၃ ဇန်နဝါရီ ၂၀၁၉ - ၁၇:၂၄
ရန်ကုန်တိုင်းအစိုးရဆောင်ရွက်ချက်အချို့ ပါတီမူဝါဒ၊ လွှတ်တော်သဘောထားတို့နှင့် ဟန်ချက်မညီဖြစ်နေဟု ပါတီဝင်များဝေဖန်

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဆောင်ရွက်ချက် အချို့သည် ပါတီမူဝါဒ၊ လွှတ် တော်သဘောထားတို့နှင့် ဟန် ချက်မညီဖြစ်နေကြောင်း ဒီချုပ် လွှတ်တော်ကိုယ်စားလှယ်များနှင့် ပါတီဝင်များက ပြောသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဆောင်ရွက်ချက် အချို့သည် ပါတီမူဝါဒ၊ လွှတ် တော်သဘောထားတို့နှင့် ဟန် ချက်မညီဖြစ်နေကြောင်း ဒီချုပ် လွှတ်တော်ကိုယ်စားလှယ်များနှင့်  ပါတီဝင်များက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး အ တွင်း မြို့နယ်အသီးသီးမှ ပါတီ အလုပ်အမှုဆောင်များ၊ လွှတ် တော်ကိုယ်စားလှယ်များနှင့်တိုင်း အစိုးရအဖွဲ့တို့၏ ခြောက်ကြိမ် မြောက် သုံးပွင့်ဆိုင်တွေ့ဆုံပွဲကို တာမွေမြို့နယ်ရှိ Sky Star ဟို  တယ်၌ ယမန်နေ့က ပြုလုပ်ခဲ့ သည်။

တိုင်းဒေသကြီး အစိုးရအဖွဲ့ အနေဖြင့် ပါတီမူဝါဒ၊ရွေးကောက် ပွဲကတိက၀တ်၊ လွှတ်တော်သ ဘောထားတို့ဖြင့် ဟန်ချက်ညီစွာ ဆောင်ရွက်ပေးရန်နှင့် ပြည်သူများလက်တွေ့အကျိုးခံစားရမည့် စီမံကိန်းများကို ဦးစားပေးဆောင် ရွက်ရန် တိုက်တွန်းမှုများရှိ ကြောင်း အဆိုပါတွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သူများက ပြော သည်။

‘‘တိုင်းဥက္ကဋ္ဌ ဦးမြင့်ဌေးက တော့ ရေရှည်စီမံကိန်းတွေထက် ရန်ကုန်တိုင်းအစိုးရကို ရေတိုစီမံ ကိန်းကိုပဲ ဦးစားပေးလုပ်သင့် ကြောင်း အကြံပြုသွားတယ်။ ကျွန်တော်လည်း အဲဒါထောက် ခံတယ်’’ဟု ရန်ကုန်တိုင်းလွှတ် တော်ကိုယ်စားလှယ် ဦးကျော်ဇေ ယျက ပြောသည်။

တိုင်းဒေသကြီး အစိုးရအဖွဲ့ အနေဖြင့် သုံးနှစ်ခန့်အတွင်းတိုင်း လွှတ်တော်တွင် ပေးအပ်ထား သည့် ကတိက၀တ်အများစုကို အကောင်အထည်ဖော်နိုင်ခြင်း မရှိဘဲ လွှတ်တော်တွင်းကတိဖြစ် လုပ်ငန်းများ၏ ၂၀ ရာခိုင်နှုန်းခန့် ကိုသာ ဆောင်ရွက်နိုင်ကြောင်း ဒလမြို့နယ် တိုင်းဒေသကြီးလွှတ် တော်ကိုယ်စားလှယ် ဦးထွန်းရင် က ဝေဖန်သည်။

‘‘လောလောဆယ် ကျွန် တော်တို့သိသလောက်က ဒီသုံး နှစ်ကာလမှာ လမ်းရယ်၊ မီးရယ် ရေဆိုတဲ့ကိစ္စသုံးခုကိုတော့ ဦးစား ပေးအနေနဲ့ ရန်ကုန်တိုင်းအစိုးရ က လုပ်နေတယ်။ သို့သော်တခြား ကိစ္စတွေမှာတော့ ထင်သာ မြင် သာ သိပ်မရှိသေးဘူး’’ဟု ၎င်းက ဆိုသည်။

အစိုးရအနေဖြင့် တိုင်းပြည်  အကျိုးနှင့် လူထုအကျိုးအတွက်  ရေရှည်စီမံကိန်း လုပ်ငန်းများ ဆောင်ရွက်နေသည် ဆိုသော် လည်း ပြည်သူလူထု လတ်တ လောကြုံတွေ့နေရသည့် အခက် အခဲများကို ဦးစားပေးဖြေရှင်းပေး ရန်လိုကြောင်း ရန်ကုန်တိုင်းဒီချုပ် ဒုတိယဥက္ကဋ္ဌဒေါက်တာစိုးဝင်းဦး က ပြောသည်။

‘‘ပါတီဘက်ကလည်း ပြော တယ်၊ လွှတ်တော်ဘက်ကလည်း ပြောတော့ ၀န်ကြီးချုပ်အနေနဲ့ လုပ်နိုင်တာတွေကို ပြန်ပြီးတော့ ကတိပေးတာပေါ့။ လာမယ့်ဘတ် ဂျက်နှစ်မှာတော့ သိသိသာသာ ခံစားခွင့်တွေပေးနိုင်မယ်ပေါ့။ အဲ ဒါတော့ ၀န်ကြီးချုပ်ပြောသွား တယ်’’ ဟု ၎င်းကဆိုသည်။

ရန်ကုန်မြို့ပြဖွံ့ဖြိုးရေးလုပ် ငန်းများ ဆောင်ရွက်ရန် ပြင်သစ် နိုင်ငံမှ ချေးငွေယူရိုသန်း ၇၀ ချေး ယူမှုကို ပြည်ထောင်စုလွှတ်တော် က ပယ်ချခဲ့ခြင်းနှင့်ပတ်သက်၍ ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ယ ခုတွေ့ဆုံပွဲတွင် ထပ်မံရှင်းလင်းခဲ့ သည်။

‘‘ချေးငွေ ယူရိုသန်း ၇၀ ကန့် ကွက်ခံလိုက်ရတာကို သူတော် တော် မကျေမချမ်းဖြစ်နေတဲ့ပုံ ပေါက်တယ်။ အဲဒါကို အသေး စိတ်ပြန်ပြီးရှင်းပြတာပေါ့။ လက် ခံနိုင်ဖွယ်ရာ  ဖြစ်အောင်ရှင်းပြတာ ပေါ့။ အဲဒါကနစ်နာတယ်လို့ ပြော သွားတယ်’’ဟု ဦးကျော်ဇေယျက ဆိုသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အ တွင်းရေးမှူးအဖွဲ့ဝင် ဦးဟံသာ မြင့်နှင့် ဗဟိုအလုပ်အမှုဆောင်အ ဖွဲ့ဝင်များဖြစ်သည့် ဦးအောင်စိုး၊ ဦးသိန်းဦး၊ ၀န်ကြီးချုပ်ဦးဖြိုးမင်း သိန်းနှင့် ရန်ကုန်တိုင်းအစိုးရအဖွဲ့ ၀င်များ၊ လွှတ်တော်ကိုယ်စား လှယ်များ၊ ပါတီမြို့နယ်အလုပ်အ မှုဆောင်များ တက်ရောက်ခဲ့ သည်။

‘‘ဆွေးနွေးကြတာတော့ အ များကြီးပဲ။ ကျွန်တော်တော့ သုံး၊ လေးခုမေးလိုက်တယ်။ ပါတီ စည်းကမ်းထိန်းသိမ်းရေးတွေမြန် မြန်ဆန်ဆန်လုပ်ဖို့၊ စည်းကမ်း ထိန်းသိမ်းရေးက မလိုအပ်ဘဲကြာ နေရင် စည်းရုံးရေးတွေကျနိုင်တာ ပေါ့။ ပိုပြီးတော့ ထိရောက်အောင် လုပ်ပါ့မယ်ပြောတယ်’’ဟု ပြည် သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာသန်းဝင်းက ပြော သည်။

=======================
251 / End