၁၆ ဒီဇင်ဘာ ၂၀၁၈ - ၁၆:၀၈
ရသေ့တောင်တွင် တပ်မတော်နှင့် အေအေ တိုက်ပွဲဖြစ်ပွား

“ကျနော်တို့က ရသေ့တောင်ကနေ ကျောက်တန်း ကျေးရွာကို လာတာပါ။ လမ်းမှာ တိုက်ပွဲဖြစ်နေတာနဲ့ကြုံလို့ အခု သောင်ဒရားကျေးရွာမှာ ရပ်နားနေရပါတယ်။ လမ်းလုပ်နေသူတွေ လည်း အားလုံးဝင်ပြေးလာကြပါတယ်။ အခုကတော့ အပြန်အလှန်ပစ်ခတ်သံတွေ ဆူညံနေပါတယ်။ ကျေးရွာသူ/သားတွေလည်း အားလုံး ကြောက်လန့်နေကြပါတယ်။ ရွာလည်း တိတ်ဆိတ်ငြိမ်သက်နေပါတယ်” လို့ ပြောပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

“ကျနော်တို့က ရသေ့တောင်ကနေ ကျောက်တန်း ကျေးရွာကို လာတာပါ။ လမ်းမှာ တိုက်ပွဲဖြစ်နေတာနဲ့ကြုံလို့ အခု သောင်ဒရားကျေးရွာမှာ ရပ်နားနေရပါတယ်။ လမ်းလုပ်နေသူတွေ လည်း အားလုံးဝင်ပြေးလာကြပါတယ်။ အခုကတော့ အပြန်အလှန်ပစ်ခတ်သံတွေ ဆူညံနေပါတယ်။ ကျေးရွာသူ/သားတွေလည်း အားလုံး ကြောက်လန့်နေကြပါတယ်။ ရွာလည်း တိတ်ဆိတ်ငြိမ်သက်နေပါတယ်” လို့ ပြောပါတယ်။

ကျောက်တန်း ကျေးရွာမှာ အိမ်ခြေ ၆၀၀ ကျော်ရှိပြီး သောင်ဒရားကျေးရွာမှာ အရှေ့ရွာနဲ့ အနောက်ရွာ နှစ်ခုပေါင်း အိမ်ခြေ ၄၀၀ ကျော်လောက် ရှိတယ်လို့ သိရပါတယ်။

တပ်မတော်နဲ့ အေအေတို့ ဒီဇင်ဘာ ၁၆ ရက်နေ့က ရသေ့တောင်မြို့နယ်သောင်ဒရားကျေးရွာအနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့သလို ပုဏ္ဏားကျွန်းမြို့နယ် မောင်နှမကျေးရွာနဲ့ ကျွန်းသာယာကျေးရွာ အကြား စတဲ့နေရာတွေမှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ရက္ခိုင့်တပ်မတော် (အေအ) က ဒီနေ့ ညနေ သတင်းထုတ်ပြန်ထားပါတယ်။

တပ်မတော်ဘက်က ရခိုင်ပြည်နယ်အနှံ့ ထိုးစစ်ဆင်မှုတွေ ပြုလုပ်နေတာကြောင့် တိုက်ပွဲဖြစ်ပွားရတာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ တိုက်ပွဲကြောင့် ထိခိုက်ဒဏ်ရာရမှု အခြေနေတွေကို ထပ်မံထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဒီဇင်ဘာ ၁၅ ရက်ကလည်း ပုဏ္ဏားကျွန်းမြို့နယ် ခမောင်းရွာအနီး တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲဖြစ်ပွားမှုအခြေနေတွေနဲ့ ပတ်သက်လို့ တပ်မတော်ဘက်ကတော့ သတင်းထုတ်ပြန်ခြင်း မရှိသေးပါဘူး။

=======================
251 / End