၇ ဒီဇင်ဘာ ၂၀၁၈ - ၁၄:၂၈
အပြစ်ပေးအရေးယူခံရသော ကိုယ်စားလှယ်များကို ၂၀၂၀ ရွေးကောက်ပွဲတွင် ထပ်မံရွေးချယ်မည်မဟုတ်ဟု ဒီချုပ်ပြော

လွှတ်တော်ကိုယ်စား လှယ်တစ်ဦးချင်းစီ၏ ဆောင်ရွက် ချက်များကို မှတ်တမ်းအဖြစ်ပြုစု ထားပြီး အပြစ်ပေးအရေးယူခံရ သည့် ကိုယ်စားလှယ်များကို ၂၀၂၀ ရွေးကောက်ပွဲတွင် ထပ်မံ ရွေးချယ်မည် မဟုတ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွန့်က ပြောသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


လွှတ်တော်ကိုယ်စား လှယ်တစ်ဦးချင်းစီ၏ ဆောင်ရွက် ချက်များကို မှတ်တမ်းအဖြစ်ပြုစု ထားပြီး အပြစ်ပေးအရေးယူခံရ သည့် ကိုယ်စားလှယ်များကို ၂၀၂၀ ရွေးကောက်ပွဲတွင် ထပ်မံ ရွေးချယ်မည် မဟုတ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွန့်က ပြောသည်။

လာမည့်ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်းရွေးချယ်မှု နှင့်ပတ်သက်၍ဒေါက်တာမျိုးညွန့် က ဒီဇင်ဘာ ၆ ရက်၌ ပြောကြား ခြင်းဖြစ်သည်။

‘‘လွှတ်တော်ကိုယ်စားလှယ် အားလုံးရဲ့ လုပ်ဆောင်ချက်တွေ၊ သူတို့နဲ့ပတ်သက်တဲ့ တိုင်ကြား ချက်တွေအားလုံးက ကျွန်တော် တို့မှာ မှတ်တမ်းအပြည့်အစုံရှိပါ တယ်။ အဲဒါတွေအားလုံးပေါ်မူ တည်ပြီးတော့ ပြန်လည်ရွေးချယ် ခံခွင့် ရှိ၊မရှိ ကိစ္စအပေါ်မှာဆုံးဖြတ် သွားမှာဖြစ်ပါတယ်’’ဟု ၎င်းက ပြောသည်။

ဒီချုပ်ပါတီဝင် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်များဖြစ် သည့် ဒေါက်တာစိုးမိုးသူ၊ ဦး ဉာဏ်လင်းနှင့် ဦးစိန်ဝင်းတို့သည် ၂၀၁၆ နှစ်ကုန်ပိုင်းကပါတီတာဝန် များမှ ရပ်ဆိုင်းခံခဲ့ရသည်။ ထိုသို့ အရေးယူမှုများဖြစ်ပွားပြီးနောက် မအူပင် ပြည်သူ့လွှတ်တော်အ မတ် ဦး စိန်ဝင်းသည် ဒီချုပ်ပါတီမှ နုတ်ထွက်ကာ ပါတီအသစ် တည် ထောင်ထားသည်။ ဒေါက်တာ စိုးမိုးသူသည် ပါတီသို့အယူခံလွှာ တင်ခဲ့ပြီးနောက် ပါတီက စိစစ်ပြီး တာဝန် ပြန်လည်ထမ်းဆောင်ခွင့် ပြုခဲ့သည်။

မွန်ပြည်နယ် ဝန်ကြီးချုပ် ဟောင်း ဦးမင်းမင်းဦးသည် တိုင် ကြားမှုများအရ ပါတီတွင်း စုံစမ်း စစ်ဆေးခံရပြီးနောက် ၂၀၁၇ နှစ် ဆန်းပိုင်းတွင် ၎င်း၏ဆန္ဒအရ ရာ ထူးမှ နုတ်ထွက်ခဲ့သည်။

ပြည်သူ့လွှတ်တော်ကိုယ် စားလှယ် ဒေါ်သက်သက်ခိုင်နှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ် စားလှယ် ဦးကျော်ဇေယျတို့ကို လည်း ဒီချုပ်ပါတီက အရေးယူခဲ့ သည်။

‘‘အဓိကကတော့ ဒီမိုကရေ စီပါတီဖြစ်တော့ လူထုနဲ့ဆက်ဆံ ရေးက အရေးအကြီးဆုံးပါပဲ။ ဒီ နေရာမှာ တစ်ခုသတိပေးချင်တာ က ပြည်သူတွေတောင်းဆိုတိုင်း ကျွန်တော်တို့ ဥပဒေနဲ့မညီရင်လုပ် ဆောင်ပေးလို့မရပါဘူး။ဥပဒေက ခွင့်ပြုထားတဲ့ ဘောင်အတွင်းမှာ ကျွန်တော်တို့ကျန်တဲ့တရားစီရင် ရေး၊ အုပ်ချုပ်ရေးစတာကို စောင့် ကြည့်၊ ထိန်းညှိတာတော့ လုပ်ခွင့် ရှိပါတယ်။ ဒါပေမဲ့သွားရောက်ပြီး တော့ ညွှန်ကြားချက်ပေးတာ။ လူကိုယ်တိုင် ဝင်ရောက်စွက်ရင် တော့ အရေးယူခံရမှာပါ’’ ဟု ဒေါက်တာမျိုးညွန့်ကပြောသည်။

ဒီချုပ်လွှတ်တော်ကိုယ်စား လှယ်များ တိုင်ကြားရေးဌာနအ နေဖြင့် တိုင်စာခြောက်ရာခန့် လက်ခံရရှိသော်လည်း လွှတ် တော်ကိုယ်စားလှယ်များနှင့် မ သက်ဆိုင်သော တိုင်စာနှင့် အ ချက်အလက်မစုံသည့် တိုင်စာအ များစုဖြစ်နေကြောင်း ဒေါက်တာ မျိုးညွန့်က ပြောသည်။

‘‘ပါတီက တာဝန်ရပ်ဆိုင်း တာကို ခံရတာပေါ့။ ကျွန်တော်က တော့ ရွေးရွေး၊ မရွေးရွေး ဂရုစိုက် စရာမလိုပါဘူး။ ကျွန်တော့်အနေ နဲ့ ပါတီက အရေးမယူခင်ကတည်း က မပြိုင်တော့ဘူးလို့ပြောထားပြီး သားပဲ။ ကျွန်တော်ကတော့ လုပ် သင့်လုပ်ထိုက်တာ လုပ်သွား မယ်။ ကိုယ့်ကို တာဝန်ပေးထားလို့ လုပ်နေရတဲ့အချိန်လေးမှာ လူထု က ကိုယ့်သမိုင်းကြောင်းကိုသိရင်ပြီးပြီ’’ ဟု ပါတီက အရေးယူခံထား ရသည့် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ်မဲဆန္ဒနယ်အမှတ် (၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ် စားလှယ် ဦးကျော်ဇေယျကပြော သည်။

=======================
251 / End