၁၇ နိုဝင်ဘာ ၂၀၁၈ - ၁၆:၀၆
ရခိုင်ပြည်နယ်လွှတ်တော် အထူးအစည်းအဝေးခေါ်ယူ  ရခိုင်ပြည်နယ် လွှတ်တော်အစည်းအဝေးကျင်းပနေစဉ်

ကြားဖြတ်ရွေး ကောက်ပွဲတွင် အနိုင်ရခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးနှင့် အပြောင်းအလဲ ပြုလုပ်ခဲ့ သည့် တပ်မတော်သား လွှတ် တော်ကိုယ်စားလှယ်တစ်ဦး ကတိသစ္စာပြုရန် ရခိုင်ပြည်နယ် လွှတ်တော်အထူးအစည်းအဝေး ခေါ်ယူထားသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


 ကြားဖြတ်ရွေး ကောက်ပွဲတွင် အနိုင်ရခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးနှင့် အပြောင်းအလဲ ပြုလုပ်ခဲ့ သည့် တပ်မတော်သား လွှတ် တော်ကိုယ်စားလှယ်တစ်ဦး ကတိသစ္စာပြုရန် ရခိုင်ပြည်နယ် လွှတ်တော်အထူးအစည်းအဝေး ခေါ်ယူထားသည်။

အထူးအစည်းအဝေးကို နို ၀င်ဘာ ၂၇ ရက်တွင် ကျင်းပမည် ဖြစ်ပြီး အစည်းအဝေးတက်ရန် လွှတ်တော်ကိုယ်စားလှယ်များ ကို ဖိတ်ကြားထားကြောင်း လွှတ် တော်ဒုတိယဥက္ကဋ္ဌ ဦးမြသန်းက ပြောသည်။

‘‘အကြောင်းအရာကတော့ ကြားဖြတ်ရွေးကောက်ပွဲက တက် လာတဲ့ ဦးတင်မောင်ဝင်း ကတိ သစ္စာပြုဖို့၊ နောက်တပ်မတော် သား ကိုယ်စားလှယ်တစ်ဦး အ ပြောင်းအလဲ ဖြစ်တယ်။ သူတို့ ကတိသစ္စာပြုမယ်။ တရားသူကြီး တစ်ဦးခန့်ဖို့ အဆိုပြုလွှာရောက်လာဖို့ လွှတ်တော်က အတည်ပြုပေးရမှာပါ’’ ဟု ၎င်းကဆိုသည်။

ရခိုင်ပြည်နယ် လွှတ်တော် တွင် ရသေ့တောင် မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော် ကိုယ်စား လှယ်တစ်ဦး ကွယ်လွန်သဖြင့် ကျင်းပသော ကြားဖြတ်ရွေး ကောက်ပွဲတွင် ဒေါက်တာအေး မောင်၏ သားဦးတင်မောင်ဝင်း အနိုင်ရရှိပြီး ၎င်းသည်ယခုကျင်းပ မည့် လွှတ်တော်အထူးအစည်း အဝေးတွင် ကတိသစ္စာပြုရမည် ဖြစ်သည်။

=======================
251 / End