၁၆ ဒီဇင်ဘာ ၂၀၁၈ - ၁၅:၄၈
အဂတိလိုက်စားမှုများလေ၊ တိုင်းပြည်ဆင်းရဲမွဲတေမှုများလေဟု မကွေးတိုင်းဝန်ကြီးချုပ်ပြောကြား

တိုင်းပြည်တစ်ခုတွင် အဂတိလိုက်စားမှုများပါက တိုင်း ပြည် ဆင်းရဲမွဲတေမှုများပြီးတရားဥပဒေစိုးမိုးမှုမရှိသည့် အခြေအနေဖြစ်လာနိုင်ကြောင်း မကွေး တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုက ပြောကြား သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


တိုင်းပြည်တစ်ခုတွင် အဂတိလိုက်စားမှုများပါက တိုင်း ပြည် ဆင်းရဲမွဲတေမှုများပြီးတရားဥပဒေစိုးမိုးမှုမရှိသည့် အခြေအနေဖြစ်လာနိုင်ကြောင်း မကွေး တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုက ပြောကြား သည်။

ဒီဇင်ဘာ ၁၅ ရက်က မကွေး မြို့ လွတ်လပ်ရေးပန်းခြံတွင် Triangle အမျိုးသမီးအဖွဲ့က ဦး ဆောင်ပြုလုပ်သည့် အပြည်ပြည် ဆိုင်ရာအဂတိလိုက်စားမှုတိုက် ဖျက်ရေးအခမ်းအနား၌ ၀န်ကြီး ချုပ်က ပြောကြားခြင်းဖြစ်သည်။

‘‘အဂတိလိုက်စားမှုများလေ  တိုင်းပြည် ဆင်းရဲမွဲတေမှုများ လေ၊ တရားဥပဒေစိုးမိုးမှုမရှိလေ ပဲ။ အဂတိတိုက်ဖျက် ရေးဆိုတာ တိုင်းပြည်နဲ့ လူမျိုးအတွက်အင်မ တန်ကို အရေးကြီးပါတယ်။ အဂ တိလိုက်စားမှု အင်မတန်ကိုနည်း တဲ့ လုံးဝမရှိဘူးလို့တော့ပြောလို့ မရဘူး။ နိုင်ငံတိုင်းမှာ အနည်းနဲ့ အများတော့ရှိကြတာပဲ။ အဂတိ လိုက်စားမှုနည်းတဲ့နေရာမှ လူရို သေရှင်ရိုသေဖြစ်တဲ့နေရာ အာရှ ကစင်ကာပူနိုင်ငံဆိုနာမည်ကြီး တယ်’’ ဟု ၀န်ကြီးချုပ်က ပြော သည်။

ထို့ကြောင့် မြန်မာနိုင်ငံတွင် ကောင်းမွန်သော အုပ်ချုပ်ရေး၊ သန့်ရှင်းသော အစိုးရပေါ်ပေါက် လာစေရန် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို အမျိုးသား  ရေးတာဝန်အဖြစ်ခံယူလျက် အဂ တိလိုက်စားမှုကာကွယ်တားဆီး ခြင်း၊ စုံစမ်းစစ်ဆေးခြင်းနှင့် အ များပြည်သူပညာပေးခြင်းလုပ် ငန်းများ ဆောင်ရွက်ရမည်ဖြစ် ကြောင်း ၀န်ကြီးချုပ်ကဆိုသည်။

အဂတိတိုက်ဖျက်ရေး အ တွက် ပြည်သူများကိုအသိပညာ ပေးခြင်းအခမ်းအနားကို မကွေး မြို့တွင် လာရောက်ကျင်းပခြင်း နှင့် ပတ်သက်၍ ဦးဆောင်ကျင်း ပသူ Triangle အမျိုးသမီးအဖွဲ့ ဒါရိုက်တာ ဒေါ်ခင်လေးက ‘‘မ ကွေးတိုင်းဝန်ကြီးချုပ်အပါအ၀င် ပေါ့နော် အရင်တုန်းကအစိုးရ  ဆီကရသင့်ရထိုက်တဲ့ ပြည်သူ့ ဘဏ္ဍာငွေတွေကိုပြန်ရအောင် လုပ်ခဲ့တာရယ်။ ၀န်ကြီးချုပ်ကိုယ် တိုင်ကလည်း ဒီလိုကိစ္စမျိုးတွေ မှာ တက်တက်ကြွကြွပါဝင်တယ်။   အဂတိလိုက်စားမှုတိုက်ဖျက်ရေး   အစိုးရကိုယ်တိုင်ကလည်း အား ပေးမှုတွေရှိနေပြီ။ အဲဒါကြောင့် ပြည်သူလူထုအနေနဲ့ ဒီတိုက်ဖျက်  ရေးတွေမှာ အကြောက်တရား ကင်းကင်းနဲ့ပါဝင်လာဖို့ရည်ရွယ် ပါတယ်’’ ဟု ပြောသည်။

မြန်မာ ပြည်သူများသည် အဂတိတရားနှင့် ကျင့်သားရနေ  သည်မှာ ကြာမြင့်ခဲ့ကြောင်း၊ အ ဂတိ၏ ဆိုးကျိုးကိုလည်း ပြည်သူ   များ နက်နက်နဲနဲခံစားနေရ ကြောင်း၊ ထို့ကြောင့် အဂတိ လိုက်စားမှုများကို ပြည်သူများ ကိုယ်တိုင် ပါဝင်တိုက်ဖျက်လာနိုင် ရန်နှင့် သိရှိနားလည်ရန် ယခုကဲ့ သို့ အခမ်းအနားများကျင်းပရန် လိုအပ်ကြောင်း ၎င်းကဆိုသည်။

‘‘အဂတိနဲ့ပတ်သက်လာပြီး ကျွန်တော့်အမြင်အရပြောရရင် ဌာနဆိုင်ရာတွေပါမကတော့ဘဲနဲ့ စီး ပွားရေး နယ်ပယ်တွေတင်မက တော့ဘဲနဲ့ တရားရုံးတွေအထိဒီ အဂတိကင်းစင်မှုမရှိတဲ့အခါမှာ ဒီတိုင်းပြည်ကို ဒီတိုင်းထားလိုက် လို့ကတော့ ပြောင်းလဲချိန်တန်ပြီ ဆိုသော်လည်း အဂတိကိုမှ ရှင်း အောင်မလုပ်နိုင်ရန် ကျွန်တော် တို့ပြောင်းလဲအောင်လုပ်ဖို့ခက်ခဲ ပါလိမ့်မယ်။ အဲဒါကြေင့် အဂတိ တိုက်ဖျက်မှုတွေ လုပ်ရပါလိမ့် မယ်’’ ဟု မကွေးမြို့နယ်ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်  ဦးက၎င်း၏အမြင်ကို ပြောကြား သည်။

အဆိုပါပွဲတွင် လာရောက်  သည့် ပြည်သူများကို အဂတိနှင့်  ပတ်သက်သည့် အကြောင်းအရာ   များ ရှင်းလင်းပြောကြားခြင်း၊  အသိပညာပေး လက်ကမ်းစာ စောင်များပေးဝေခြင်းတို့အပြင် အဂတိဆိုင်ရာသိမှတ်ဖွယ်ရာများ   နှင့် ဒီမိုကရေစီအငြိမ့်ပြိုင်ပွဲပထမ  ဆုရ ဇွဲအငြိမ့်သဘင်ကဖျော်ဖြေတင်ဆက်ခဲ့သည်။

=======================
251 / End