner Burgener) က ပြောကြားခဲ့သည်။