၁၈ ဒီဇင်ဘာ ၂၀၁၈ - ၁၇:၂၂
ဒေါက်တာစင်သီယာမောင် ငြိမ်းချမ်းရေးဆု ရရှိသဖြင့် ဂုဏ်ယူကြောင်း အမေရိကန်သံရုံး ထုတ်ပြန်

ထိုင်း-မြန်မာ နယ်စပ် မဲ ဆောက်မြို့ရှိမယ်တော်ဆေးခန်း တည်ထောင်သူ ဒေါက်တာစင်သီ ယာမောင်သည်ကုလသမဂ္ဂဖွံ့ဖြိုး ရေးအစီအစဉ်က ချီးမြှင့်သည့် ငြိမ်းချမ်ေးရးဆု ရရှိသဖြင့် ၀မ်းမြောက်ဂုဏ်ယူကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ယမန်နေ့တွင် သတင်းထုတ်ပြန် သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ထိုင်း-မြန်မာ နယ်စပ် မဲ ဆောက်မြို့ရှိမယ်တော်ဆေးခန်း တည်ထောင်သူ ဒေါက်တာစင်သီ ယာမောင်သည်ကုလသမဂ္ဂဖွံ့ဖြိုး ရေးအစီအစဉ်က ချီးမြှင့်သည့် ငြိမ်းချမ်ေးရးဆု ရရှိသဖြင့် ၀မ်းမြောက်ဂုဏ်ယူကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ယမန်နေ့တွင် သတင်းထုတ်ပြန် သည်။

‘‘သူရဲကောင်းတွေဟာ အ မြဲတမ်းဝတ်ရုံလွှာကြီးတွေ ခြုံထား တာမျိုး မဟုတ်ပါဘူး။ တစ်ခါ တလေတော့ သူရဲကောင်းဆိုတာ အန္တရာယ်များတဲ့၊ ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့၊ ပတ်ဝန်းကျင်မှာရှိ နေတဲ့ အမျိုးသမီးတွေအတွက် ကျန်းမာရေး စောင့်ရှောက်မှုလုပ် ငန်းတွေ ဆောင်ရွက်ပေးနေတာ မျိုးပါ’’ ဟု အမေရိကန်သံရုံး၏ ဒီဇင်ဘာ ၁၈ ရက် ထုတ်ပြန်ချက် တွင် ဖော်ပြသည်။

ဒေါက်တာစင်သီယာမောင် သည် အာရှ-ပစိဖိတ်ဒေသဆိုင် ရာ ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက် ရေး အစီအစဉ်က ငြိမ်းချမ်းရေး တည်ဆောက်မှုနှင့် ပဋိပက္ခဒေသ များမှ အမျိုးသမီးများ၏ လုပ်ကိုင် ခွင့်မြှင့်တင်ရေး ဆောင်ရွက်သူ များကို ဂုဏ်ပြုသည့် ၂၀၁၈ အတွက် ပေးအပ်သော N-Peace Awerds  ငြိမ်းချမ်းရေး ဆုရရှိသူ ၁၀ ဦးအနက် တစ်ဦး ဖြစ်သည်။ အခြားဆုရရှိသူများသည် ဖိလစ်ပိုင်၊ နီပေါ၊ အင်ဒိုနီးရှား၊ ပါကစ္စတန်စသည်တို့မှ တက်ကြွလှုပ်ရှား သူများ ဖြစ်သည်။

ကျန်းမာရေးစောင့်ရှောက်မှု ကင်းမဲ့သော ပဋိပက္ခဒေသရှိ မိခင်များအား အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှုပေးသော ဆောင်ရွက်ချက်များကို အသိအ မှတ်ပြုသောကြောင့် ဒေါက်တာ စင်သီယာမောင်အား ဆုပေးအပ် ခြင်းဖြစ်ကြောင်း UNDP က နိုဝင် ဘာ ၂၄ ရက် ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

=======================
251 / End