အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
မြိုင်ကြီးငူဆရာတော် ဈာပနအခမ်းအနား ကျင်းပမည့် မြိုင်ကြီးငူ အထူးဒေသသို့ တပ် မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ယမန်နေ့က သွားရောက်ခဲ့သည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်သည် တာဝန်ရှိသူများ လိုက် ပါပြီး ယမန်နေ့ နံနက်တွင် နန်းဦး ဘေးမဲ့ကျောင်းသို့ သွားရောက်၍ ဘဝနတ်ထံ ပျံလွန်တော်မူခဲ့သည့် မြိုင်ကြီးငူ ဆရာတော် ဘဒ္ဒန္တသုဇန၏ ဥတုဇရုပ်ကလာပ်အား ဖူးမြော်ကြည်ညိုခဲ့ကြောင်း တပ်ချုပ်၏ ဝက်ဘ်ဆိုက်က သတင်းထုတ်ပြန်သည်။
ယင်းနောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က သာသ နာရေးဆိုင်ရာများ လျှောက်ထား တင်ပြရာတွင် ကျေးဇူးတော်ရှင် မြိုင်ကြီးငူဆရာတော်ကြီး ပျံလွန် တော်မူခြင်းသည် ဒေသအတွက်၊ ဒေသခံ တိုင်းရင်းသားများအ တွက်သာမက တိုင်းပြည်အတွက် ပါ ကြီးမားသည့် ဆုံးရှုံးမှုတစ်ခုဖြစ် ကြောင်း၊ ဆရာတော်ဘုရားကြီး သည် ကရင်ပြည်နယ်နှင့် မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းရေးအ တွက် သာသနာရေး လမ်းကြောင်းမှ ဆောင်ရွက်ပေးခဲ့သကဲ့သို့ ဒေသဖွံ့ဖြိုးတိုးတက်ရေးများမှတစ်ဆင့်ဗုဒ္ဓဘာသာဖွံ့ဖြိုးတိုးတက်ခိုင်မာ ရေး ဆောင်ရွက်ခဲ့ကြောင်း ထည့် သွင်းလျှောက်ထားခဲ့သည်။
‘‘ဆရာတော်ကြီးကို လာဖူး တယ်။ ဆန်တို့၊ သင်္ကန်းတို့၊ ဝတ္ထု ငွေတို့ ကပ်တာ’’ဟု ကရင်ပြည် နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အောင် မြတ်မိုးက ပြောသည်။
သက်တော် (၇၁)နှစ်ရှိ မြိုင်ကြီးငူဆရာတော် ဘဒ္ဒန္တသုဇန သည် ထိုင်းနိုင်ငံတွင် ဆေးကုနေ စဉ် အောက်တိုဘာ ၁၃ ရက်က ပျံလွန်တော်မူခဲ့ပြီး ရုပ်ကလာပ်ကို မြိုင်ကြီးငူဒေသသို့ ပြန်လည်သယ်ယူခဲ့သည်။ နိုဝင်ဘာ ၂၇ ရက်တွင် အန္တိမအဂ္ဂိဈာပနကျင်းပရန် စီစဉ်ထားသည်။ မြိုင်ကြီးငူဆရာတော်သည် ကရင်အမျိုးသားအစည်းအရုံး (KNU) မှ ခွဲထွက်ခဲ့သည့် DKBA ၏ ဦးဆောင်ဆရာတော်တစ်ပါးဖြစ်ကြောင်း ဒေသတွင်း သတင်းဌာနများက ဖော်ပြခဲ့သည်။
=======================
251 / End
၂၀ အောက်တိုဘာ ၂၀၁၈ - ၁၆:၄၅
News ID: 913614
မြိုင်ကြီးငူဆရာတော် ဈာပနအခမ်းအနား ကျင်းပမည့် မြိုင်ကြီးငူ အထူးဒေသသို့ တပ် မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ယမန်နေ့က သွားရောက်ခဲ့သည်။