၁၁ ဒီဇင်ဘာ ၂၀၁၈ - ၁၆:၂၂
စစ်ရှောင်အရေး ဆန္ဒပြသူသုံးဦးကို လွှတ်ပေးရန် မြစ်ကြီးနားတွင် လူထောင်ချီ ဆန္ဒထုတ်ဖော် အမှန်တရားဘက်ရပ်တည်မှုမရှိသည့် တရားသူကြီး အလိုမရ

တပ်မတော်အား အသ ရေဖျက်သည်ဟုဆိုကာ ပုဒ်မ ၅၀၀ဖြင့် တရားစွဲခံရပြီး ထောင်ဒဏ် ခြောက်လနှင့် ငွေဒဏ် ကျပ်ငါး သိန်း ချမှတ်ခံခဲ့ရသော စစ်ရှောင် အရေး ဆန္ဒပြသူ သုံးဦးကို ခြွင်း ချက်မရှိ ပြန်လွှတ်ပေးရန် မြစ်ကြီး နားမြို့တွင် ယမန်နေ့က လူ ထောင်ချီ ဆန္ဒထုတ်ဖော်ခဲ့သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


 တပ်မတော်အား အသ ရေဖျက်သည်ဟုဆိုကာ ပုဒ်မ ၅၀၀ဖြင့် တရားစွဲခံရပြီး ထောင်ဒဏ် ခြောက်လနှင့် ငွေဒဏ် ကျပ်ငါး သိန်း ချမှတ်ခံခဲ့ရသော စစ်ရှောင် အရေး ဆန္ဒပြသူ သုံးဦးကို ခြွင်း ချက်မရှိ ပြန်လွှတ်ပေးရန် မြစ်ကြီး နားမြို့တွင် ယမန်နေ့က လူ ထောင်ချီ ဆန္ဒထုတ်ဖော်ခဲ့သည်။

အဆိုပါ ဆန္ဒထုတ်ဖော်မှု တွင် ကချင်လူငယ်များ၊ မြစ်ကြီး နားမြို့ အနီးတစ်ဝိုက်ရှိ စစ်ဘေး ဒုက္ခသည်စခန်းများမှ စစ်ရှောင် များ၊ ကချင်ဘာသာရေး အဖွဲ့အ စည်းများမှ တာဝန်ရှိသူများ၊ မြို့မိ မြို့ဖများ စုစုပေါင်း ခန့်မှန်းလူဦး ရေ ၄,၀၀၀ ကျော် ပါဝင်ခဲ့ကြောင်းဆန္ဒထုတ်ဖော်ပွဲ ဦးဆောင်သူ ကိုနော်အောင်က ပြောသည်။ ဆန္ဒထုတ်ဖော်ပွဲတွင် ပါဝင်မည့် သူများသည် ဒီဇင်ဘာ ၁၀ ရက် နံနက်တွင် မြစ်ကြီးနားမြို့ရှိ မနောကွင်း၌ လူစုခဲ့သည်။

ယခုကဲ့သို့ ဆန္ဒထုတ်ဖော် ခြင်းသည် အစိုးရကို ဆန့်ကျင် ခြင်းမဟုတ်ဘဲ အမှန်တရားဘက် က ရပ်တည်ပြီး ဆန္ဒထုတ်ဖော် ခြင်းဖြစ်ကြောင်း ကချင်နှစ်ခြင်း ခရစ်ယာန်အသင်းတော် (KBC) ဥက္ကဋ္ဌ ဒေါက်တာခလမ်ဆန်ဆွမ် က မနောကွင်း၌ စုဝေးရောက်ရှိ လာသူများအား ပြောသည်။

‘‘ဒီ လူငယ်ခေါင်းဆောင် သုံးယောက်ရဲ့ အဖြစ်အပျက်ဟာ ထောင်ခြောက်လနဲ့ ဒဏ်ငွေငါး သိန်း ဆုံးဖြတ်ချက်ချစရာအ ကြောင်းလည်းမရှိပါဘူး။ ဒါပေမဲ့ ဒီလိုလုပ်လိုက်ခြင်းဟာ တရား ဥပဒေဟာ ဘယ်သူကိုင်ထား တယ်။ တရားဥပဒေဟာ ဘယ်သူ့ လက်ထဲမှာ ရှိတယ်ဆိုတာကို ပြသနေခြင်းပဲ ဖြစ်ပါတယ်’’ဟု ၎င်းက ဆိုသည်။

ဆန္ဒထုတ်ဖော်သူများသည် မနောကွင်းမှတစ်ဆင့် မြစ်ကြီးနား မြို့နယ် တရားရုံးရှေ့နေအပါအ ဝင် မြို့ပေါ်ရှိ အဓိကလမ်းမကြီး များတွင် လမ်းလျှောက်ကာ ကြွေး ကြော်ခဲ့သည်။

ပိတ်မိပြည်သူ လွတ်မြောက် ရေး ဆောင်ရွက်နေသူ သုံးဦးအား မတရားသဖြင့် ထောင်ဒဏ်ချမှတ် ခဲ့သည့် မြစ်ကြီးနားမြို့နယ် တရားရုံးကို ပြင်းထန်စွာရှုတ်ချ ကြောင်း၊ တရားမျှတမှုမရှိဘဲ ထောင်ချခံထားရသည့် ဦးလွမ်း ဇောင်း၊ ဦးဇော်ဂျတ်နှင့် ဒေါ်နန်ပူ တို့ သုံးဦးအား ခြွင်းချက်မရှိ လွှတ် ပေးရန်၊ အမှန်တရားဘက်ရပ် တည်မှု မရှိသော တရားသူကြီး အလိုမရှိကြောင်းနှင့် လွတ်လပ် ပြီး တရားမျှတသော တရားစီရင် ရေးမဏ္ဍိုင် အမြန်ဆုံးဖော်ဆောင် ပေးရန်တို့ကို ၎င်းတို့က ကြွေး ကြော်ခဲ့သည်။

ဆန္ဒထုတ်ဖော်သူများသည် Failed Law စတစ်ကာလှုပ်ရှားမှု ပြုလုပ်ခဲ့ရာ ကချင်ပြည်နယ် တရားလွှတ်တော်နှင့် မြို့မရဲစခန်း ဆိုင်းဘုတ်များတွင် ယင်းစတစ် ကာများ ကပ်ခဲ့သည်။ လုံခြုံရေး တာဝန်ယူပေးသည့် ရဲတပ်ဖွဲ့ဝင် တို့ကိုလည်း စတစ်ကာများ ကပ်ခဲ့ သည်။

သုံးနာရီကျော်ကြာ ပြုလုပ်ခဲ့ သည့် ဆန္ဒထုတ်ဖော်မှုကို မွန်းလွဲ ၁ နာရီဝန်းကျင်တွင် ရုပ်သိမ်းခဲ့ သည်။ ဆန္ဒထုတ်ဖော်ရာတွင် ကချင်အမျိုးသားအလံနှင့် ပြစ် ဒဏ်ချခံရသူ သုံးဦးတို့၏ ပုံများပါ ရှိသည့် ဗီနိုင်းတို့ကို ကိုင်ဆောင် အသုံးပြုခြင်း၊ ဆန္ဒထုတ်ဖော်ခွင့် တောင်းစဉ်က တင်ပြမှုမရှိသည့် စာသားအချို့ ရေးသားကိုင် ဆောင်ခြင်းတို့နှင့် ပတ်သက်ပြီး မြစ်ကြီးနားမြို့နယ်ရဲတပ်ဖွဲ့က အ ကြောင်းကြားစာ ပေးပို့ကာ ယင်းဆိုင်းဘုတ်များ ဖြုတ်သိမ်းခြင်းမရှိ ဘဲ ဆက်လက်ဆောင်ရွက်မည်ဆို ပါက ဥပဒေအရ အရေးယူခံရမည် ဟု အသိပေးခဲ့သည်။ လော်စပီ ကာ အသုံးပြုခြင်းကိုလည်း ရဲတပ် ဖွဲ့က အသုံးမပြုရန် ပိတ်ပင်ခဲ့ သည်ဟု ဆန္ဒပြပွဲ ဦးဆောင်သူများ က ဆိုသည်။

‘‘အကြောင်းကြားစာပို့လိုက် တော့ တချို့ပြန်ဖြုတ်ပေးလိုက် တယ်။ လော်စပီကာကလွဲပြီး ကျန်တဲ့ဟာတွေတော့ ဖြုတ်ပေးလိုက် တယ်။ အပိုစာသားတွေပေါ့’’ဟု ဆန္ဒထုတ်ဖော်ခွင့် တင်ပြခဲ့သူ ကိုလမာဆန်အောင်က ပြော သည်။

 အလံကိုင်ဆောင်မှုသည် ဆန္ဒပြပွဲ ဦးဆောင်သူများက စီစဉ် ခြင်းမဟုတ်ဘဲ အပြင်မှ ပူးပေါင်း ပါဝင်လာသူများက ကိုင်ဆောင် ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

=======================
251 / End