၂၃ ဒီဇင်ဘာ ၂၀၁၈ - ၁၆:၀၅
တပ်မတော် စစ်ရေးလှုပ်ရှားမှုရပ်ဆိုင်းကာလ ထပ်မံတိုးပေးရန် တိုင်းရင်းသားအဖွဲ့အချို့ မျှော်လင့်

NCA စာချုပ်တွင် လက်မှတ်ရေးထိုးခြင်း နှစ်ပတ်လည်အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်အချို့ စကားလက်ဆုံကျနေစဉ်

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် အားလုံးပါဝင်နိုင်ရေးနှင့် လိုအပ် သော ညှိနှိုင်းဆွေးနွေးမှုများပြု လုပ်နိုင်ရေး စစ်ရေးလှုပ်ရှားမှု များအားလုံးကို လေးလကျော် တစ်ဖက်သတ် ရပ်ဆိုင်းပေးခြင်း သည် အပေါင်းလက္ခဏာဆောင်သော ဆောင်ရွက်မှုဖြစ်ပြီးလိုအပ်ပါက စစ်ဆင်ရေးကာလကို အချိန်တိုးချဲ့ပြုလုပ်မည်ဟု မျှော် လင့်ကြောင်း ချင်းလက်နက်ကိုင်အဖွဲ့ (CNF)က သဘောထားထုတ်ပြန်သည်။

တပ်မတော်၏ ထုတ်ပြန် ချက်သည် မြန်မာနိုင်ငံ၌ တွေ့ကြုံ နေသော ပြဿနာများကို စစ်ရေးဖြင့်ဖြေရှင်းခြင်းမပြုဘဲ နိုင်ငံရေးနည်းဖြင့် ညှိနှိုင်းအဖြေရှာရန်  သဘောထားသည်ဟု ရှုမြင်သည့် အပေါ် ကြိုဆိုကြောင်းယင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။

နိုင်ငံရေးဆွေးနွေးမှုနှင့် ပစ် ခတ်တိုက်ခိုက်မှုရပ်စဲရေးစောင့် ကြည့်ခြင်းဆိုင်ရာ လုပ်ငန်းတွင် တစ်ဆို့နေသော လုပ်ငန်းစဉ်များ ကို ညှိနှိုင်းဆွေးနွေးမှုဖြင့် ကျော် လွှားပြီး နှစ်ဖက်သဘောတူညီ သော နားလည်မှုနှင့် သဘောထား များရရှိကာ ငြိမ်းချမ်းရေးလုပ်ငန်း စဉ်များအရှိန်အဟုန်ဖြင့် ဆောင် ရွက်နိုင်မည်ဟု CNF ကဆိုသည်။

ကချင်ပြည်နယ်နှင့် ရှမ်း ပြည်နယ်အခြေစိုက် တိုင်းစစ်ဌာန ချုပ်များအပါအ၀င်တပ်မတော် တိုင်းစစ်ဌာနချုပ်ငါးခု၏ နယ်မြေ များ၌ စစ်ရေးဆိုင်ရာလှုပ်ရှားမှု အားလုံးကို ၂၀၁၈ ဒီဇင်ဘာ ၂၁ ရက်မှ ၂၀၁၉ ဧပြီ ၃၀ ရက်ထိ လေးလကျော်ကြာရပ်ဆိုင်းမည် ဟု တပ်မတော်ကထုတ်ပြန်ထား သည်။ တပ်မတော်၏ သဘောထားဖော်ပြခဲ့ခြင်းသည် ပြည်တွင်းစစ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်း ရေးအတွက် များစွာအထောက်အ ကူပြုကြောင်း၊ ၀မ်းမြောက်စွာကြို ဆိုကြောင်းရှမ်းလက်နက်ကိုင်အဖွဲ့   (SSPP) ကထုတ်ပြန်သည်။

ထုတ်ပြန်ကြေညာချက်အရ  စစ်ရေးဆိုင်ရာလှုပ်ရှားမှုအားလုံး  ကို ရပ်ဆိုင်းထားခြင်းမှာ အချိန်  ကာလအားဖြင့် လေးလကျော် ကြာမည်ဖြစ်ပြီး နယ်မြေစစ်တိုင်း  ငါးတိုင်းအတွင်းသာ တွေ့ရ ကြောင်း၊ နှစ်ပေါင်း ၇၀ကျော်ကြာဖြစ်ပွားခဲ့သော နိုင်ငံရေးပြဿနာများကို အချိန်တိုအတွင်း ဖြေရှင်းနိုင်မည်မဟုတ်ဘဲ လုံလောက် သောအချိန်ဖြင့် ဖြေရှင်းရန် လိုအပ်သကဲ့သို့ ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးအတွက် တစ်ပြည်လုံး အတိုင်းအတာဖြင့်အပစ်အခတ်ရပ်စဲရန် လိုအပ်ကြောင်း ရှုမြင်သည်ဟု SSPP ကထုတ်ပြန်သည်။

ပြည်တွင်းစစ် ရပ်စဲရေးနှင့်  ပြည်တွင်းငြိမ်းချမ်းရေးအတွက် တက်ကြွစွာကြိုးပမ်းလုပ်ဆောင်  မည်ဖြစ်ကြောင်း SSPP က သဘောထားထုတ်ပြန်သည်။

တပ်မတော်က စစ်ရေးလှုပ် ရှားမှုရပ်ဆိုင်းထားသည့် လေးလ အချိန်အတွင်းဆွေးနွေးညှိနှိုင်းမှု များအလုပ်ဖြစ်ရေးအားလုံးကြိုး ပမ်းရန် လိုအပ်ဟု ပအိုဝ်းအဖွဲ့ (PNLO) ဦးဆောင်နာယက ဗိုလ် မှူးကြီးခွန်ဥက္ကာက ပြောသည်။

‘‘တပ်မတော်ဘက်က မ တိုက်သလို ဘယ်ဘက်ကမှမ တိုက်ဘူး။ ကားတွေကိုလည်းမပစ် ဘူး။ အခွန်လည်းမကောက်ဘူး။ လူလည်းမဖမ်းဘူးဆိုရင် လေးလ ပြည့်လို့မှ ဆွေးနွေးတာတွေမပြီး ရင်တော့ တိုးချဲ့တာတွေစဉ်းစား နိုင်တာပေါ့’’ ဟု ၎င်းကဆိုသည်။

တပ်မတော်အနေဖြင့် NCA  လက်မှတ်ထိုးအဖွဲ့များ၊ မထိုးရ သေးသည့် အဖွဲ့များနှင့် ဆွေးနွေး ညှိနှိုင်းရန်ဒုတိယဗိုလ်ချုပ်ကြီးရာ ပြည့် ဦးဆောင်သည့် ဆွေးနွေးညှိ နှိုင်းရေးအဖွဲ့ကို ဖွဲ့စည်းခဲ့ သည်။

တပ်မတော်၏ စစ်ရေးလှုပ် ရှားမှုအားလုံး ရပ်ဆိုင်းကြောင်း ထုတ်ပြန်ချက်အပေါ် တိုင်းရင်း သားအဖွဲ့အစည်းများသာမက ကုလသမဂ္ဂနှင့် တရုတ်နိုင်ငံတို့က လည်း ကြိုဆိုခဲ့သည်။

=======================
251 / End