အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
မန္တလေးတိုင်းတွင် အလုပ်သမားဝန်ကြီးခန့်ထားရေး နှင့် အလုပ်သမားရေးရာကိစ္စများ ထိရောက်စွာ ဖြေရှင်းပေးရန် မန္တလေးစက်မှုဇုန်ရှိ အလုပ်သမားများ ဆန္ဒဖော်ထုတ်တောင်းဆိုခဲ့သည်။
မြန်မာနိုင်ငံ စက်မှုလက်မှု နှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့က ဒီဇင်ဘာ ၉ ရက်တွင် ဦးဆောင် ပြုလုပ်ခြင်းဖြစ်ကာ စက်မှုဇုန်ရှိ စက်ရုံ၊ အလုပ်ရုံ ၂၀ ခန့်မှ အလုပ် သမား အင်အား ၃၀၀ ခန့် ဆန္ဒ ထုတ်ဖော်ခဲ့သည်။
‘‘လက်ရှိ အလုပ်သမားအ ရေးကိစ္စတွေမှာ မပြေလည်တာ တွေက များတယ်။ သုံးသပ်တာ က အလုပ်သမားဝန်ကြီးအားနည်း တယ်လို့ မြင်တယ်။ မန္တလေးတိုင်း မှာ အလုပ်သမားအငြင်းပွားမှုတွေ အများကြီးရှိနေပါတယ်။ တိုင်းအ စိုးရက အလုပ်သမားတွေကို ဂရု မစိုက်ဘူး’’ ဟု စက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံအ လုပ်သမားသမဂ္ဂများအဖွဲ့ အ ထွေထွေအတွင်းရေးမှူး ဦးသက် နှင်းအောင်က ပြောသည်။
ဆန္ဒဖော်ထုတ်တောင်းဆို ရာတွင် သမဂ္ဂခေါင်းဆောင်များ အား အလုပ်မှ ထုတ်ပယ်မှုရပ် တန့်ရေး၊ စက်ရုံ၊ အလုပ်ရုံများ အား ဥပဒေနှင့်အညီ စစ်ဆေးပေး ရေး၊ ILO ပြဋ္ဌာန်းချက် ၉၈ (အ လုပ်သမားသမဂ္ဂများအား ကာ ကွယ်ပေးထားသည့်အချက်)ကို အစိုးရက လက်မှတ်ရေးထိုးပေး ရေး၊ အဂတိလိုက်စားမှုပပျောက် ရေး၊ မန္တလေးတိုင်းတွင် အလုပ် သမားဝန်ကြီး ခန့်အပ်ပေးရေး၊ အလုပ်သမားဥပဒေအမြန်ဆုံး ပြင်ဆင်ပေးရေး၊ သမဂ္ဂဖြိုခွဲသူ အလို မရှိ စသည့်အချက်ခုနစ်ချက်ကို အလုပ်သမားများက ကြွေးကြော် ခဲ့သည်။
လက်ရှိတွင် မန္တလေးတိုင်း၌ အလုပ်သမားနှင့်ပတ်သက်သည့် ညွှန်မှူးများရှိကြောင်း၊ အလုပ် ရှင်၊ အလုပ်သမားပြဿနာဖြစ် ပေါ်ပါက ညွှန်မှူးများကို စုံစမ်းခိုင်း၍ ဥပဒေနှင့်ငြိစွန်းပါက အစိုးရအဖွဲ့က တရားစွဲဆိုပေးကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရအ ဖွဲ့ သယံဇာတနှင့် သဘာဝပတ် ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဌာန ဝန်ကြီး ဦးမျိုးသစ်က ပြော သည်။
‘‘လက်ရှိဖြစ်နေတဲ့ ကိစ္စရပ် တွေနဲ့က အလုပ်သမားညှိနှိုင်း ဖျန်ဖြေရေးအဖွဲ့ဆိုတာ မြို့နယ် မှာ ရှိပါတယ်။ ဖြစ်လာရင် ညှိနှိုင်း ဖျန်ဖြေရေးကို အရင်ဖြတ်ရပါ တယ်။ မြို့နယ်အဆင့်က ဖြေရှင်း ရတာပေါ့။ အဲဒါမှ မကျေနပ်ကြ ရင် ခုံသမာဓိအဖွဲ့ရှိပါတယ်။ ခုံ သမာဓိအဖွဲ့ကမှ အဆင်မပြေရင် ခုံသမာဓိကောင်စီဆိုတာ အဆင့် ဆ့်ရှိတယ်။ အဲဒီတော့ အဆင့်ဆင့် မဖြတ်ချင်ဘူးဆိုရင်တော့ ဘာမှ လုပ်လို့မရဘူး။ ဥပဒေက ရှိပြီး သားပါ။ ကျွန်တော်တို့ဘက်က ကြည့်မယ်ဆိုရင် ဒီတိုင်းဆောင် ရွက်ဖို့ပဲ ပြောလို့ရပါတယ်’’ ဟု ဝန်ကြီးဦးမျိုးသစ်က ပြောသည်။ အလုပ်သမားများသည် မန္တလေးစက်မှုဇုန်ဝင်ပေါက်တွင် စုဝေးကာ ထိုနေရာမှ တစ်ဆင့် ၆၂ လမ်းမကြီးအတိုင်း မနော်ရမ္မံ လူထုဟစ်တိုင်ကွင်းအထိ လမ်း လျှောက်ဆန္ဒဖော်ထုတ်ခဲ့သည်။
မန္တလေးတိုင်းအတွင်း ဖြစ် ပွားခဲ့သည့် ပုဂံ သရပါဟိုတယ်၊ မီကို ကော်ဖီမစ်စက်ရုံ၊ မြန်မာမေ ကောင်းသစ်အချောထည်စက်ရုံ နှင့် VeVe အချိုရည်စက်ရုံတွင် အလုပ်သမားခေါင်းဆောင်များ အလုပ်ထုတ်ခံထားရမှုအပေါ် အစိုးရဘက်က ဖြေရှင်းပေးမှုအား နည်းချက်များရှိကြောင်း ဦးသက် နှင်းအောင်က ပြောသည်။
=======================
251 / End
၉ ဒီဇင်ဘာ ၂၀၁၈ - ၁၅:၄၆
News ID: 919956
မန္တလေးတိုင်းတွင် အလုပ်သမားဝန်ကြီးခန့်ထားရေး နှင့် အလုပ်သမားရေးရာကိစ္စများ ထိရောက်စွာ ဖြေရှင်းပေးရန် မန္တလေးစက်မှုဇုန်ရှိ အလုပ်သမားများ ဆန္ဒဖော်ထုတ်တောင်းဆိုခဲ့သည်။