အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
တပ်မတော်၏ စစ်ရေး လှုပ်ရှားမှုရပ်ဆိုင်းမှုတွင် လတ်တ လောစစ်ရေးပဋိပက္ခ ဖြစ်ပွားနေ သော နယ်မြေအချို့ချန်ထားခြင်း သည် အားလုံးပါဝင်ပြီးရေရှည် တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် တစ်စုံတစ် ရာအဟန့်တား ဖြစ်စေနိုင်သော ကြောင့်တပ်မတော်မှ နိုင်ငံတစ် ၀န်းလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ နိုင်ရေးထုတ်ပြန်သင့်သည်ဟု မွန်ပြည်သစ်ပါတီ (NMSP) က သဘောထားထုတ်ပြန်သည်။
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက ဒီဇင်ဘာ ၂၁ ရက် တွင် အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာများ ဆွေး နွေးရန် တိုင်းစစ်ဌာနချုပ်ငါးခု၏ နယ်မြေတွင် စစ်ရေးဆိုင်ရာလှုပ် ရှားမှုအားလုံးကို ဒီဇင်ဘာ ၂၁ ရက်မှ ဧပြီ ၃၀ ရက်အထိရပ်ဆိုင်း ပေးမည်ဟု ထုတ်ပြန်ကြေညာ ခြင်းနှင့် စပ်လျဉ်း၍ NMSP က ၎င်းတို့ အဖွဲ့သဘောထားကိုဒီဇင်ဘာ ၂၆ ရက်တွင် ထုတ်ပြန်သည်။
တပ်မတော်၏ ထုတ်ပြန် ချက်အရ လက်ရှိဖော်ဆောင်နေ သောအမျိုးသား ပြန်လည်သင့် မြတ်ရေးနှင့် ငြိမ်းချမ်းရေးဖြစ်စဉ် တွင် တအာင်းအဖွဲ့ (TNLA)၊ ကိုး ကန့်အဖွဲ့ (MNDAA) နှင့် ရခိုင်အ ဖွဲ့ (AA) တို့ပါဝင်လာနိုင်သော ကြောင့် အပြုသဘောဆောင် သည့်တိုးတက်မှုအဖြစ်ကြိုဆို ကြောင်း NMSP ကထုတ်ပြန် သည်။
ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ ရေး ညှိနှိုင်းဆွေးနွေးရန်လိုအပ်သဖြင့် စစ်ဆင်ရေးနယ်မြေအလိုက် စစ်ရေးဆိုင်ရာလှုပ်ရှားမှုအားလုံးရပ်ဆိုင်းပေးခြင်းသည် အပြုသဘောဆောင်သော် လည်း အချိန်ကန့်သတ်ထားခြင်း၊ နယ်မြေအချို့ချန်လှန်ထားခြင်းရှိ နေခြင်းက ငြိမ်းချမ်းရေးဖြစ်စဉ်အ တွက် အဟန့်အတားဖြစ်စေနိုင် ကြောင်း NMSP က ဆိုသည်။
NMSP သည် NCA လက် မှတ်ရေးထိုးထားသည့် တိုင်းရင်း သားလက်နက်ကိုင် အဖွဲ့အစည်း ဖြစ်ပြီးတပ်မတော်၏ ထုတ်ပြန် ချက်အပေါ် NMSP အပါအ၀င် အခြားသော NCA လက်မှတ်ထိုး အဖွဲ့များနှင့် မရေးထိုးရသေး သည့် အဖွဲ့အားလုံးနီးပါးက ကြိုဆိုကြောင်း သဘောထားထုတ်ပြန်ခဲ့သည်။
ကရင်အဖွဲ့ (KNU)၊ ကချင် အဖွဲ့(KIO) နှင့် ရှမ်းအဖွဲ့ (SSPP) တို့ကလည်း တပ်မတော် အနေဖြင့် တစ်နိုင်ငံလုံးအပစ်အ ခတ်ရပ်စဲရေးကြေညာရန်တိုက် တွန်းခဲ့သည်။
လတ်တလောတွင် တပ် မတော်နှင့် AA တို့ရခိုင်ပြည်နယ် အတွင်းတိုက်ပွဲများဖြစ်ပွားနေရာ တပ်မတော်၏ စစ်ရေးလှုပ်ရှားမှု တွင် ရခိုင်မပါဝင်သည့်အပေါ်နှစ် ဖက်အကြား တိုက်ရိုက်တွေ့ဆုံ ဆွေးနွေးညှိနှိုင်းရန် လေ့လာသူ များက တိုက်တွန်းထားသည်။
တပ်မတော်အနေဖြင့်မမျှော် လင့်ဘဲ တစ်ဖက်သတ်အပစ်အ ခတ်ရပ်စဲရေးလေးလကြေညာခဲ့ ရာ လေးလအတွင်းဆွေးနွေးညှိ နှိုင်းမှုများ ကောင်းမွန်စွာဆောင် ရွက်နိုင်ပါကAA၊TNLA၊MNDAA တို့နှင့် အပစ်အခတ်ရပ်စဲရေး မ ရသည့်တိုင် အပစ်ရပ်နိုင်ရေးခိုင် မာသည့်နည်းလမ်းများ ရနိုင် ကြောင်း ယခင်အစိုးရလက်ထက် ကတည်းက ငြိမ်ချမ်းရေးလုပ်ငန်း စဉ်တွင် ပါဝင်ခဲ့သူ ဦးအောင်နိုင် ဦးက ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက် နှာတွင် ရေးသားထားသည်။
=======================
251 / End
စစ်ရေးရပ်ဆိုင်းမှုတွင် နယ်မြေအချို့ချန်လှပ်ခြင်းက ငြိမ်းချမ်းရေးဖြစ်စဉ်ကို အဟန့်အတားဖြစ်နိုင်ဟု NMSP ထုတ်ပြန်
၂၇ ဒီဇင်ဘာ ၂၀၁၈ - ၁၄:၃၆
News ID: 922390
တပ်မတော်၏ စစ်ရေး လှုပ်ရှားမှုရပ်ဆိုင်းမှုတွင် လတ်တ လောစစ်ရေးပဋိပက္ခ ဖြစ်ပွားနေ သော နယ်မြေအချို့ချန်ထားခြင်း သည် အားလုံးပါဝင်ပြီးရေရှည် တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် တစ်စုံတစ် ရာအဟန့်တား ဖြစ်စေနိုင်သော ကြောင့်တပ်မတော်မှ နိုင်ငံတစ် ၀န်းလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ နိုင်ရေးထုတ်ပြန်သင့်သည်ဟု မွန်ပြည်သစ်ပါတီ (NMSP) က သဘောထားထုတ်ပြန်သည်။