၂၄ နိုဝင်ဘာ ၂၀၁၈ - ၂၀:၀၆
ပြည်ပရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်ရေး နည်းစနစ်များ လွယ်ကူအောင် ဆောင်ရွက်ပေးမည်ဟု ဝန်ကြီး ဦးသောင်းထွန်းပြော

နိုင်ငံခြားရင်းနှီး မြှုပ်နှံမှု ဆောင်ရွက်ရန် နည်းစနစ် များ လွယ်ကူအောင် ဆောင်ရွက် ပေးမည်ဖြစ်ပြီး ပါမစ်များကို တစ်နေရာတည်း ပြုလုပ်နိုင်မည့် (SingleWindow) စနစ်ကို ပထမဆုံး ဆောင်ရွက်မည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း က ပြောသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


 နိုင်ငံခြားရင်းနှီး မြှုပ်နှံမှု ဆောင်ရွက်ရန် နည်းစနစ် များ လွယ်ကူအောင် ဆောင်ရွက် ပေးမည်ဖြစ်ပြီး ပါမစ်များကို တစ်နေရာတည်း ပြုလုပ်နိုင်မည့် (SingleWindow) စနစ်ကို ပထမဆုံး ဆောင်ရွက်မည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း က ပြောသည်။

‘‘အဓိကကတော့ ကျွန်တော် တို့က ဒီရင်းနှီးမြှုပ်နှံမယ့်သူတွေ အတွက် လွယ်လွယ်ကူကူနဲ့ ရင်း နှီးမြှုပ်နှံနိုင်အောင် ဖိတ်ခေါ်မယ်’’ ဟု သမ္မတအိမ်တော်တွင် သတင်း မီဒီယာကောင်စီဝင်များ ယမန်နေ့ က ကျမ်းသစ္စာကျိန်ဆိုသည့် အ ခမ်းအနား၌ 7Day Daily သတင်းစာ၏ မေးမြန်းမှုကို ပြန်လည်ဖြေ ကြားသည်။

ဝန်ကြီးဌာနအသစ် ဖွဲ့စည်း ခြင်းသည် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုစီးဝင်လာစေရန် အာရုံစိုက်ဆောင် ရွက်မည့်သဘောဖြစ်ကြောင်း ဦးသောင်းထွန်းက ရှင်းပြသည်။

‘‘ကျွန်တော်တို့ဆီမှာ ရင်းနှီး မြှုပ်နှံမှုတွေ ပိုမိုစီးဝင်လာမယ်လို့ မျှော်လင့်ပါတယ်’’ဟု ၎င်းက ဆို သည်။

ဝန်ကြီးဌာနအသစ်သည် လုပ်ပိုင်ခွင့် မည်မျှရရှိနိုင်မည့်အ ပေါ် မူတည်ပြီး ဌာနတစ်ခုနှင့် တစ်ခု ဆောင်ရွက်ချက် ထပ်နေ ခြင်း မဖြစ်စေရန် လိုအပ်ကြောင်း ကုန်သည်စက်မှုအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်လေးက ပြောကြားသည်။

‘‘ဒီဌာနမှာလည်း ဒီစာရွက် စာတမ်းတွေတင်၊ ဟိုဌာနလည်း ဒီ စာရွက်စာတမ်းတွေတင်၊ မကိုက်ဘူးပေါ့နော်။ ဆေးအတွက် လေး သွားမှာ စိုးရတယ်’’ဟု ၎င်းက ဆိုသည်။

ကြိုးနီစနစ်နှင့် မြန်မာနိုင်ငံ တွင် အခြေခံကောင်းများ မရှိ သဖြင့် ရင်းနှီးမြှုပ်နှံမှု မလာရောက်ခြင်း စသည့်အချက်အလက်များ ကို ပြန်လည်သုံးသပ်ရန် လိုအပ် ကြောင်း ၎င်းက ထောက်ပြသည်။

=======================
251 / End