အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အမေရိကန်နိုင်ငံ ခြားရေးဝန်ကြီးဌာန ဒုလက် ထောက်ဝန်ကြီး ရစ်ချက်အောဘ ရိုက်၊ မြန်မာနိုင်ငံဆိုင်ရာ အမေ ရိကန်သံအမတ်ကြီး စကော့မာစီ ရယ်နှင့်အဖွဲ့သည် ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ယမန်နေ့က ရောက်ရှိလာပြီး သက္ကယ်ပြင်ဘင်္ဂါလီ ကယ်ဆယ်ရေးစခန်းသို့ သွား ရောက်လေ့လာခဲ့သည်။
‘‘အဓိကကတော့ စားဝတ်နေ ရေး၊ ပညာရေး၊ ကျန်းမာရေးကိစ္စ တွေကို မေးပါတယ်’’ဟု သက္ကယ် ပြင်ကယ်ဆယ်ရေးစခန်းမှ ဘင်္ဂါ လီတစ်ဦးကပြောသည်။ ယင်းအဖွဲ့သည် စစ်တွေမြို့တွင် ရခိုင်အမျိုးသားပါတီမှ တာဝန်ရှိသူအချို့နှင့် ဆွေးနွေးခဲ့သည်။
အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုလက်ထောက်ဝန် ကြီး အပါအဝင် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်နှင့်အဖွဲ့ သည် နိုဝင်ဘာ ၈ ရက် (ယနေ့)တွင် ဘူးသီးတောင်မြို့သို့ သွားရောက်ကာ ဒေသခံများ၊ ဘင်္ဂါလီများနှင့် တွေ့ဆုံရန်ရှိကြောင်း သတင်းရရှိသည်။
ရခိုင်ပြည်နယ်တွင် ၂၀၁၂ က ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့် ဘင်္ဂါလီအချို့သည် ကယ်ဆယ်ရေးစခန်းများတွင် နေထိုင် နေရပြီး ၂၀၁၇ သြဂုတ်က ဖြစ်ပွားသည့် မောင်တောအကြမ်းဖက်မှု ကြောင့် ရခိုင်နှင့် ဟိန္ဒူမိသားစုဝင်အချို့ ဒုက္ခသည်စခန်းများတွင် နေထိုင်နေရသည်။
=======================
251 / End
၇ နိုဝင်ဘာ ၂၀၁၈ - ၁၆:၅၀
News ID: 915701