အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
တပ်မတော်ကို အသ ရေဖျက်သည်ဆိုကာ မြစ်ကြီးနား မြို့နယ် တရားရုံး၌ အသရေဖျက် မှု ပုဒ်မ ၅၀၀ ဖြင့် တရားစွဲခံ ရသော စစ်ရှောင်အရေးဆန္ဒပြသူ သုံးဦးအမှုကို ယမန်နေ့ (ဒီဇင်ဘာ ၇ ရက်)က အမိန့်ချမှတ်ရာ တပ်မ တော်ကို အကြည်ညိုပျက်အောင် ပြောဆိုသည်ဟု သုံးသပ်ပြီး ထောင် ဒဏ်ခြောက်လနှင့် ငွေဒဏ် ကျပ် ငါးသိန်း ပြစ်ဒဏ်ချခဲ့သည်။
တပ်မတော်နှင့် ကချင်လက် နက်ကိုင်အဖွဲ့(KIA)တို့ကြား တိုက် ပွဲများကြောင့် ပိတ်မိစစ်ရှောင်များ ကယ်ထုတ်ပေးရန် ယခုနှစ်ဧပြီလ ကုန်နှင့် မေလဆန်းက မြစ်ကြီးနား မြို့တွင် ဆန္ဒထုတ်ဖော်သည့် ကိုလွမ်းဇောင်း၊ ကိုဇော်ဂျက်နှင့် ဒေါ်နန်ပူတို့ကို မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ဒုတိယဗိုလ်မှူးကြီး မျိုးမင်းဦးက တရားစွဲဆိုခဲ့သည်။
ခုနစ်လခန့်အကြာ စစ်ဆေးပြီး နောက် ယမန်နေ့က ပြစ်ဒဏ်ချ မှတ်ခြင်းဖြစ်သည်။
‘‘ပြည်သူတွေရဲ့ အသက်အိုး အိမ်စည်းစိမ်ကို ကယ်တင်တဲ့အ တွက် ယနေ့ကျွန်တော်တို့ကို အ လုပ်မဲ့ ထောင်ဒဏ်ခြောက်လနဲ့ ငွေဒဏ်ငါးသိန်း၊ အကယ်၍ ငွေ ဒဏ်မဆောင်ဘူးဆိုရင် နောက် ထပ်ထောင်ဒဏ်ခြောက်လ စုစု ပေါင်း တစ်နှစ် ချမှတ်လိုက်ပါ တယ်။
ဒီဟာကို ကျွန်တော်တို့ ကြည့်ခြင်းအားဖြင့် ယနေ့မြန်မာ ပြည်ရဲ့ တရားစီရင်ရေး စနစ်ဟာ ဘယ်လောက်ထိ စိုးရိမ်စရာ ကောင်းနေပြီလဲဆိုတာ ကျွန် တော်တို့ မိဘပြည်သူတွေအားလုံး သိရှိပြီးဖြစ်ပါတယ်’’ ဟု ပြစ်ဒဏ် ချမှတ်ခံရသည့် ကိုလွမ်းဇောင်းက ပြောသည်။
ဒေါ်နန်ပူကလည်း ၎င်းတို့ အနေဖြင့် တိုက်ပွဲအတွင်း ပိတ်မိ နေသော ပြည်သူများကို အမြန် ဆုံးကယ်ထုတ်ပေးရန် နိုင်ငံတော် အစိုးရထံ တောင်းဆိုခြင်းသာဖြစ် ကြောင်း၊ တရားရုံးက ယခုကဲ့သို့ စီရင်ချက်ချမှတ်ခြင်းက အစိုးရ သည် ပြည်သူအတွက် အားကိုး မရသည့် အနေအထားမျိုး မြင် သာစေကြောင်း ပြောသည်။
‘‘တကယ့်တောထဲမှာ ဒုက္ခ ရောက်နေတဲ့လူတွေ၊ လေယာဉ်နဲ့ ဗုံးကျဲပြီးတော့ ဒုက္ခရောက်ပြီးသေ သွားတဲ့လူတွေရဲ့ မိဘတွေ၊ လေ ယာဉ်နဲ့ ဗုံးကျဲလို့ ထိခိုက်ဒဏ်ရာရလို့ ချိုင်းထောက်နဲ့ ဒုက္ခရောက်နေတဲ့လူတွေ သက်သေအ ထောက်အထား အခိုင်အမာနဲ့ တရားရုံးတော်မှာ ကျွန်မတို့တရား ရင်ဆိုင်ခဲ့တယ်။ ဒါပေမဲ့ ဆုံးဖြတ် ချက်ချတဲ့အခါမှာ ကျွန်မတို့ကိုအ ပြစ်ရှိတယ်ဆိုပြီး ဆုံးဖြတ်ချက်ချ တယ်’’ ဟု ဒေါ်နန်ပူကပြောသည်။
ပြစ်ဒဏ်ချမှတ်ခံရသည့် စစ် ရှောင်အရေးဆန္ဒပြခေါင်းဆောင် သုံးဦးကို ရဲတပ်ဖွဲ့က ခေါ်ဆောင် သွားပြီးနောက် တရားရုံးသို့ လာ ရောက်ဝန်းရံသူများက တရားရုံး အနီး ဆန္ဒထုတ်ဖော်ခဲ့သည်။
‘တရားမျှတမှု ရရှိရေး... တို့ အရေး’ ၊ ‘တရားမှု စိုးမိုးမှု မရှိ... လုံးဝမရှိ’ ၊ ‘မတရားသဖြင့် ဖမ်း ဆီးချုပ်နှောင်ထားသော ခေါင်း ဆောင်သုံးဦးအား ချက်ချင်းလွှတ် ... ချက်ချင်းလွှတ်’ စသည်တို့ကို လူငါးဆယ်ခန့်က တရားရုံးအနီး ကြွေးကြော်ပြီး ဆန္ဒထုတ်ဖော်ခဲ့သည်။
စစ်ရှောင်အရေးဆန္ဒထုတ် ဖော်သူသုံးဦးကို အမိန့်ချမှတ်မှု နှင့်ပတ်သက်ပြီး ၎င်းတို့၏ရှေ့နေ များက မနောကွင်းတွင် ယမန်နေ့ က သတင်းစာရှင်းလင်းပွဲပြုလုပ် ခဲ့သည်။
‘‘ဥပဒေအရပေးထားတဲ့ အ ခွင့်အရေးအတိုင်း အထက်တရား ရုံး အဆင့်ဆင့်ကို ထပ်ပြီးတော့အယူခံတက်သွားမှာ ဖြစ်ပါတယ်’’ဟု ရှေ့နေ ဒေါ်ဒွဲဘူကဆိုသည်။
ထို့အပြင် တရားရုံး စီရင် ချက် မမျှတကြောင်း ဆန္ဒထုတ် ဖော်သူတစ်ဦးကိုလည်း ရဲတပ် ဖွဲ့က ယမန်နေ့ မွန်းလွဲပိုင်းတွင် ဖမ်းဆီးခဲ့သည်။ ထို့အပြင် ဆန္ဒပြ ပွဲဦးဆောင်သူ မဆွတ်ဆိုင်းထွယ် နှင့် အမျိုးသား တစ်ဦးကိုလည်းရဲစခန်းက ဆင့်ခေါ်ခဲ့သည်ဟု မဆွတ်ဆိုင်းထွယ်က ယမန်နေ့ ညတွင် ပြောသည်။ သို့သော်၎င်းတို့ သုံးဦးစလုံး ည ၈ နာရီကျော်တွင် အာမခံပေး၍ ပြန်လွှတ်ပေးခဲ့ကြောင်း ကချင်လူငယ်များအဖွဲ့က သတင်းထုတ်ပြန်သည်။
တပ်မတော်နှင့် KIA တို့အ ကြား ယခုနှစ် ဧပြီအတွင်းဖြစ်ပွား သော တိုက်ပွဲများကြောင့် တနိုင်း၊ ဖားကန့်၊ မိုးကောင်း၊ အင်ဂျန်း ယန်မြို့နယ်တို့မှ ဒေသခံ ၅,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး အချို့သည် ပဋိပက္ခ ဖြစ်ပွားရာ နယ်မြေတွင် ပိတ်မိနေ၍ ပိတ်မိ စစ်ရှောင်များ ကယ်ထုတ်ကူညီ ရေး ဆန္ဒထုတ်ဖော်သည့် လှုပ်ရှား မှုကို ကချင်လူငယ်များက ဦး ဆောင်ပြုလုပ်ခဲ့သည်။ အဆိုပါ စစ်ရှောင်အများစုသည် လက်ရှိ အချိန်ထိ နေရပ်သို့ မပြန်နိုင်သေး ပေ။
စစ်ရှောင်အရေး ဆန္ဒပြသူ သုံးဦးကို ပြစ်ဒဏ်ချမှတ်ခြင်းသည် မြန်မာနိုင်ငံတွင်း အရပ်ဘက် လူ့ အဖွဲ့အစည်းအတွက် စိုးရိမ်ဖွယ် ရာ သတင်းဖြစ်ကြောင်း မြန်မာ နိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ (EU) က ယမန်နေ့တွင် သတင်းထုတ် ပြန်သည်။
ငြိမ်းချမ်းရေးနှင့် အကြမ်း ဖက်မှု ပဋိပက္ခများတွင် ပိတ်မိနေ သည့် ပြည်သူများအတွက် ဆန္ဒ ထုတ်ဖော်မှုများကို ရာဇဝတ်မှုအဖြစ် မသတ်မှတ်သင့်ကြောင်းနှင့် တရားရုံး၏ ဆုံးဖြတ်ချက်အတွက် လွန်စွာ စိတ်မကောင်းဖြစ်ရ ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြ သည်။ ထို့အပြင် ပြစ်ဒဏ်ကို ပြန် လည်သုံးသပ်ရန်နှင့် တက်ကြွ လှုပ်ရှားသူများအတွက် ယင်းတို့ ၏ လူ့အခွင့်အရေးများကို ဥပဒေ အရ အရေးယူမည်ကို စိုးရိမ်စေ ခြင်းမရှိစေဘဲ ဆန္ဒထုတ်ဖော်ခွင့်၊ လွတ်လပ်စွာ ထုတ်ဖော်ပြောကြား ခွင့်များ ရရှိစေရန် တောင်းဆို ကြောင်း EU က ထုတ်ပြန်ခဲ့သည်။
=======================
251 / End
ကချင်စစ်ရှောင်အရေး ဆန္ဒပြသူသုံးဦးကို ထောင်ခြောက်လနှင့် ဒဏ်ငွေကျပ်ငါးသိန်း ပြစ်ဒဏ်ချမှတ် စီရင်ချက်မမျှတဟုဆိုကာ ဝန်းရံသူများ တရားရ
၈ ဒီဇင်ဘာ ၂၀၁၈ - ၁၅:၂၁
News ID: 919840
တပ်မတော်ကို အသ ရေဖျက်သည်ဆိုကာ မြစ်ကြီးနား မြို့နယ် တရားရုံး၌ အသရေဖျက် မှု ပုဒ်မ ၅၀၀ ဖြင့် တရားစွဲခံ ရသော စစ်ရှောင်အရေးဆန္ဒပြသူ သုံးဦးအမှုကို ယမန်နေ့ (ဒီဇင်ဘာ ၇ ရက်)က အမိန့်ချမှတ်ရာ တပ်မ တော်ကို အကြည်ညိုပျက်အောင် ပြောဆိုသည်ဟု သုံးသပ်ပြီး ထောင် ဒဏ်ခြောက်လနှင့် ငွေဒဏ် ကျပ် ငါးသိန်း ပြစ်ဒဏ်ချခဲ့သည်။