အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဗိုလ်ချုပ်ကြီးဟောင်း သူရဦးရွှေမန်းသည် နိုင်ငံရေး ပါတီ တည်ထောင်၊ မတည်ထောင်ကို မကြာမီလပိုင်းအတွင်း ဆုံးဖြတ် မည်ဖြစ်ကြောင်း ၎င်းနှင့် နီးစပ် သူတစ်ဦးက 7Day Daily သတင်း ဌာနအား ပြောကြားသည်။
လက်ရှိတွင် သူရဦးရွှေမန်း သည် ပါတီထူထောင်ရေးနှင့်ပတ် သက်၍ ပြည်သူလူထု၏ လိုလား ထောက်ခံမှု ရှိ၊ မရှိကို ဆက်စပ် နေသည့် နယ်ပယ်အသီးသီး၌ လေ့လာသုံးသပ်နေကြောင်း အ ထက်ပါနီးစပ်သူက ပြောသည်။
‘‘လေ့လာတီးခေါက်လို့ရတဲ့အခြေအနေပေါ် မူတည်ပြီး ထောက်ခံမှုရှိတယ်၊ အားကောင်း တယ်ဆိုရင်တော့ သူလုပ်မှာပေါ့၊ ပါတီထောင်မှာပေါ့’’ဟု ၎င်းက ဆက်လက်ပြောကြားသည်။
ပါတီတည်ထောင်ရေးနှင့် ပတ်သက်၍ ယတိပြတ်ဆုံးဖြတ် ချက်မချရသေးသော်လည်း တည် ထောင်မည်ဆိုပါက လာမည့်တစ် လခန့်အတွင်း ဆုံးဖြတ်မည်ဖြစ် ကြောင်းနှင့် အကယ်၍ ပါတီ ထောင်ဖြစ်ပါက ၂၀၂၀ အထွေ ထွေရွေးကောက်ပွဲ အချိန်မီစေရန် ယခုနှစ်အတွင်း ပါတီလျှောက် ထားခွင့် ပြီးပြတ်အောင် လုပ် ဆောင်မည်ဟု အထက်ပါနီးစပ် သူက ရှင်းပြသည်။
ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ် များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်း သည် လွန်ခဲ့သည့်နှစ်များကတည်း က နိုင်ငံရေးပါတီထောင်ရန် ကြိုး စားနေသည်ဟု သတင်းများထွက် ပေါ်ခဲ့သော်လည်း ၎င်းက ယတိ ပြတ်ငြင်းဆိုခြင်းမရှိဘဲ အသက် ရှင်ကျန်းမာနေသရွေ့ အများ ကောင်းကျိုး ဆောင်ရွက်ပါမည် ဟုသာ ပြောကြားသည်။
သူရဦးရွှေမန်းသည် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ရှုံး နိမ့်ခဲ့သော်လည်း အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ် ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဆက် ဆံရေးကောင်းမွန်ပြီး ပြည်ထောင် စုလွှတ်တော်၌ အထူးကော်မရှင် ဥက္ကဋ္ဌအဖြစ် ခန့်အပ်ခြင်းခံရ သည်။
လက်ရှိ ပါတီထောင်မည့် ကိစ္စနှင့်ပတ်သက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်အား တိုင်ပင်ခြင်း၊ အသိပေးခြင်း မရှိသေး၍ ဒေါ် အောင်ဆန်းစုကြည်၏ သဘော ထားကို မသိရသေးကြောင်း သူရ ဦးရွှေမန်းနှင့် နီးစပ်သူက ဆို သည်။
=======================
251 / End
၃ ဇန်နဝါရီ ၂၀၁၉ - ၁၆:၄၇
News ID: 923419
ဗိုလ်ချုပ်ကြီးဟောင်း သူရဦးရွှေမန်းသည် နိုင်ငံရေး ပါတီ တည်ထောင်၊ မတည်ထောင်ကို မကြာမီလပိုင်းအတွင်း ဆုံးဖြတ် မည်ဖြစ်ကြောင်း ၎င်းနှင့် နီးစပ် သူတစ်ဦးက 7Day Daily သတင်း ဌာနအား ပြောကြားသည်။