အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဆိုက်ဘာကွန်ရက်ပေါ်တွင် ဖြစ်ပွားနေသည့် အနိုင်ကျင့်မှု၊ ခြိမ်းခြောက်မှု၊ နှောင့်ယှက်မှုများနှင့်ပတ်သက်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဆွေးနွေးပွဲ ၁၀၀ ပြုလုပ်မည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း တာဝန်ရှိသူ ဦးသိန်းဟုတ်က ပြောသည်။
အဆိုပါ ဆွေးနွေးပွဲများ သည် မိုဘိုင်းဖုန်းအသုံးပြုသူ သုံး သောင်းကျော်ကို ထိရောက်သည့် ဆွေးနွေးမှုများ ပြုလုပ်ပေးနိုင်မည် ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း က မျှော်လင့်ထားသည်။ ဆွေး နွေးပွဲကို ပြင်ပပညာရှင်များနှင့်အ တူ မြန်မာ့ဆက်သွယ်ရေးလုပ် ငန်းက ဦးဆောင်ကာ ပြုလုပ်မည် ဟု ဦးသိန်းဟုတ်က ပြောသည်။
ဆွေးနွေးပွဲများကို ၂၀၁၉ မတ်လအထိ ပြုလုပ်မည်ဖြစ်ပြီး အထူးသဖြင့် လူငယ်များအကြား အင်တာနက်အသုံးပြုရာတွင် လိမ်လည်ခြင်း၊ ခိုးယူခြင်း၊ နှောင့် ယှက်ခြင်းစသည့် အကြောင်းအ ရာများ ဖြစ်ပွားမှု လျှော့ချရန် ရည် ရွယ်ထားသည်။
မြန်မာ့ဆက်သွယ်ရေးလုပ် ငန်းကဲ့သို့ အသိပညာပေးဟော ပြောပွဲများ ပြုလုပ်ပေးသည့် ဆက်သွယ်ရေးအော်ပရေတာ တယ်လီ နောသည် အောက်တိုဘာကစတင် ကာ ၎င်းတို့၏ ပညာပေးအစီအစဉ် ၌ အင်တာနက်ပေါ်ရှိ သတင်းတု များနှင့်ပတ်သက်သော ခေါင်းစဉ် အသစ်ကို ထည့်သွင်းခဲ့သည်။
တယ်လီနောက ဘေးကင်း သော အင်တာနက်အသုံးပြုနည်း အသိပညာပေး အစီအစဉ်ကို ၂၀၁၆ တွင် စတင်ခဲ့သော်လည်း သတင်းအတုနှင့်ပတ်သက်သည့် အသိပညာပေးအစီအစဉ်ကို အောက်တိုဘာ ဒုတိယပတ်တွင် စတင်ခဲ့ခြင်း ဖြစ်သည်။
ပုံမှန်အသိပညာပေးသည့် အစီအစဉ်တွင် အင်တာနက်၏ အကျိုးကျေးဇူးအပါအ၀င် အမုန်း စကားဖြန့်ဖြူးခြင်း၊ စကားဝှက်ခိုး ယူခံရခြင်း၊ အင်တာနက်အသုံး ပြု၍ အနိုင်ကျင့်ခြင်း၊ အင်တာ နက်ပေါ်ရှိ လိင်ပိုင်းဆိုင်ရာ ခေါင်း ပုံဖြတ်ခြင်း၊ ညစ်ညမ်းစာနှင့် ဓာတ်ပုံများပေးပို့ခြင်းစသည့် အန္တ ရာယ်များကို ကျော်လွှားနိုင်ရန် သင်ကြားပေးခြင်း ဖြစ်သည်။
ယင်းသို့သော ဆွေးနွေးပွဲ များကို ဒေသအလိုက်ကျင်းပခြင်း ကြောင့် ရာဇ၀တ်မှုများ လျော့ကျ လာနိုင်သည်ဟု ကုမ္ပဏီဝန်ထမ်း ကိုဟိန်းစိုးကပြောသည်။
‘‘ဆိုက်ဘာပေါ်မှာ မတင် သင့်တာတွေသိလာရင် တချို့ရာ ဇ၀တ်မှုတွေက လျော့လာမှာပဲ။ အမျိုးသမီးတွေ ခြိမ်းခြောက်ခံရ တာနဲ့ပတ်သက်ပြီး ဘယ်တိုင်ရ မှန်းမသိတာတွေကို ရှင်းပြပေး တာလည်း ကောင်းမွန်တဲ့အချက် ပဲ’’ဟု ၎င်းကမှတ်ချက်ပြုသည်။
=======================
251 / End
၁၄ နိုဝင်ဘာ ၂၀၁၈ - ၁၄:၄၅
News ID: 916561
ဆိုက်ဘာကွန်ရက်ပေါ်တွင် ဖြစ်ပွားနေသည့် အနိုင်ကျင့်မှု၊ ခြိမ်းခြောက်မှု၊ နှောင့်ယှက်မှုများနှင့်ပတ်သက်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဆွေးနွေးပွဲ ၁၀၀ ပြုလုပ်မည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း တာဝန်ရှိသူ ဦးသိန်းဟုတ်က ပြောသည်။