၂၀ နိုဝင်ဘာ ၂၀၁၈ - ၂၀:၂၉
 ပြည်ပချေးငွေဖြင့် ပြုလုပ်မည့် ရန်ကုန်စီမံကိန်းအချို့ ဒီချုပ်အမတ်များ ကန့်ကွက် ရန်ကုန်စည်ပင်၏ ပြည်ပ ကြွေးမြီ ကန်ဒေါ်လာ သန်း ၇၀၀ ခ

ရန်ကုန်တိုင်းအတွင်း စည်ပင်သာယာရေး ဌာနက ဆောင်ရွက်မည့် စီမံကိန်းများအတွက် ပြည်ပချေး ငွေ ချေးယူမည့်ကိစ္စကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်များက ကန့်ကွက်ခဲ့သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ရန်ကုန်တိုင်းအတွင်း စည်ပင်သာယာရေး ဌာနက ဆောင်ရွက်မည့် စီမံကိန်းများအတွက် ပြည်ပချေး ငွေ ချေးယူမည့်ကိစ္စကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်များက ကန့်ကွက်ခဲ့သည်။

ရန်ကုန်မြို့၌ မြစ်ကြောင်းတူးဖော်ရေးလုပ်ငန်းများ၊ မြို့ပြယဉ်ကျေးမှုထိန်းသိမ်းရေး စီမံကိန်းများ ဆောင်ရွက် ရန် ပြင်သစ်ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ(AFD)ထံမှ ယူရိုငွေ သန်း ၇၀ ချေးယူလိုကြောင်း သမ္မတက ပြည်ထောင်စုလွှတ် တော်သို့ တင်ပြသည့်အပေါ် ဒီချုပ်အမတ်များက ယမန် နေ့တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်း အဝေး၌ ကန့်ကွက်ခဲ့ခြင်းဖြစ်သည်။

အရေးတကြီး မဖြစ်မနေဆောင်ရွက်ရမည့် ကိစ္စများ ကိုသာ ပြည်ပချေးငွေဖြင့် ဆောင်ရွက်ရမည်ဖြစ်ပြီး ရန်ကုန် တိုင်းအတွင်း ယခုဆောင်ရွက်မည့် စီမံကိန်းများသည် ချေးငွေဖြင့် ဆောင်ရွက်ရန် မလိုသည့်လုပ်ငန်းများသာဖြစ်ကြောင်း ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဒေါက်တာ ခင်မောင်မောင်က ပြောသည်။

‘‘အဓိကလား၊ သာမညလား ခွဲခြားဖို့လိုတယ်။ ပြည်ပချေးငွေ ယူတယ်ဆိုတာ နိုင်ငံတော်ရဲ့ ကြွေးမြီပါ၊ ပြန်ဆပ်ရမှာပါ။ ချေး ငွေဆိုတာ တကယ်လိုအပ်မှ ချေး ရတာ။ တိုင်းပြည်က ၀န်ထုပ် ၀န် ပိုးဖြစ်ပါတယ်။ မလိုအပ်တာကို မချေးနဲ့လို့ ပြောချင်ပါတယ်’’ဟု ၎င်းကအစိုးရအဖွဲ့အား အကြံပြု သည်။

မြို့တွင်း ရေကြီး၊ ရေလျှံမှု ကို ကာကွယ်ရန် ငမိုးရိပ်ချောင်း နှင့် ပုဇွန်တောင်ချောင်းတူးဖော် ခြင်း၊ မြစ်ကမ်းပါးအလှဆင်ခြင်း၊ ပုဇွန်တောင်ဈေးအဆင့်မြှင့်တင် ခြင်း၊ ပန်းခြံအဆင့်မြှင့်တင်ခြင်း၊ ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက လွှတ်တော်သို့ တင်ပြထားသည်။

ငမိုးရိပ်ချောင်းနှင့် ပုဇွန် တောင်ချောင်းကို တူးဖော်စရာမ လိုကြောင်း၊ ငမိုးရိပ်ချောင်းဘေး နေလာသည်မှာ ၁၉ နှစ်ရှိပြီဖြစ်ပြီး ကြီးကြီးမားမား ရေလျှံသည်ဟူ ၍ မရှိကြောင်း၊ မြို့တွင်း ရေလျှံသည်မှာ မြစ်ချောင်းတိမ်ကောမှုကြောင့် မဟုတ်ကြောင်း ဒေါက်တာ ခင် မောင်မောင်က ပြောသည်။

‘‘ရန်ကုန်မြို့ထဲမှာ လမ်းတွေ မကောင်းဘူး၊ ညအခါ လမ်းမီး တွေ မရှိဘဲ မှောင်ကျနေတဲ့ကိစ္စ။ ဒါကိုတောင် စည်ပင်သာယာက မဖြေရှင်းနိုင်ဘူး၊ ရေထဲက ကိစ္စ တွေကို သွားလုပ်နေတော့။ အဲဒီ ချောင်းက ရန်ကုန်တိုင်းအတွက် အရေးပါတဲ့ သယ်ယူပို့ဆောင် ရေးကိစ္စတွေ မလုပ်ပါဘူး’’ဟု ၎င်းကပြောသည်။

ယင်းအပြင် ပုဇွန်တောင် ဈေးအဆင့်မြှင့်တင်မည့် ကိစ္စနှင့်ပတ်သက်၍ ဒေါက်တာခင်မောင်မောင်က ‘‘ဈေးအဆင့်မြှင့်တင် မယ့်ကိစ္စဟာ နိုင်ငံခြားက ငွေချေးဖို့ မလိုပါဘူး။ BOT ခေါ်လိုက်ပါ။ လုပ်ချင်သူ၊ လုပ်နိုင်သူအများကြီး ပဲ’’ဟု ဆိုသည်။

နိုင်ငံခြားချေးငွေဖြင့် ငမိုး ရိပ်ချောင်း အဆင့်မြှင့်တင်ပြီးပါ က ချောင်းဆိပ်ခံမှတစ်ဆင့် ကား လမ်း၊ ရထားလမ်းများနှင့် သုံးလမ်း ဆုံ၍ ဆက်သွယ်သွားလာနိုင်မည် ဖြစ်ကြောင်း ၀န်ကြီးဌာနက တင် ပြထားသည်။ ယင်းအပေါ် ‘‘ငမိုး ရိပ်ဘူတာက သင်္ဃန်းကျွန်းထဲ က ရပ်ကွက်ထဲမှာ ရှိနေပြီးသား၊ ကားလမ်းနဲ့လည်း နီးတယ်၊ အဆင် ပြေနေပြီးသား။ ဒါကိုဒီလိုသုံး လမ်းဆုံ လုပ်မယ်ဆိုတော့ Water Taxi ဆွဲနေတဲ့ ကုမ္ပဏီအတွက် လုပ်ပေးတာပါ။ ဒါက ’’ဟု ဒေါက် တာခင်မောင်မောင်က ဆိုသည်။

ရန်ကုန်တိုင်း စည်ပင်သာ ယာဌာနက ယခုချေးယူမည့် ချေး ငွေအပါအ၀င် ယခင်က ချေးယူ ထားသည့် ချေးငွေများနှင့် ပေါင်းပါက ပြန်ဆပ်ရမည့် ချေးငွေစုစု ပေါင်း ဒေါ်လာသန်း ၇၀၀ ခန့် ရှိနေပြီဖြစ်ကြောင်း ဂန့်ဂေါမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဒေါ်ယဉ်မင်းလှိုင်က ပြောသည်။

‘‘ကြွေးမြီးသန်း ၇၀၀ နီးပါးရှိ သွားမှာဖြစ်လို့ သူတို့ဘာသာ ပြန် ဆပ်ရမှာဆိုပေမယ့် တိုင်းပြည်က အာမခံပေးရတာ ဆိုတာကိုလည်း ထည့်သွင်းစဉ်းစားရမှာ ဖြစ်ပါ တယ်’’ဟု ၎င်းကဆိုသည်။

လိုအပ်ချက်များပြားနေသည့် မြန်မာနိုင်ငံတွင် အခြေခံ လိုအပ်ချက်၊ မရှိမဖြစ် လိုအပ်ချက်၊ အရေးကြီးလိုအပ်ချက်ဟူ၍ ခွဲခြားပြီး နိုင်ငံခြားချေးငွေများကို စီမံအသုံးပြုသင့်ကြောင်း ဒေါ်ယဉ်မင်းလှိုင်က ဆိုသည်။

မြန်မာနိုင်ငံ၌ ပညာရေး၊ ကျန်းမာရေး၊ ရေကြီးရေလျှံနှင့် သဘာဝဘေးကြောင်း ရွှေ့ပြောင်း နေရသည့် ရပ်ရွာများ၊ ပျက်စီး သွားသည့် လယ်ယာများစသည် ဖြင့် ဦးစားပေးဆောင်ရွက်သည့် ကိစ္စ များစွာရှိကြောင်း၊ ရန်ကုန် မြို့ကို အဆင့်မြှင့်တင်မည်ဆိုပါ က ပညာရှင်များနှင့် စနစ်တကျ လေ့လာဆန်းစစ်ကာ ဆောင်ရွက် သင့်ကြောင်း ၎င်းကထောက်ပြ သည်။

ရန်ကုန်မြို့တွင်း ခြောက် မြို့နယ် ရေစီးရေလာကောင်းမွန်ရေး၊ ရေမြောင်းစနစ် ကောင်းမွန်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ပြီးခဲ့သည့်နှစ်က ပြည်ပချေးငွေကန်ဒေါ်လာ ၁၀၄ သန်း ချေးယူခဲ့သည်။ ယင်းချေးငွေများ မည်သည့်နေရာ၌ မည်ကဲ့သို့ အသုံးပြုခဲ့သည်ကိုပင် မသိရကြောင်း၊ ယင်းပမာဏဖြင့် ရန်ကုန်တစ်မြို့လုံးရှိ ရေမြောင်း အားလုံးကို ပြုပြင်၍ရကြောင်း ဒေါက်တာ ခင်မောင်မောင်က ထောက်ပြသည်။

ယင်းကန့်ကွက်ဆွေးနွေးမှု များအပေါ် သက်ဆိုင်ရာဝန်ကြီး ဌာနက ပြန်လည်ရှင်းလင်းမည် ဖြစ်ပြီး လွှတ်တော်က သဘောတူ၊ မတူ ဆုံးဖြတ်မည်ဖြစ်သည်။

=======================
251 / End