အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ကယားပြည်နယ် အစိုးရက ကျူးကျော်နေထိုင်သူ များအဖြစ် သတ်မှတ်မှုကို ကန့် ကွက်ကြောင်း ဒေသခံ သုံးရာ ကျော်က ဒုတိယအကြိမ်ပြောင်း ဖူးသပိတ်ဆင်နွှဲသည်။
နိုဝင်ဘာ ၅ ရက် နံနက် ၉ နာရီကစ၍ ‘ဖိနှိပ်ခံပြည်သူများ မြေယာပိုင်ဆိုင်ခွင့် ရရှိရေးပြောင်း ဖူးလှုပ်ရှားမှုသပိတ် (ကယားပြည် နယ်)အမည်ဖြင့် ဆန္ဒထုတ်ဖော် သူ သုံးရာကျော်က ပြောင်းဖူးများ ကိုင်ဆောင်ကာ လွိုင်ကော်မြို့ ပေါ်တွင် သတ်မှတ်ထားသည့် လမ်းကြောင်းအတိုင်း စီတန်းလှည့်လည်၍ တရားဝင်ခွင့်ပြုချက်ဖြင့် ဆန္ဒထုတ်ဖော်ပြီးမွန်းလွဲ ၁ နာရီခန့်တွင် ရုပ်သိမ်းခဲ့သည်။
‘‘ကျွန်တော်တို့ တောင်းဆို ချက်တွေကို အစိုးရက မလိုက် လျောဘူး။ အစိုးရနဲ့ တွေ့ဆုံခွင့် ရဖို့ အကြိမ်ကြိမ်တောင်းဆိုပေ မယ့်လည်း အခုထိတွေ့ဆုံခွင့်မရ ဘူး။ ဒါကြောင့် ဒုတိယအကြိမ် လမ်းပေါ်ထွက်ပြီး တရားဝင် တောင်းဆိုတာပါ’’ ဟု ဆန္ဒထုတ် ဖော်ပွဲ ဦးဆောင်သူကိုဂူဂူးက ပြောသည်။
ဆန္ဒထုတ်ဖော်သူများက ‘ဖိ နှိပ်ခံပြည်သူများ တရားမျှတရေး တို့အရေး၊ ပြည်သူ့အိုးအိမ်မပ ပျောက်ရေး တို့အရေး၊ ပြည်သူ့ မြေများ တရားဝင်ရရှိရေး တို့အ ရေး၊ အစိုးရမှ တာဝန်ယူဖြေရှင်း ပေးရေး တို့အရေး၊ ဒီမိုကရေစီအ ခွင့်အရေးများ ရရှိရေး တို့အရေး၊ အမေစုကယ်ပါ’ ဟု ဆန္ဒထုတ် ဖော်ရာ လမ်းတစ်လျှောက် ကြွေး ကြော်ခဲ့သည်။
ပြောင်းဖူးများကိုင်ဆောင်၍ ဆန္ဒထုတ်ဖော်ခြင်းသည် ၄င်းတို့ လက်ရှိနေထိုင်နေသည့် နေရာမှ မပြောင်းရွှေ့ရရေး၊ ‘မပြောင်းဘူး၊ ပြောင်းဖူးသပိတ်’ ဟူ၍ အမည် တပ်ခြင်းဖြစ်ကြောင်း ဆန္ဒထုတ် ဖော်ပွဲဦးဆောင်သူများက ရှင်းပြ သည်။
ပြီးခဲ့သည့် စက်တင်ဘာ ၂၃ ရက်ကလည်း ‘ဖိနှိပ်ခံပြည်သူ မြေယာပိုင်ဆိုင်ရေးပြောင်းဖူး သပိတ်အမည်ဖြင့် ပြောင်းဖူးများ ကိုင်ဆောင်၍ ဒီမိုကရေစီနှင့်ဆန့် ကျင်သောလုပ်ရပ်များ အလိုမရှိ၊ ပြည်သူများ လွတ်လပ်စွာနေထိုင် ခွင့်ရရှိရေး... တို့အရေးစသည့် ကြွေးကြော်သံများဖြင့် လွိုင်ကော် မြို့ပေါ်တွင် ဆန္ဒထုတ်ဖော်ခဲ့ သည်။
ကယားပြည်နယ် အစိုးရက လွိုင်ကော်မြို့ နမ့်ဘော်ဝမ်းရှမ်း (က) ရပ်ကွက် အုပ်စု (၉) နေရာ သည် သာသနာ့နယ်မြေဖြစ်သ ဖြင့် ယင်းနေရာအတွင်း နေထိုင် သူများကို ကျူးကျော်နေထိုင်သူ များအဖြစ် သြဂုတ်အတွင်းသတ် မှတ်ခဲ့ကြောင်း ဆန္ဒထုတ်ဖော်ရာ တွင်ပါဝင်သည့် ဒေသခံများက ပြောသည်။
ကျူးကျော်အဖြစ် သတ်မှတ် ခဲ့သည့် အဆိုပါရပ်ကွက်အတွင်း နေထိုင်သူ လူ တစ်ရာကျော်နှင့် အိမ်ခြေ ၁၅၀ကျော် ရှိကြောင်း ကိုဂူဂူးက ပြောသည်။
လက်ရှိ သာသနာ့နယ်မြေဟု အစိုးရကသတ်မှတ်ခဲ့သည့် အဆို ပါမြေနေရာတွင် ၂၀၁၅ ကတည်း ကနေထိုင်ခဲ့ပြီး ၂၀၁၆ ၌ အဆိုပါ နေရာရှိအိမ်ခြေ ၁၅၀ ကျော်ကို ပြည်နယ်အစိုးရက ကျူးကျော် များဟု သတ်မှတ်ခဲ့ကြောင်း ဆန္ဒ ထုတ်ဖော်မှုတွင် ပါဝင်သည့် ဒေသခံများက ဆိုသည်။
လက်ရှိအငြင်းပွားနေသော မြေနေရာသည် ယခင်ကန္တရဝတီ စော်ဘွားကြီး လက်ထက်က တည်းက သာသနာ့နယ်မြေအ ဖြစ် လှူဒါန်းခဲ့ပြီး ယခင်အစိုးရ အဆက်ဆက်က သာသနာ့မြေကို မြေဂရန်ထုတ်ပေး၍ လူနေထိုင် ခွင့်ပြုခဲ့သဖြင့် ယခုကဲ့သို့ပြဿနာ ဖြစ်ပေါ်ခြင်းဖြစ်ကြောင်း စော် ဘွားကြီး၏ အနွယ်တော်တစ်ဦးက ပြောကြားထားသည်။
=======================
251 / End
၅ နိုဝင်ဘာ ၂၀၁၈ - ၁၈:၄၉
News ID: 915466
ကယားပြည်နယ် အစိုးရက ကျူးကျော်နေထိုင်သူ များအဖြစ် သတ်မှတ်မှုကို ကန့် ကွက်ကြောင်း ဒေသခံ သုံးရာ ကျော်က ဒုတိယအကြိမ်ပြောင်း ဖူးသပိတ်ဆင်နွှဲသည်။