အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာန
ပထမဆုံး အကြိမ်အပြည်ပြည် ဆိုင်ရာ အဲဟ်လေ့ဘိုက်သ် (အ.စ) ကိုချစ်သူများဆိုင်ရာ ညီလာခံ ကို ယနေ့ ဒီဇင်ဘာလ ၁၁ရက်နေ့မနက်အချိန်တွင် တီဟီရန်မြို့တွင်ကျင်းပခဲ့ပါတယ်။
မဂ်ျမယေ ဂျဟာနီအဲဟ်လေ့ဘိုက်သ် (အ.စ) ၏ အထွေထွေ အတွင်းရေးမှူး ချုပ် H.I မိုဟမ္မဒ် ဟစန် အခ်သရီ အနေဖြင့် အဲဟ်လေ့ဘိုက်သ် (အ.စ) ကို အချစ် မေတ္တာ ထားသူများ၏ အလွန်တရာ လုပ်ဆောင်နိုင်သည့် စွမ်းရည်သတ္တိ များ နှင့်ပတ်သက်ပြီး တိုက်တွန်း ပြောကြားခဲ့ပါတယ်။
ပြောကြား သည်မှာ ကမ္ဘာ့ ပေါ်ရှိ အဲဟ်လေ့ဘိုက်သ် (အ.စ) ကိုအချစ်မေတ္တာ ထားသူများ အနေဖြင့် မလွဲမသွေ မိမိတို့၏ စွမ်းအား အင်အား နှင့် အလ္လာဟ်ပေးထားသည့် စွမ်းအား (ပါရမီ) ကို အသုံး ပြုရမည် ဖြစ်ကြောင်း ဖြစ်ပါတယ်။
၎င်းမှဆက်လက်ပြီး ပြောကြားသည်မှာ - အစ္စလာမ်သာသနာ သည် ယနေ့ မနုဿလူသားများ အတွက် လိုအပ်ချက် အားလုံးကို အဖြေပေးနိုင်သည့် သာသနာ ဖြစ်ပါတယ် ။ အေမာမ်ခါမေနာအီ အနေဖြင့် အနောက်နိုင်ငံသားလူငယ်လူရွယ်များ ကို ရေးသားခဲ့သည့် စာ ၂ စောင် အတွင်း အစ္စလာမ် သာသနာ တော်ကို မလွဲမသွေ လေ့လာ ရန် တိုက်တွန်း မိန့်ကြားခဲ့ပါတယ်။
မဂ်ျမယေ ဂျဟာနီအဲဟ်လေ့ဘိုက်သ် (အ.စ) ၏ အထွေထွေ အတွင်းရေးမှူး ချုပ်မှ ဆက်လက်ပြီး ကျွန်ုပ်တို့အနေဖြင့် အစ္စလာမ်အသိုင်း အဝိုင်း ၏ ပညာရှင်များ အကြီးအကဲခေါင်းဆောင်များ နေရာမှ မလွဲမသွေ အခြား အစ္စလာမ်ဘာသာဝင်မဟုတ်သူများ အစ္စလာမ် သာသနာကို သိရှိနားလည်း သဘောပေါက်လာအောင် စီစဉ်ပေးရမည်ဖြစ်ပါတယ်။



မဲဟ်ဒဝီယသ်ကိစ္စသော်လည်းကောင်း အေမာမ် ဇမာန်း (အ.ဂျ) ဇဟူးရ် ဖြစ်ဖို့ မျှော်လင့်ချက် ထား သည့် ကိစ္စ သော်လည်းကောင်း မဖြစ်မနေ လေ့လာ သုတေသနပြုရမည်ဖြစ်ပါတယ်။
မလွဲမသွေ ကျွန်ုပ်တို့၏ ကြိုးပမ်းမှု သတ္တိရှိမှု နှင့်အတူ ဤကဲ့သို့သော် ညီလာခံများ ကျင်းပခြင်းဖြင့် တစ်ယောက်နှင့်တစ်ယောက် အတွေးခြင်းတူအောင် အလုပ်အတူတွဲလုပ် နိုင်အောင်ပိုမို၍ အခြေ အနေ များဖြစ်ပေါ်လာ ပြီး အေမာမ် ဇမာန်း (အ.ဂျ) ဇဟူရ် ဖြစ်ဖို့အတွက် လမ်းခင်းပေး နိုင်မှာ ဖြစ်ကြောင်း မဂ်ျမယေ ဂျဟာနီအဲဟ်လေ့ဘိုက်သ် (အ.စ) ၏ အထွေထွေ အတွင်းရေးမှူး ချုပ်မှ ဆက်လက်ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး ပြောကြားသည်မှာ- ကျွန်တော်အနေဖြင့်မျှော်လင့်ထားပါတယ်။ မျှော်လင့်ချက် ကတော့ အမြဲတန်း မွတ်စလင်မ်များ ကို အားနည်း အားပျော့ အောင် ကြံစီ နေကြသည့် အာလေ့ စအူးဒ် နှင့် အာလေနဲဟ်ယန် မှ ဂျူလူမျိုးများ (ရဟူဒီများ) ကို ပျက်သုဉ်းရန် နှင့် ကမ္ဘာသူ ကမ္ဘာသားများ အောင်ပန်းကိုဆွတ်ခူးနိုင် ရန် စီစဉ်ပေး နိုင်မည် ဖြစ်ကြောင်း ပြောကြားခဲပါသည်။
မှတ်သားရမည့်အချက်မှာ - ပထမဆုံး အကြိမ်အပြည်ပြည် ဆိုင်ရာ အဲဟ်လေ့ဘိုက်သ် (အ.စ) ကိုချစ်သူများဆိုင်ရာ ညီလာခံ ကို ယနေ့ ဒီဇင်ဘာလ ၁၁ရက်နေ့မနက်အချိန်တွင် တီဟီရန်မြို့၌ အစ္စလာမ်မီ မဇ်ဟဗ် များမှ အရေးပါအရာက် လူကြီးမင်းများ အရာရှိများ တက်ရောက် နေရာယူခဲ့၍ ကျင်းပခဲ့ပါတယ်။
ဤညီလာခံမှာ ၂ရက်တာ ဖြစ်ပြီး ပြီး မဂ်ျမယေ ဂျဟာနီ ဘီဒါရီယေ အစ္စလာမ်မီ မှ ဧည့်သည် အဖြစ် နေ၍ မဂ်ျမယေ ဂျဟာနီ အဲဟ်လေ့ဘိုက်သ် (အ.စ) နှင့်တွဲ ဖက်၍ ကျင်းပခဲ့ပါတယ်။
အခမ်းအနားတွင် ကမ္ဘာ့ နိုင်ငံအသီးသီးမှာ အေမာမ်မီယာ ရှီအာဟ် ၊ ဇိုင်ဒီရှီအာဟ် ၊ အစ္စမရာအီလီ ရှီအာဟ် ၊အလဝီ ရှီအာဟ် စသည်ဖြင့် နှင့် အဲဟ်လေ့ဘိုက်သ် (အ.စ)ကို အချစ်ထားသည့် စွန္နီ အချို့ စသည်တို့ ပါဝင်နေရာ ယူခဲ့ကြပါ တယ်။
=======================
251 / END