အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဒေါ်အောင်ဆန်းစု ကြည်က ‘ The Belt and Road’အကောင်အထည်ဖော်ဆောင် ရေးဆိုင်ရာ ဦးဆောင်ကော်မတီ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားပြီး ဖြစ်၍ မြန်မာ - တရုတ်စီးပွားရေး စင်္ကြံအကောင်အထည်ဖော်ရန် မြန်မာနိုင်ငံက တက်ကြွသည့်သ ဘောထားကို အပြည့်အ၀ဖော်ပြ နိုင်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သတင်းထုတ်ပြန် သည်။
မြန်မာ - တရုတ်နှစ်နိုင်ငံ ကြား ၂၀၁၇ နှစ်ကုန်တွင် သ ဘောတူညီခဲ့သည့် ‘The Belt and Road’ အဆိုပြုချက်အောက် ၌ မြန်မာ-တရုတ်စီးပွားရေးစင်္ကြံ အကောင်အထည်ဖော်ရေး သ ဘောတူညီချက်ကို တစ်ဆင့် တက်ရန် တရုတ်အမျိုးသားဖွံ့ ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်း လဲရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ သည် နိုဝင်ဘာ ၂၄ ရက်မှ ၂၇ ရက်အထိလေးရက်ကြာ မြန်မာ နိုင်ငံသို့ လာရောက်ခဲ့သည်ဟု တရုတ်သံရုံးက ထုတ်ပြန်သည်။
၎င်းသည် ဒေါ်အောင်ဆန်း စုကြည်နှင့်တွေ့ဆုံပြီး လျှပ်စစ် နှင့် စွမ်းအင်၊ စီးပွားကူးသန်း၊ဟိုတယ်ခရီးဝန်ကြီးအပါအ၀င် ၀န် ကြီးများနှင့်လည်း တွေ့ဆုံကာ လုပ်ငန်းအစည်းအဝေးများ ပြု လုပ်ခဲ့ကြောင်း ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။
ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ်တာဝန်ယူထားသော အဆိုပါကော်မတီတွင် တိုင်းဒေ သကြီး၊ ပြည်နယ်ဝန်ကြီးချုပ်များ လည်း ပါဝင်သည်ဟု တရုတ်သံရုံး က ဆိုထားသည်။
တရုတ်ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံအတွင်းရှိ CITIC, CCCC, CRG နှင့် Yunnan Provincial Energy Investment Group စသည့်ကုမ္ပဏီ များ အကောင်အထည်ဖော်နေ သည့် စီမံကိန်းများကိုလည်းကွင်းဆင်းလေ့လာခဲ့သည်ဟုဆိုသည်။
တရုတ် - မြန်မာစီးပွားရေး စင်္ကြံတည်ထောင်ရေးသည် တ ရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ ရန် ကုန်နှင့်ကျောက်ဖြူသို့ဖြာထွက်သည့်စင်္ကြံနှစ်ခုကို အဓိကဒေသ အဖြစ် သတ်မှတ်ထားသည်။ ထို သတ်မှတ်ချက်သည် နှစ်နိုင်ငံ ဘက်စုံစီးပွားကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာပူးပေါင်း ဆောင်ရွက်မှုလည်းဖြစ်သည်ဟု တရုတ်သံရုံးက ဆိုထားသည်။
အဆိုပါစင်္ကြံသည် နှစ်နိုင်ငံ အခြေခံအဆောက်အအုံအပြန် အလှန်ချိတ်ဆက်ရေး၊ လယ်ယာ စိုက်ပျိုးရေး၊ စွမ်းအင်၊ ငွေရေး ကြေးရေး၊ ခရီးသွားလာရေး၊ ဒစ် ဂျစ်တယ်ပိုးလမ်းမကြီး၊ နယ်စပ် စီးပွားရေးဇုန်များ ဆောင်ရွက် ရန်ဖြစ်သည်။ ထို့အပြင် တရုတ် နိုင်ငံအနောက်ပိုင်းဒေသ၏ တံခါး ဖွင့်လှစ်တိုးတက်ရေးကို မြှင့်တင် ရန်ဖြစ်သည်ဟု တရုတ်သံရုံးက ဆိုထားသည်။
အဆိုပါစင်္ကြံအကောင်အ ထည်ဖော်ရေး ကျောက်ဖြူအထူး စီးပွားရေးဇုန် ရေနက်ဆိပ်ကမ်း စီမံကိန်းမူဘောင်သဘောတူစာ ချုပ်၊ မူဆယ်-မန္တလေးရထား လမ်းစီမံကိန်းဖြစ်နိုင်ခြေလေ့လာ မှု၊ နားလည်မှုစာချွန်လွှာစသည် တို့ကို လက်မှတ်ရေးထိုးထား သည်။ ရန်ကုန်မြို့သစ်၊ တရုတ် -မြန်မာနယ်စပ်စီးပွားရေးဇုန်စ သည်တို့အတွက်လည်း ညှိနှိုင်း နေဆဲဖြစ်သည်ဟု တရုတ်သံရုံးက သတင်းထုတ်ပြန်သည်။
=======================
251 / End
၂၈ နိုဝင်ဘာ ၂၀၁၈ - ၁၈:၅၂
News ID: 918620
ဒေါ်အောင်ဆန်းစု ကြည်က ‘ The Belt and Road’အကောင်အထည်ဖော်ဆောင် ရေးဆိုင်ရာ ဦးဆောင်ကော်မတီ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားပြီး ဖြစ်၍ မြန်မာ - တရုတ်စီးပွားရေး စင်္ကြံအကောင်အထည်ဖော်ရန် မြန်မာနိုင်ငံက တက်ကြွသည့်သ ဘောထားကို အပြည့်အ၀ဖော်ပြ နိုင်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သတင်းထုတ်ပြန် သည်။