အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
နိုင်ငံတော်၏အတိုင်ပင် ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ပါတီကော်မတီအတွင်းရေးမှူး မစ္စတာချန်းဟောင်ကို ယမန်နေ့က နိုင်ငံခြားရေးဝန်ကြီးဌာန၌လက်ခံ တွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာ-တရုတ် နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်း ဆောင်ရွက်မှုတွင် ယူနန်ပြည်နယ် သည် အရေးကြီးသည့် အခန်း ကဏ္ဍက ပါဝင်၍ နယ်စပ်ဒေသ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုတိုး မြှင့်ရေး၊ လမ်းပန်းဆက်သွယ်မှု တိုးတက်ကောင်းမွန်စေရေးအပါ အဝင် မြန်မာ-တရုတ်နှစ်နိုင်ငံ ဆက်ဆံရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
ထို့အပြင် ပြည်သူအချင်း ချင်း ထိတွေ့ဆက်ဆံမှုမြှင့်တင် ရေး၊ နယ်စပ်ဒေသတည်ငြိမ်အေး ချမ်းရေးအတွက် သက်ဆိုင်ရာ အာဏာပိုင်များအကြား ပူးပေါင်း ဆောင်ရွက်ရေး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲနွမ်းပါးမှုပပျောက်ရေး ဆက်လက် ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ် များ ဆွေးနွေးကြောင်း ထုတ်ပြန် ချက်၌ ဖော်ပြသည်။
အလားတူ အပြည်ပြည်ဆိုင် ရာ ပူးပေါင်းဆောင်ရွက်ရေးဝန် ကြီးဦးကျော်တင်သည် အထက်ပါ တရုတ်နိုင်ငံ ယူနန်ပါတီကော်မ တီအတွင်းရေးမှူးကို လက်ခံတွေ့ ဆုံပြီး နှစ်နိုင်ငံဆက်ဆံရေးကိစ္စ ရပ်များ ဆွေးနွေးခဲ့သည်။
တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား စီမံကိန်းများဖော်ဆောင်ရာတွင် နှစ်နိုင်ငံပြည်သူများ အပြန်အလှန်အကျိုးဖြစ်ထွန်းရေးနှင့် နှစ်နိုင်ငံ ဦးစားပေးစီမံကိန်းများ ကိုက်ညီ စေရေးတို့ကို ထည့်သွင်းဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီး ဌာနက ထုတ်ပြန်သည်။
ကျေးလက်ဒေသ ဖွံ့ဖြိုးမှု တိုးတက်ရေးနှင့် ဆင်းရဲမွဲတေမှု ပပျောက်ရေး၊ ကျန်းမာရေးနှင့် ပညာရေးကဏ္ဍများတွင် ယူနန် ပြည်နယ်က ဆက်လက်ကူညီပံ့ပိုး သွားရေး၊ အလုပ်အကိုင်အခွင့် အလမ်းများ ပိုမိုတိုးမြှင့်လာရေး စသည့် ကိစ္စရပ်များကို အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြောင်း ထုတ် ပြန်ချက်၌ ဖော်ပြသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၂၆ ရက် က နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် တရုတ်နိုင်ငံအမျိုးသားဖွံ့ ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်း လဲရေးကော်မရှင် ဒုဥက္ကဋ္ဌ Mr. Ning Jizhe ဦးဆောင်သည့် အဖွဲ့ ဝင်ရှစ်ဦးပါ ကိုယ်စားလှယ်အဖွဲ့ ကို လက်ခံတွေ့ဆုံပြီး မြန်မာ- တရုတ်စီးပွားရေးစင်္ကြံပူးတွဲတည် ထောင်ရေးဆိုင်ရာ နားလည်မှုစာ ချွန်လွှာအရ နှစ်ဖက်ပြည်သူများ ဆောလျင်စွာ အကျိုးဖြစ်ထွန်းစေ နိုင်မည့် စီမံကိန်းများ အကောင်အထည်ဖော်နိုင်ရေး ရှေ့လုပ်ငန်းအစီအစဉ်များကိုဆွေးနွေးခဲ့သည်။
=======================
251 / End
နယ်စပ်ဒေသရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုတိုးမြှင့်ရေး ဒေါ်အောင်ဆန်းစုကြည်နှင့် ယူနန်ပါတီကော်မတီအတွင်းရေးမှူးဆွေးနွေး
၃ ဒီဇင်ဘာ ၂၀၁၈ - ၁၇:၁၈
News ID: 919212
နိုင်ငံတော်၏အတိုင်ပင် ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ပါတီကော်မတီအတွင်းရေးမှူး မစ္စတာချန်းဟောင်ကို ယမန်နေ့က နိုင်ငံခြားရေးဝန်ကြီးဌာန၌လက်ခံ တွေ့ဆုံသည်။