၂၄ ဒီဇင်ဘာ ၂၀၁၈ - ၁၆:၀၇
ကန်ဒေါ်လာ ၁၈၈ သန်းကျော် အသုံးပြုမည့် ရန်ကုန်-ဒလ တံတားစီမံကိန်း ပန္နက်တင်အခမ်းအနား ပြုလုပ်

ရန်ကုန်−ဒလတံတားစီမံကိန်းကို အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ကိုရီးယားသမ္မတနိုင်ငံ၏ ၀ါရင့်စီးပွားရေးအကြံပေးတို့ စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးစဉ်

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


တည်ဆောက်ရန် တစ် နှစ်ကျော် ကြန့်ကြာခဲ့သည့် ကန် ဒေါ်လာ ၁၈၈ သန်းကျော် တန် ဖိုးရှိ ရန်ကုန်-ဒလ တံတား စတင် နိုင်ရေး ပန္နက်တင်အခမ်းအနား ကို  ဒီဇင်ဘာ ၂၄ ရက်က ဒလမြို့ ၌ ပြုလုပ်ခဲ့သည်။

ထိုတံတားကို မြန်မာ-ကိုရီး ယား ချစ်ကြည်ရေးတံတားဟုခေါ် ပြီး ရန်ကုန်မြို့နှင့် ဒလမြို့နယ်ကို ပထမဦးဆုံးဆက်သွယ်ပေးမည့် တံတားဖြစ်သည်။

တံတားတည်ဆောက်ရန် ပန္နက်တင်အခမ်းအနားကို နိုင်ငံ တော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည်နှင့် ကိုရီးယား နိုင်ငံမှ ဝါရင့်စီးပွားရေးအကြံပေး နှင့် Presidential Committee On New Southern Policy ဥက္ကဋ္ဌ မစ္စတာကင်ဟွန်းချွယ်တက် ရောက်ခဲ့သည်။

ထိုတံတားကို တည်ဆောက် ခြင်းဖြင့် ဒလဒေသဖွံ့ဖြိုးရေးမှ တစ်ဆင့် မြန်မာ့စီးပွားရေးပိုမိုဖွံ့ ဖြိုးတိုးတက်ရန် ရည်ရွယ်သည်ဟု ကင်ဟွန်းချွယ်ကပြောသည်။

‘‘ရန်ကုန်မြစ်ကို ဖြတ်သန်း သွားလာရာမှာ အန္တရာယ်ဖြစ်စေ နိုင်တဲ့ အခြေအနေဖြစ်ပေါ်နေတာ ရှိတယ်လို့ စိတ်မကောင်းစွာကြား ရပါတယ်။ တံတားဆောက်လုပ် ပြီးစီးရင် နောက်ထပ်မလိုလား အပ်တဲ့ အန္တရာယ်ဖြစ်စေနိုင်တာ တွေ ပေါ်နိုင်တော့မှာ မဟုတ်ပါ ဘူး’’ ဟု ၎င်းက ဆက်လက်ပြော သည်။

ယခုတံတားစီမံကိန်းသည် ကိုရီးယားနိုင်ငံ ဆိုးလ်မြို့၏ ဟန်မြစ်တစ်ဖက်ကမ်း ဂမ်နမ် ဒေသဖွံ့ဖြိုးရေး စီမံကိန်းကဲ့သို့ ရန်ကုန်မြစ်တစ်ဖက်ကမ်းဖွံ့ဖြိုး ရေး စီမံကိန်းဖြစ်လာနိုင်သည်ဟု ကင်ဟွန်းချွယ်က ပြောသည်။

အဆိုပါ တံတားတည် ဆောက်ခြင်းသည် နောင်တစ်ချိန် တွင် ပေါ်ပေါက်လာမည့် ဒလ ဒေသမြို့သစ် စက်မှုဇုန် တည် ဆောက်ရေးတွင် အားထားသည့်  အခြေခံအုတ်မြစ် ဖြစ်သည်ဟု ကိုရီးယားနိုင်ငံက ဆိုထားသည်။

အဆိုပါတံတားစီမံကိန်း သည် မြန်မာ- ကိုရီးယားနှစ်နိုင်ငံ ချစ်ကြည်ရေးပူပေါင်းဆောင်ရွက် မှု၏ အသီးအပွင့်ဖြစ်သည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာနပြည် ထောင်စုဝန်ကြီး ဦးဟန်ဇော်ကဆို သည်။ ထိုတံတားသည် စုစုပေါင်း အရှည်ပေ ၆,၀၀၀ ကျော်ရှိပြီး လေးလမ်းသွား ကြိုးဆိုင်းတံတား ဖြစ်သည်။

ထိုတံတားသည် ရန်ကုန် တိုင်းလသာမြို့နယ်နှင့် ဒလ၊ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်း တို့ကို ဆက်သွယ်ပေးမည်ဖြစ်ပြီး ထိုမှတစ်ဆင့် ဧရာဝတီတိုင်းနှင့် ရခိုင်ပြည်နယ်တို့သို့ ထပ်ဆင့် ဆက်သွယ်နိုင်သည်ဟု ဦးဟန် ဇော်က ပြောသည်။

 တံတားစီမံကိန်းသည် ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့်  ကိုရီးယားနိုင်ငံကြား ပူးပေါင်း ဆောင်ရွက်နေသည့် စီမံကိန်းနှစ် ခုအနက် တစ်ခုဖြစ်ပြီး ကျန်တစ် ခုမှာ ညောင်နှစ်ပင်တွင်ဆောင် ရွက်မည့် ကိုရီးယား- မြန်မာ စက်မှုမြို့ပြ စီမံကိန်း (KMIC) ဖြစ်သည်ဟု ဦးဟန်ဇော်က ပြော သည်။

ရန်ကုန်-ဒလ တံတားသည် ဒေသခံများ မျှော်လင့်နေသည့် စီမံကိန်းဖြစ်ပြီး သတ်မှတ်ချိန်အ တိုင်း ပြီးစီးရန် မျှော်လင့်ထား သည်ဟု ဒလမြို့နယ် ကမာက ဆစ်ရပ်ကွက်နေ ဒေါ်အေးမာက ပြောသည်။

တံတားတည်ဆောက်ချိန် လေးနှစ်ကြာမည်ဖြစ်ပြီး ၂၀၂၂ တွင် ပြီးဆုံးမည်ဟု ကိုရီးယားနိုင်ငံ နှင့် ဆောက်လုပ်ရေး ၀န်ကြီးဌာန က ခန့်မှန်းထားသည်။ တံတား တည်ဆောက်ရန် ကိုရီးယားနိုင်ငံ မှ စတုတ္ထအကြီးဆုံး ကုမ္ပဏီတစ်ခု ဖြစ်သည့် GS စွမ်းအင်နှင့်ဆောက် လုပ်ရေး ကုမ္ပဏီက တင်ဒါရရှိခဲ့ သည်။

မြန်မာ-ကိုရီးယားချစ်ကြည် ရေး (ဒလ) တံတားကို ကိုရီးယား  နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးမှုရန်ပုံငွေ (EDCFI Loan) ချေးငွေ ဒေါ်လာ ၁၃၇ ဒသမ ၈၃၃ သန်း၊ အစိုးရက  ၃၀ ဒသမ ၃၄၁ သန်းစုစုပေါင်း ဒေါ်လာ  ၁၆၈ ဒသမ ၁၇၄ သန်း ဖြင့်  တည်ဆောက်မည်ဖြစ် ကြောင်း   ဆောက်လုပ်ရေးဝန်ကြီး ဌာနက  ကနဦးခန့်မှန်းတွက်ချက် ထားသည်။

သို့သော် မြန်မာ့စက်မှုဆိပ် ကမ်း (MIP) ဦးဆောင်၍ အခြား ပုဂ္ဂလိကဆိပ်ကမ်းငါးခုသည်ဒလ တံတားတည်ဆောက်ရေးစီမံ ကိန်းကို ကန့်ကွက်မှုများကြောင့် တံတားဒီဇိုင်း ပြန်လည်ပြင်ဆင် ခဲ့ရသည်။  ထို့ကြောင့် ဒေါ်လာသန်း၂၀ ကျော် ပိုမိုကုန်ကျပြီး  ယင်း ချေးငွေအတွက် ညှိနှိုင်းနေဆဲဖြစ် ကြောင်း ဆောက် လုပ်ရေးဝန်ကြီး ဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်  ဦးကျော်ကောင်းချိုက ပြောကြား သည်။

=======================
251 / End