အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
‘၀’လက်နက်ကိုင်အဖွဲ့ (UWSA) ၏ ငြိမ်းချမ်းရေး နှစ်(၃၀) ပြည့်ပွဲ စစ်ရေး ပြလေ့ကျင့်နေမှု ရုပ်သံဖိုင်ကို UWSA လားရှိုးဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရန်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ဒီဇင်ဘာ ၃၁ ရက်က ဖော်ပြရာ လေယာဉ်ပစ်အမြောက် များအပါအ၀င် စစ်ဘက်ဆိုင်ရာ ယာဉ်အစီးရေ ၂၀ ကျော်ပါဝင်ကြောင်း တွေ့ရသည်။
၂၀၁၉ ဧပြီအတွင်း ကျင်းပမည့် ငြိမ်းချမ်းရေး နှစ်(၃၀)ပြည့် ပွဲတော်ကို UWSA ဌာနချုပ်ပန်ဆန်း၌ ကျင်းပမည်ဖြစ်သည်။ ‘ဝ’အဖွဲ့သည် ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) ဥက္ကဋ္ဌ သခင်ဗသိန်းတင် ဦးဆောင်မှုကိုလက်မခံဘဲ ၁၉၈၉ ဧပြီ ၁ ရက်တွင် ပုန်ကန်ခွဲထွက်ခဲ့သည်။
ယင်းနှစ်မေလ၌ အစိုးရနှင့် အပစ် အခတ်ရပ်စဲရေး ဆွေးနွေးကာ နိုဝင်ဘာတွင် အပစ်အခတ်ရပ်စဲ ရေးနှင့် ငြိမ်းချမ်းရေးသဘောတူ စာချုပ်ချုပ်ဆိုခဲ့သည်။
ငြိမ်းချမ်းရေးနှစ်(၃၀)ပြည့် ပွဲတော်တွင် ပါဝင်မည့် စစ်ရေးပြအစီအစဉ်အတွက် UWSA တပ်မဟာအားလုံး ပြင်ဆင်နေကြောင်းနှင့် လူဦးရေ အချိုးကျပါဝင်မည် ဖြစ်ကြောင်း ဦးညီရန်းက ပြော သည်။
‘‘ငြိမ်းချမ်းရေးကို အမြတ်တနိုးထားပါတယ် ဆိုတဲ့အ ကြောင်း ဖော်ပြချင်တဲ့ အနေနဲ့ပေါ့’’ဟု ဦးညီရန်းက စစ်ရေးပြအစီအစဉ် အပါအ၀င် အားကစားပွဲများ၊ ရိုးရာယဉ်ကျေးမှု အကဖျော်ဖြေမှုများ ပါဝင်မည့် ငြိမ်းချမ်းရေးနှစ် (၃၀)ပြည့်ပွဲတော် ကျင်းပရခြင်း အကြောင်းကို ပြောသည်။
UWSA တွင် အမြဲတမ်း တပ်မဟာ ကိုးခုရှိကြောင်း၊ ‘၀’မြောက်ပိုင်းတွင် လေးခုရှိပြီး ‘၀’ တောင်ပိုင်း ၁၇၁ စစ်ဒေသဟု ခေါ်ဆိုသော မိုင်းဆတ်၊ မိုင်းတုံဒေသ၌ငါးခုရှိကြောင်း တိုင်းရင်းသားအ ရေးလေ့လာသူ ဦးမောင်မောင်စိုး က ပြောသည်။ တပ်မဟာတစ်ခု လျှင် တပ်ရင်းခြောက်ရင်းမှ ၁၀ ခု ကြားရှိသည်ဟု ၎င်းကဆိုသည်။
‘‘အင်အားကတော့ စုစုပေါင်းလိုက်ရင်အားလုံး နှစ်သောင်းခွဲနဲ့ သုံးသောင်းကြားရှိ မယ်လို့ ခန့်မှန်းကြတာပေါ့။ ဒါပေမဲ့ အတိအကျ သိဖို့ဆိုတာတော့ မဖြစ်နိုင်ဘူးပေါ့’’ ဟု ဦးမောင်မောင်စိုးက UWSA တပ်ဖွဲ့ဝင်အင်အားနှင့်ပတ်သက်ပြီး ပြောသည်။
UWSA တပ်ဖွဲ့အနေဖြင့် ယခင်က လက်နက်ကြီး၊ လက်နက်ငယ်ပေါင်းစုံဖြင့် စစ်ရေးလေ့ကျင့် မှု ရုပ်သံဖိုင်းများ ဖော်ပြဖူးကြောင်း ၎င်းကဆိုသည်။
‘‘လက်နက်ငယ်တို့ ကျည်ဆန်တို့၊ လက်ပစ်ဗုံးတို့တော့ ကိုယ်တိုင် ထုတ်လုပ်နိုင်ပုံရတယ်။ ဒါပေမဲ့ အဲဒါ အတိ အကျတော့ ဘယ်သူမှ ၀န်ခံတာမဟုတ်တဲ့ အခါကျတော့ ပြောရခက်ပါတယ်’’ဟု ဦးမောင် မောင်စိုးက ပြောသည်။
UWSA ၏ စစ်ရေးပြလေ့ ကျင့်မှုတွင်ပါဝင်သည့် လက်နက် များနှင့်ပတ်သက်ပြီး တပ်မတော် အရာရှိတစ်ဦးက ‘‘သိပ်ထူးထူး ဆန်းဆန်း မတွေ့ပါဘူး။ လေ ယာဉ်ပစ်အမြောက်တွေတော့ ပါ တယ်။ တရုတ်လက်နက်တွေလို့ ယူဆရပါတယ်’’ဟု ပြောသည်။
UWSA ငြိမ်းချမ်းရေးနှစ် (၃၀)ပြည့် ပွဲတော်သို့ နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အစိုးရ၊တပ်မတော် ခေါင်းဆောင်များ အား ဖိတ်ကြားမည်ဟု UWSA က ပြောကြားထားသည်။
UWSA သည် ဦးသိန်းစိန်အစိုးရ လက်ထက်တွင် ပြည်နယ်အဆင့်နှင့် ပြည်ထောင်စုအဆင့် သဘောတူ စာချုပ်များချုပ်ဆို ထားသော်လည်း NCA လက်မှတ်မရေးထိုးရသေးပေ။ ယင်းအဖွဲ့အပါအ၀င် NCA မရေးထိုးရသေး သည့် တိုင်းရင်းသားအဖွဲ့များ NCA လက်မှတ်ရေးထိုးရန် အစိုးရ၊ တပ်မတော်ခေါင်းဆောင်များက တိုက်တွန်းထားသည်။
=======================
251 / End
၁ ဇန်နဝါရီ ၂၀၁၉ - ၁၇:၁၄
News ID: 923117
‘၀’လက်နက်ကိုင်အဖွဲ့ (UWSA) ၏ ငြိမ်းချမ်းရေး နှစ်(၃၀) ပြည့်ပွဲ စစ်ရေး ပြလေ့ကျင့်နေမှု ရုပ်သံဖိုင်ကို UWSA လားရှိုးဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရန်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ဒီဇင်ဘာ ၃၁ ရက်က ဖော်ပြရာ လေယာဉ်ပစ်အမြောက် များအပါအ၀င် စစ်ဘက်ဆိုင်ရာ ယာဉ်အစီးရေ ၂၀ ကျော်ပါဝင်ကြောင်း တွေ့ရသည်။