အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အလုံမြို့နယ်တွင် ဖြစ်ပွားခဲ့သော အနုကြမ်းစီးမှုမှ ဖမ်းဆီးရမိထားသူငါးဦးကို အ နောက်ပိုင်းခရိုင်တရားရုံး၌ ယမန် နေ့က ရုံးထုတ်ပြီးလွတ်မြောက် နေသူနှစ်ဦးကို ဖမ်းဝရမ်းထုတ် ထားသည်။
ယင်းဖမ်းဆီးရမိထားသူ ငါး ဦးကိုထောင်ဒဏ်တစ်သက်တစ် ကျွန်းထိ ချမှတ်နိုင်သည့် ဓားပြမှု၊ ရာဇသတ်ကြီးပုဒ်မ ၃၉၅၊ ၃၄၂ တို့ဖြင့် အမှုဖွင့်အရေးယူထားပြီး ယခုရုံးထုတ်တွင် ယင်းငါးဦးအား စစ်ဆေးမေးမြန်းခြင်း မရှိဘဲ အမှုတွဲ လက်ခံခြင်းဖြစ်သည်။
အလုံမြို့နယ်ရှိ KGL အင် ဂျင်ဝိုင်ရောင်းဝယ်ရေး ကုမ္ပဏီ ၀င်းအတွင်းသို့ နိုဝင်ဘာ ၁၂ ရက် ညတွင် ဓားများကိုင်ဆောင်ထား သည် မျက်နှာဖုံးစွပ်လူ ၁၀ ဦး ခန့်က လိုက်ထရပ်ကားဖြင့် ရောက်ရှိလာပြီး ယင်းကုမ္ပဏီ ၀န်ထမ်းသုံးဦးကို ကြိုးဖြင့်တုပ် ကာ ၎င်းတို့၏ဖုန်းများ သိမ်း ဆည်းပြီး ရုံးခန်းအတွင်း တပ်ဆင် ထားသည့် CCTV ကိုဖြုတ်ယူခဲ့ သည်။
ယင်းနောက် ကုမ္ပဏီမန်နေ ဂျာ ကိုဖီးလစ်ကို ၎င်း၏လန့်ခရူ ဇာကားဖြင့် ခေါ်ဆောင်သွားပြီး မျက်နှာဖုံးစွပ်ထားသူများက ပြည် လမ်းနှင့် မပိုလမ်းအရောက်တွင် ကားပေါ်မှ ဆင်းပြေးသွားကြောင်း ရဲတပ်ဖွဲ့ထုတ်ပြန်ချက်တွင် ဖော် ပြထားသည်။
ယင်းအမှုတွင် ဦးဆောင်သူနှင့် တစ်ဦးလွတ်မြောက်နေဆဲဖြစ်သည်။ အဆိုပါ အမှုရုံးချိန်းကို လာမည့်ဒီဇင်ဘာ ၂၄ ရက်သို့ ထပ်မံချိန်းဆိုထားသည်။
=======================
251 / End
၁၀ ဒီဇင်ဘာ ၂၀၁၈ - ၁၇:၃၄
News ID: 920113
အလုံမြို့နယ်တွင် ဖြစ်ပွားခဲ့သော အနုကြမ်းစီးမှုမှ ဖမ်းဆီးရမိထားသူငါးဦးကို အ နောက်ပိုင်းခရိုင်တရားရုံး၌ ယမန် နေ့က ရုံးထုတ်ပြီးလွတ်မြောက် နေသူနှစ်ဦးကို ဖမ်းဝရမ်းထုတ် ထားသည်။