အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေဖြင့် ထောင်ဒဏ်ခုနစ် နှစ်စီ ချမှတ်ခံထားရသော ရိုက် တာ သတင်းထောက်နှစ်ဦးအ တွက် အယူခံတင်သွင်းမှုကို ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်ရုံးက လက်ခံခဲ့ကြောင်း သတင်းထောက်နှစ်ဦး၏ ရှေ့နေ ဦးသန်းဇော်အောင်က ပြောကြား သည်။
အယူခံတင်သွင်းမှုကို လက် ခံ၍ လျှောက်လဲချက်ပေးရန် ဆင့်ခေါ်မည့်ရုံးချိန်းကို စောင့် ဆိုင်းနေကြောင်း တရားလွှတ် တော်ရှေ့နေ ဦးသန်းဇော်အောင် က ပြောသည်။
‘‘နောက်ဆက်တွဲအနေနဲ့ လာမှာကတော့ လျှောက်လဲချက် တွေပေးရမယ်။ လျှောက်လဲချက် ပေးရမယ့်ရက်ကို တရားရုံးက လှမ်းခေါ်မှာပေါ့။ ကျွန်တော်တို့က အမှုခေါ်မယ့်အချိန်ကို ထိုင်စောင့် နေတယ်’’ဟု ၎င်းကဆက်လက် ပြောသည်။
ရိုက်တာသတင်းထောက် နှစ်ဦးအတွက် အမှုခေါ်စာရင်း သည် ဒီဇင်ဘာအထိ မပါရှိသေး ဘဲ လာမည့်ဇန်န၀ါရီတွင် ဖြစ်နိုင် ကြောင်း ဦးသန်းဇော်အောင်က ပြောသည်။
အယူခံတင်သွင်းမှုကို လက် ခံခဲ့ခြင်းသည် သတင်းထောက် နှစ်ဦးအတွက် ကောင်းသည့်လက္ခ ဏာဖြစ်ကြောင်း တရားလွှတ် တော်ရှေ့နေ ဦးကြီးမြင့်က သုံး သပ်သည်။
‘‘လက်ခံလိုက်ရင် နှစ်ဖက် လျှောက်လဲချက်ပေးရမှာပေါ့။ ပြီး ရင် အမိန့်ချပေးမှာပေါ့။ လက်ခံ လိုက်တာက ကောင်းတဲ့လက္ခ ဏာပေါ့။ လက်မခံရင်သာ တရား ရုံးချုပ်ကို ဆက်တက်ရမှာပေါ့’’ ဟု ရှေ့နေဦးကြီးမြင့်က ပြော သည်။
ရိုက်တာသတင်းထောက် နှစ်ဦးအတွက် ပထမဆုံးတင်သွင်း သည့် အယူခံကို ရန်ကုန်တိုင်းဒေ သကြီး တရားလွှတ်တော်ရုံးသို့ နိုဝင်ဘာ ၅ ရက်က တင်သွင်းထား ခြင်းဖြစ်သည်။
စာငါးမျက်နှာပါရှိသည့် အယူခံတွင် ရိုက်တာသတင်း ထောက်နှစ်ဦး အမှုနှင့်ပတ်သက်ပြီး မှားယွင်းသုံးသပ်ချက်များနှင့် အမှုအားနည်းချက်များကို ရေး သားထားကြောင်း ဦးသန်းဇော် အောင်က ပြောသည်။
အကျဉ်းကျခံ သတင်း ထောက်နှစ်ဦးသည် လွတ်ငြိမ်း ချမ်းသာခွင့်ကို မျှော်လင့်နေ ကြောင်း ရိုက်တာသတင်းထောက် ကိုဝလုံး၏ဇနီး မပန်းအိမွန်က ပြောသည်။
သတင်းထောက်နှစ်ဦးကို လွှတ်ပေးရန် ကမ္ဘာတစ်ဝန်းရှိ လူ့အခွင့်အရေးအဖွဲ့အစည်း ၅၀ ကျော်က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ နိုဝင်ဘာ ၅ ရက်စွဲဖြင့် အိတ်ဖွင့်ပေးစာတစ်စောင် ပေးပို့ထားသည်။
ရိုက်တာသတင်းထောက် နှစ်ဦးကို ထောင်ဒဏ်ချမှတ်ခြင်း သည် သန်းပေါင်းများစွာသော အမေရိကန်ပြည်သူများအား များစွာ စိုးရိမ်သောကရောက်စေ ကြောင်းနှင့် မြန်မာနိုင်ငံ၌ ဒီမိုက ရေစီနည်းကျ လွတ်လပ်သောသ တင်းမီဒီယာကို အမေရိကန်အစိုး ရက မြင်တွေ့လိုကြောင်း အမေရိ ကန်ဒုသမ္မတမိုက်ပင့်စ်က နိုင်ငံ တော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည်နှင့် နိုဝင်ဘာ ၁၄ ရက်တွင် စင်ကာပူနိုင်ငံ၌တွေ့ ဆုံစဉ် တိုက်တွန်းခဲ့သည်။
ရိုက်တာသတင်းထောက် နှစ်ဦးကို နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေဖြင့် မြောက်ပိုင်းခရိုင် တရားရုံးက စက်တင်ဘာ ၃ ရက် တွင် ထောင်ဒဏ်ခုနစ်နှစ်စီ အမိန့် ချမှတ်ခဲ့သည်။ ထို့ကြောင့် ရိုက်တာသတင်းထောက်နှစ်ဦး အကျဉ်းကျခံရသည်မှာ နှစ်လကျော်ပြီဖြစ်သည်။
ထို့အပြင် ၎င်းတို့နှစ်ဦးကို ၂၀၁၇ ဒီဇင်ဘာ ၁၂ ရက်ကတည်း က ဖမ်းဆီးထားခြင်းဖြစ်သော ကြောင့် စုစုပေါင်းအကျဉ်းကျခံရ သည်မှာ ၁၁ လရှိပြီဖြစ်သည်။
=======================
251 / End
၂၂ နိုဝင်ဘာ ၂၀၁၈ - ၁၅:၀၀
News ID: 917685
နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေဖြင့် ထောင်ဒဏ်ခုနစ် နှစ်စီ ချမှတ်ခံထားရသော ရိုက် တာ သတင်းထောက်နှစ်ဦးအ တွက် အယူခံတင်သွင်းမှုကို ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်ရုံးက လက်ခံခဲ့ကြောင်း သတင်းထောက်နှစ်ဦး၏ ရှေ့နေ ဦးသန်းဇော်အောင်က ပြောကြား သည်။