၂၄ နိုဝင်ဘာ ၂၀၁၈ - ၁၉:၅၁
နည်းပညာဆိုင်ရာ စွန့်ဦးတီထွင်လုပ်ငန်းရှင်များ ပေါ်ထွက်လာရေး ဆွေးနွေးပွဲကျင်းပ

နည်းပညာဆိုင်ရာ စွန့် ဦးတီထွင်လုပ်ငန်းရှင်များ ပေါ် ထွက်လာစေရန် ရည်ရွယ်၍ မြန် မာနိုင်ငံ ကွန်ပျူတာအသင်းချုပ် နှင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း က နိုဝင်ဘာ ၂၄ ရက်တွင် ရန်ကုန် မြို့၌ ဟောပြောဆွေးနွေးခဲ့သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


နည်းပညာဆိုင်ရာ စွန့် ဦးတီထွင်လုပ်ငန်းရှင်များ ပေါ် ထွက်လာစေရန် ရည်ရွယ်၍ မြန် မာနိုင်ငံ ကွန်ပျူတာအသင်းချုပ် နှင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း က နိုဝင်ဘာ ၂၄ ရက်တွင် ရန်ကုန် မြို့၌ ဟောပြောဆွေးနွေးခဲ့သည်။

 မြန်မာလူငယ်နည်းပညာ စွန့်ဦးတီထွင်ပြိုင်ပွဲ၏ တစ်စိတ် တစ်ပိုင်းအနေဖြင့် ဟောပြော ဆွေးနွေးခြင်းဖြစ်သည်။ ယင်းပွဲတွင် အာရှဒေသ ကိုးနိုင်ငံ၌ အောင်မြင်နေသည့် မြန်မာနိုင်ငံသား စွန့်ဦးတီထွင်လုပ်ငန်းရှင် ဦးအောင်ကျော်မိုး (2C2P တည်ထောင်သူ)က ၎င်း၏အတွေ့အ ကြုံများ လာရောက်မျှဝေခဲ့သည်။

 ဟောပြောဆွေးနွေးပွဲတွင် စကားဝိုင်းနှစ်ခု ထည့်သွင်းပြီး နည်းပညာကုမ္ပဏီများမှ အတွေ့ အကြုံရှိသူများနှင့် စွန့်ဦးတီထွင် လုပ်ငန်းရှင်များ ပါဝင်ဆွေးနွေး သည်။ အဆိုပါ ဆွေးနွေးပွဲသို့ ကျောင်းသား၊ ကျောင်းသူများ၊ နည်းပညာဆိုင်ရာ စွန့်ဦးတီထွင် နေသည့် လူငယ်များ တက်ရောက်ခဲ့သည်။

မြန်မာနိုင်ငံ ကွန်ပျူတာအ သင်းချုပ်နှင့် မြန်မာ့ဆက်သွယ် ရေးလုပ်ငန်းတို့ ပူးပေါင်းဆောင် ရွက်သည့် ဒုတိယအကြိမ် မြန်မာ လူငယ် နည်းပညာစွန့်ဦးတီထွင် ပြိုင်ပွဲအတွက် အနိုင်ရအဖွဲ့သုံးဖွဲ့ ကို ၂၀၁၉ ဖေဖော်ဝါရီတွင် အပြီး သတ်ရွေးချယ်မည်ဖြစ်သည်။

အနိုင်ရအဖွဲ့သုံးဖွဲ့ကို မြန် မာ့ဆက်သွယ်ရေး လုပ်ငန်းက ကုမ္ပဏီလိုင်စင်လျှောက်ထားပေး မည့်အပြင် ဆုငွေအဖြစ် တစ်ဖွဲ့ လျှင် ကျပ်သိန်း ၈၀ ပေးအပ်မည် ဖြစ်သည်။

အလားတူ မြန်မာနိုင်ငံ ကွန် ပျူတာအသင်းချုပ်က အနိုင်ရအဖွဲ့သုံးဖွဲ့ကို ကနောင် Hub ၌ ခြောက်လကြာ လုပ်ငန်းလည်ပတ်ရန် နေရာပေးမည်ဖြစ်သည်။

=======================
251 / End