အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ထိုင်းနိုင်ငံသို့ ရွှေ့ပြောင်း မြန်မာလုပ်သားများ လာရောက် လုပ်ကိုင်ရာတွင် လူကုန်ကူးခံရမှု များ ဆက်တိုက်ဖြစ်ပေါ်နေ၍ ပွဲစားများဖြင့် တရားမဝင် လာ ရောက်ခြင်းမပြုရန် ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာသံရုံးမှ အလုပ်သ မားသံအရာရှိ ဦးဆန်းမောင်ဦးက သတိပေးပြောကြားသည်။
‘‘ပွဲစားတွေနဲ့လာတော့ ဒီ ဘက်ရောက်ရင် အလုပ်အကိုင် မရှိ ဒုက္ခရောက်နေကြတာ။ နောက် စာရွက်စာတမ်းတွေက လည်း အတုတွေဖြစ်နေတော့ တရားမဝင်ဖြစ်ရော။ အဲဒါကြောင့် ပွဲစားတွေနဲ့ မလာဖို့ သတိပေးချင် တယ်’’ဟု ဦးဆန်းမောင်ဦးက ပြောသည်။
လက်ရှိတွင် မြန်မာလုပ်သား ၁၅ ဦး ပွဲစားများဖြင့် တရားမဝင် လာရောက်ပြီး ဒုက္ခရောက်နေ၍ သံအရာရှိရုံး၌ ခေါ်ဆောင်ထား ကြောင်း ၎င်းက ဆက်လက်ပြော သည်။
‘‘ထိုင်းကို လာပြီး လုပ်ကိုင် ကြမယ်ဆိုရင် တရားမဝင်လမ်း ကြောင်းက မြဝတီ-မဲဆောက် လမ်းကြောင်းပဲ ရှိတယ်’’ ဟု ဦးဆန်းမောင်ဦးက ပြောသည်။
အောက်တိုဘာ ၂၂ ရက်က လည်း မြန်မာလုပ်သားများကို တရားမဝင် လူကုန်ကူးမှုပြုလုပ် နေသော ထိုင်းနိုင်ငံသားတစ်ဦး နှင့် မြန်မာနိုင်ငံသား ခုနစ်ဦး စုစု ပေါင်းရှစ်ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးထားသည်။
အောက်တိုဘာ ၂၆ ရက် တွင် မြန်မာလုပ်သား ၂၆ ဦးကို ပွဲစားများက ခေါ်ဆောင်လာပြီး ထိုင်းနိုင်ငံ ဟတ်ရိုင်ခရိုင်အတွင်း ရှိ သစ်တောတစ်နေရာအတွင်း ပစ်ထားမှုဖြစ်ပွား၍ ထိုင်းရဲတပ်ဖွဲ့ က ဖမ်းဆီးခဲ့သည်။
အောက်တိုဘာ ၁၈ ရက်က လည်း ဆုန်ခလာပြည်နယ်ရှိ ရော် ဘာခြံအတွင်း ပွဲစားများက စွန့်ပစ်ထားသော မြန်မာလုပ်သား ၁၈ ဦး ကို ထိုင်းရဲတပ်ဖွဲ့က တွေ့ရှိခဲ့ သည်။
ရွှေ့ပြောင်းမြန်မာလုပ်သား များကို လူကုန်ကူးမှုပြုလုပ်နေ သော ပွဲစားများသည် လုပ်သားတစ်ဦးလျှင် ကျပ်ခြောက်သိန်း အနည်းဆုံး ပေးဆောင်ရလေ့ရှိ ကြောင်း ထိုင်းရောက် မြန်မာအဖွဲ့ အစည်းများက ပြောသည်။
ထိုင်းနိုင်ငံတွင် အလုပ်လုပ် ကိုင်နေသော မြန်မာလုပ်သားများ အပေါ် အမြတ်ထုတ်နေသော ပွဲ စားများတွေ့ရှိပါက ထိထိရောက် ရောက် အရေးယူနိုင်ရေး တိုင်ကြားရန် ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ၂၀၁၇ နိုဝင်ဘာတွင် ပြောဆိုထားသည်။
=======================
251 / End
၆ နိုဝင်ဘာ ၂၀၁၈ - ၁၅:၀၅
News ID: 915575
ထိုင်းနိုင်ငံသို့ ရွှေ့ပြောင်း မြန်မာလုပ်သားများ လာရောက် လုပ်ကိုင်ရာတွင် လူကုန်ကူးခံရမှု များ ဆက်တိုက်ဖြစ်ပေါ်နေ၍ ပွဲစားများဖြင့် တရားမဝင် လာ ရောက်ခြင်းမပြုရန် ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာသံရုံးမှ အလုပ်သ မားသံအရာရှိ ဦးဆန်းမောင်ဦးက သတိပေးပြောကြားသည်။