အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု စီးနင်းလိုက်ပါတဲ့ မော်တော်ယာဉ်ဟာ ဒီကနေ့ မနက်ပိုင်း ရန်ကုန် - စစ်တွေကားလမ်းမ ဘေးကို ထိုးကျ မှု ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
မြောက်ဦးမြို့ ၊ ဆင်ချ ဆိပ် ရပ်ကွက်အနီး ရန်ကုန် - စစ်တွေ ကားလမ်းမဘေးကို ထိုးကျ သွားခဲ့တာပါ။
ဒီဖြစ်စဉ်မှာ မော်တော်ယာဉ်ပေါ်မှာလိုက်ပါလာတဲ့ ဝန်ကြီးချုပ် ဦးညီပု ဟာ တစ်စုံတစ်ရာ ထိခိုက်မှု မရှိဘဲ လက်ရှိအချိန်မှာတော့ စစ်တွေမြို့ ကို ရောက်ရှိနေပြီလို့ ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ တာဝန်ရှိသူတစ်ဦး က ဆိုပါတယ်။
မနေ့က နေပြည်တော်မှာကျင်းပတဲ့ ကျောက်ဖြူ ရေနက်ဆိပ်ကမ်းစီမံကိန်း လက်မှတ်ရေးထိုးပွဲကို သွားရောက် တက်အပြီး ဒီကနေ့ မနက်ပိုင်း စစ်တွေကိုပြန်လာချိန်မှာ ဒီမတော်တဆမှု ဖြစ်ပွားခဲ့တာလို့ ကနဦးသတင်းအရ သိရပါတယ်။
ပြီးခဲ့တဲ့ နှစ် အတွင်းကလည်း ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် လိုက်ပါလာတဲ့ ယာဉ်ဟာ စက်ပိုင်းဆိုင်ရာ ချို့ယွင်းမှုဖြစ်ပြီး လမ်းဘေးကျွန်းပင်ကို ဝင်တိုက်မိကာ ဝန်ကြီးချုပ်ဟာ ဒဏ်ရာ ရခဲ့ပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှု ခဲ့ယူခဲ့ရပါတယ်။
ဒါအပြင် ဧရာဝတီတိုင်းဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်စဉ်က ဦးမန်းဂျော်နီရဲ့ ယာဉ်ဟာလည်း ပြီးခဲ့တဲ့ နှစ်အတွင်းက ပုသိမ်ကနေ နေပြည်တော်ကိုအသွားမှာ ယာဉ်မတော်တဆမှုဖြစ်ခဲ့ပါသေးတယ်။
=======================
251 / End
၉ နိုဝင်ဘာ ၂၀၁၈ - ၁၄:၁၅
News ID: 915917
ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု စီးနင်းလိုက်ပါတဲ့ မော်တော်ယာဉ်ဟာ ဒီကနေ့ မနက်ပိုင်း ရန်ကုန် - စစ်တွေကားလမ်းမ ဘေးကို ထိုးကျ မှု ဖြစ်ခဲ့တယ်လို့ သိရပါတယ်။