၂၀ ဒီဇင်ဘာ ၂၀၁၈ - ၁၅:၄၀
ရခိုင်ပြည်နယ်အရေး အာဆီယံနှင့် ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီချက် လက်မှတ်ရေးထိုးရေး မြန်မာအစိုးရညှိနှိုင်းနေ

ရခိုင်ပြည်နယ်မြောက် ပိုင်းကိစ္စနှင့်ပတ်သက်၍ အာဆီ ယံက ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်တစ်ရပ် လက် မှတ်ရေးထိုးရန် မြန်မာအစိုးရနှင့် အာဆီယံကြား ညှိနှိုင်းနေကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံရေးရာဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ် ဦးစိုးဟန်က ပြောသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ရခိုင်ပြည်နယ်မြောက် ပိုင်းကိစ္စနှင့်ပတ်သက်၍ အာဆီ ယံက ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်တစ်ရပ် လက် မှတ်ရေးထိုးရန် မြန်မာအစိုးရနှင့် အာဆီယံကြား ညှိနှိုင်းနေကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံရေးရာဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ် ဦးစိုးဟန်က ပြောသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် သည် အာဆီယံအတွင်းရေးမှူး ချုပ် Mr.Lim Jock Hoi ကို ဒီဇင်ဘာ ၁၈ ရက်တွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံပြီး ရခိုင်ပြည်နယ် ဖြစ်ပေါ်တိုးတက်မှုအခြေအနေကို ဆွေး နွေးခဲ့သည်။

‘‘ဒါကတော့ အပြုသဘော ဆောင်ပါတယ်။ ဒီကိစ္စမှာ အာဆီ ယံအနေနဲ့ ကူညီပေးနိုင်တဲ့အနေ အထားရှိတယ်။ Terms of Reference ညှိနေတယ်။ မကြာ ခင်သဘောတူညီဖို့ရှိတယ်’’ ဟု ဦးစိုးဟန်က ရှင်းပြသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် အာဆီယံအတွင်းရေး မှူးချုပ်တို့ တွေ့ဆုံစဉ် နေရပ်စွန့် ခွာသူများ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ် အထောက်အကူ ဖြစ်စေရေး ဘေးအန္တရာယ်စီမံခန့်ခွဲမှု နှင့်ပတ်သက်သည့် အာဆီယံ၏လူသားချင်း စာနာထောက်ထားမှု အကူအညီများ ညှိနှိုင်းရေးဌာန(AHA Centre) ကလိုအပ်ချက် ဆန်းစစ်ဖော်ထုတ်ရေးအဖွဲ့ စေ လွှတ်ရေး ထည့်သွင်းဆွေးနွေး သည်။

ရခိုင်ပြည်နယ်တွင် နေရပ် စွန့်ခွာသူများ ပြန်လည်လက်ခံရေး မြန်မာနိုင်ငံက ပြင်ဆင်ထားရှိ သည့် အစီအစဉ်များနှင့် သဘာဝဘေးအန္တရာယ်တုံ့ ပြန်ရေးဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး ရေးအစီအစဉ်များ မြန်မာနိုင်ငံ၌ ဖွင့်လှစ်ရေး ဆက်လက်ဆွေးနွေး ခဲ့သည်။

အာဆီယံအတွင်းရေးမှူးချုပ် ဦးဆောင်၍ လူသားချင်းစာနာမှု အကူအညီပေးရေး အာဆီယံညှိ နှိုင်းမှုစင်တာ (AHA Centre) မှ တာဝန်ရှိသူအချို့သည် ဒီဇင်ဘာ၁၇ ရက်တွင် ရခိုင်ပြည်နယ် မြောက်ပိုင်းသို့ ကွင်းဆင်းလေ့လာ ခဲ့သည်။

အာဆီယံသည် ရခိုင်ပြည် နယ်ရှိ အသိုက်အ၀န်းအားလုံး အေးချမ်းတည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုးရေး၊သဟဇာတရှိရေး၊ ပြန်လည်သင့်မြတ်ရေးနှင့် စဉ် ဆက်မပြတ် တန်းတူညီစွာ ဖွံ့ဖြိုး တိုးတက်ရေးအတွက် မြန်မာအစိုး ရ၏ ကြိုးပမ်းမှုများကို ဆက်လက် ထောက်ခံမည်ဖြစ်ကြောင်း နိုဝင် ဘာတွင်ကျင်းပသော အာဆီယံ ထိပ်သီးဆွေးနွေးပွဲအပြီးအာဆီယံ ဥက္ကဋ္ဌကြေညာချက်၌ ဖော်ပြ သည်။

ထို့အပြင် ရခိုင်ပြည်နယ် မြောက်ပိုင်းမှ ပြန်လည်လက်ခံ ရေးလုပ်ငန်းစဉ်နှင့်ပတ်သက်၍ လိုအပ်သည့် ကူညီမှုများပေးရန် အာဆီယံက အသင့်ရှိကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

သို့သော် နေရပ်စွန့်ခွာသူ များ ပြန်လည်လက်ခံရေးလုပ်ငန်း စဉ် အဆင်ပြေချောမွေ့မှုရှိရန်နှင့် မြန်မာအစိုးရနှင့် UNDP, UNHCR တို့အကြား ချုပ်ဆိုထား သော နားလည်မှုစာချွန်လွှာကို အပြည့်အ၀ အကောင်အထည် ဖော်ရန် ဆက်လက်စောင့်ကြည့် မည်ဟု အာဆီယံက ဆိုသည်။

=======================
251 / End