အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဆင်းရဲနွမ်းပါးချို့တဲ့သည့် နိုင်ငံရေးအကျဉ်းသားဟောင်းများနှင့် ၎င်းတို့၏မိသားစု ဝင်များ ရပ်တည်နေထိုင်နိုင်ရေး နိုင်ကျဉ်းတို့၏ နားခိုရာနေရာကို ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ်၌ စတင်တည်ဆောက်ရာ ပန္နက်တင်အခမ်းအနားကို နိုဝင်ဘာ ၂၅ ရက်တွင်ပြုလုပ်ခဲ့သည်။
ယခုနှစ်ဆန်းပိုင်းတွင် ပြည်ထဲရေးဝန်ကြီးဌာန၏ ကျေးရွာအမည်ပေါက်ရရှိသော တိုက်ကြီးမြို့နယ် အုန်းနှဲပင်ကျေးရွာရှိ ရပ်မိရပ်ဖများထံညှိနှိုင်းအကူအညီတောင်းခံရရှိထားသည့် မြေသုံးဧကပေါ်၌ နိုင်ငံရေးအကျဉ်းသားဟောင်းများနှင့် ၎င်းတို့၏မိသားစုဝင်များ နားခိုနေထိုင်နိုင်မည့် အဆောက်အအုံများ ဆောက်လုပ်မည်ဟု နိုင်ကျဉ်းတို့၏နားခိုရာ နေရာဖြစ်မြောက်ရေးကော်မတီ တာဝန်ရှိသူ ဦးသက်ဦးက ပြောသည်။
လတ်တလောတွင် ခြောက်ခန်းတွဲ နှစ်ထပ်နားခိုဆောင်အလုံး ၇၀ ဆောက်လုပ်ရန် စီစဉ်ထားသော်လည်း မန္တလေးတိုင်းဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်က နိုင်ကျဉ်းများအနေဖြင့် ထောင်ကျစဉ် တိုက်ခန်းထဲ၌ နှစ်ပေါင်းများစွာ နေထိုင်ခဲ့သူများဖြစ်၍ သဘာဝပတ်ဝန်းကျင်နှင့်အညီ သီးခြားလုံးချင်းများ ဆောက်လုပ်ရန် အကြံပြုရာ ကော်မတီတွင် ထပ်မံညှိနှိုင်းမည်ဟု ၎င်းက ရှင်းပြသည်။
နိုင်/ကျဉ်းမိသားစု စုစုပေါင်း၇၀၀ ကျော်ထားနိုင်သည့် နေရာ တစ်ခုအဖြစ် ဖန်တီးနိုင်ရေး ကြိုး ပမ်းဆောင်ရွက်မည်ဟု ဦးသက်ဦးက ဆိုသည်။
‘‘အပြင်မှာ ကျန်းမာရေးအရ ဒုက္ခရောက်နေတဲ့ နိုင်/ကျဉ်းတွေ အများကြီးရှိတယ်။ နောက်တစ်ခါ ခိုကိုးရာမဲ့ နေစရာထိုင်စရာမရှိ၊ အိမ်မရှိတဲ့ နိုင်ကျဉ်းတွေ တစ်နိုင်ငံလုံးမှာ အများကြီးရှိတယ်’’ဟု ၎င်းက ဆိုသည်။
ပန္နက်တင်အခမ်းအနားသို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုး မင်းသိန်း၊ မန္တလေးတိုင်းဝန်ကြီး ချုပ်ဒေါက်တာဇော်မြင့်မောင်နှင့် မကွေးတိုင်းဝန်ကြီးချုပ် ဒေါက် တာအောင်မိုးညိုတို့ တက်ရောက် ခဲ့သည်။ အဆိုပါဝန်ကြီးချုပ်သုံးဦး နှင့် စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်တို့က နိုင်/ကျဉ်း တို့၏နားခိုရာနေရာအတွက် ဝန် ကြီးချုပ်တစ်ဦးလျှင် ကျပ်ဆယ် သိန်းစီ လှူဒါန်းခဲ့ကြောင်းလည်း ကိုသက်ဦးက ပြောသည်။
‘‘နိုင်ငံရေးအကျဉ်းသားတွေ ထဲမှာ တစ်ဦးတည်းသမားတွေ လည်းရှိတယ်၊ မိသားစုလိုက် လည်းရှိတယ်။ ဒီတည်ဆောက်ရေးပြီးရင် သူတို့ကို နေဖို့နေရာ ပေးမယ်။ ပြီးရင် သူတို့ရဲ့စား ဝတ်နေရေး လုပ်ငန်းကိုင်ငန်းတွေ ဖန်တီးပေးဖို့က ဒုတိယတစ်ချက် ပေါ့။ တတိယတစ်ချက်ကတော့ သူတို့ရဲ့ကလေးတွေ အသက်မွေး ဝမ်းကျောင်းပညာသင်ကြားပေး နိုင်ဖို့ပေါ့’’ဟု ၎င်းက ပြောသည်။
တစ်ဦးချင်းစီ၏ပူးပေါင်း ထည့်ဝင်မှုအပါအဝင် အလှူရှင် များ၏ကူညီမှုဖြင့် ဆောင်ရွက်နေ သည့် နိုင်/ကျဉ်းတို့၏နားခိုရာ အစီအစဉ်အောင်မြင်မှုရရှိစေရန် ၎င်းနေရာတွင် နေထိုင်မည့် နိုင်/ ကျဉ်းများ ရေရှည်ရပ်တည်ရေး အတွက် ဝင်ငွေရသည့် လုပ်ငန်း များ ဖန်တီးပေးနိုင်ရန် လိုအပ် သည်ဟု ၈၈ မျိုးဆက် ငြိမ်းချမ်း ရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးဂျင်မီက ဆိုသည်။
နိုင်ငံရေးအကျဉ်းသား ဟောင်းများ ဦးဆောင်နေသည့် လက်ရှိအစိုးရတွင်လည်း အခက် အခဲများစွာရှိနေ၍ နိုင်ငံရေးအ ကျဉ်းသားဟောင်းများအား ကူညီ စောင့်ရှောက်ရေးလုပ်ဆောင်ပေး ရန်ကိစ္စကို နားပူမတိုက်လိုဟု ၎င်း က ပြောသည်။
‘‘နဂိုကတည်းကကိုပဲ နိုင်ငံ ရေးအကျဉ်းသားဟောင်းတွေရဲ့ သဘောသဘာဝကိုက နိုင်ငံရေး အကျဉ်းသားတွေဖြစ်ခဲ့လို့ဆိုပြီး တော့ သီးခြားအခွင့်အရေးတွေ တောင်းဆိုဖို့ အစီအစဉ်မရှိကြ ဘူး။ ဒါ စိတ်နေသဘောထားအ မှန်ပါ’’ဟု ဦးဂျင်မီက ပြောသည်။
ယခု နိုင်/ကျဉ်းတို့၏နားခိုရာ နေရာ တည်ဆောက်ရေးဆောင် ရွက်ရာတွင်လည်း လွှတ်တော် ကိုယ်စားလှယ်များလည်း ဝိုင်းဝန်း ကူညီကြသည်ဟု ၎င်းက ဆိုသည်။ အဆိုပါနိုင်/ကျဉ်းတို့၏နား ခိုရာနေရာအတွက် ကော်မတီဖွဲ့ စည်းရာ၌ပင် အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်ပါတီမှ နိုင်ငံရေးအ ကျဉ်းသားဟောင်း လွှတ်တော် ကိုယ်စားလှယ်များ ကော်မတီဝင် အဖြစ် ပါဝင်သည့်အပြင် ရန်ကုန်၊ မန္တလေး၊ မကွေးနှင့် စစ်ကိုင်းတိုင်း ဝန်ကြီးချုပ်များသည် နာယကအ ဖြစ် တာဝန်ယူထားသည်။
=======================
251 / End
ချို့တဲ့ နိုင်ကျဉ်းများအတွက် တိုက်ကြီးတွင် အိမ်ရာတည်ဆောက်မည် အခမ်းအနားသို့ နိုင်ကျဉ်းဟောင်း တိုင်းဒေသကြီး ဝန်ကြီးချုပ်သုံးဦးတက
၂၅ နိုဝင်ဘာ ၂၀၁၈ - ၁၉:၀၈
News ID: 918189
ဆင်းရဲနွမ်းပါးချို့တဲ့သည့် နိုင်ငံရေးအကျဉ်းသားဟောင်းများနှင့် ၎င်းတို့၏မိသားစု ဝင်များ ရပ်တည်နေထိုင်နိုင်ရေး နိုင်ကျဉ်းတို့၏ နားခိုရာနေရာကို ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ်၌ စတင်တည်ဆောက်ရာ ပန္နက်တင်အခမ်းအနားကို နိုဝင်ဘာ ၂၅ ရက်တွင်ပြုလုပ်ခဲ့သည်။