၆ ဇန်နဝါရီ ၂၀၁၉ - ၁၈:၁၅
ငြိမ်းချမ်းရေးအတွက် ကရင်တိုင်းရင်းသားများ၏ စွမ်းရည်ကိုအားကိုးကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော

ငြိမ်းချမ်းရေး၊ အမျိုး သားပြန်လည်သင့်မြတ်ရေးလုပ် ငန်းများတွင် ဖြောင့်မတ်တည် ကြည်၊ သတ္တိကြီးသောကရင် တိုင်းရင်းသားများ၏ စွမ်းရည်ကို အထူးလေးစားအားကိုးကြောင်း ကရင်နှစ်သစ်ကူးနေ့သို့ နိုင်ငံ တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ် အောင်ဆန်းစုကြည်က ပေးပို့ သည့် သ၀ဏ်လွှာ၌ဖော်ပြသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


 ငြိမ်းချမ်းရေး၊ အမျိုး သားပြန်လည်သင့်မြတ်ရေးလုပ် ငန်းများတွင် ဖြောင့်မတ်တည် ကြည်၊ သတ္တိကြီးသောကရင် တိုင်းရင်းသားများ၏ စွမ်းရည်ကို အထူးလေးစားအားကိုးကြောင်း ကရင်နှစ်သစ်ကူးနေ့သို့ နိုင်ငံ တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ် အောင်ဆန်းစုကြည်က ပေးပို့ သည့် သ၀ဏ်လွှာ၌ဖော်ပြသည်။

ဇန်န၀ါရီ ၆ ရက်တွင်ကျ ရောက်သည့် ၂၇၅၈ ကရင်အမျိုး  သားနှစ်သစ်ကူးနေ့အတွက် ဒေါ် အောင်ဆန်းစုကြည်က ပေးပို့ သည့် သ၀ဏ်လွှာကိုနိုင်ငံတော် အတိုင်ပင်ခံရုံးက ထုတ်ပြန်ခြင်း ဖြစ်သည်။

ရိုးသားခြင်း၊ ကြိုးစားခြင်း၊  သစ္စာရှိခြင်း၊ သန္နိဋ္ဌာန်ဖြင့်တိကျ ပြတ်သားစွာ လုပ်ကိုင်တတ်ခြင်း ဆိုသည့် ကရင်တိုင်းရင်းသား ဘိုးဘွားဘီဘင်များ၏ ကောင်း မြတ်သည့် လက်ဆင့်ကမ်းအမွေ များကို မပျောက်ပျက်အောင်ထိန်း သိမ်းစောင့်ရှောက်လာခဲ့သည်မှာ နှစ်ပေါင်း ၂၇၅၈ ပြည့်မြောက်ခဲ့ ပြီဖြစ်ကြောင်းနှင့် ယင်းသို့ ကောင်းမြတ်သည့် ဓလေ့စရိုက် များသည် ဒီမိုကရေစီပြည်ထောင် စုကြီးတည်ဆောက်ရန် တန်ဖိုး ကြီးလှသော အရင်းအမြစ်များ ဖြစ်ကြောင်းလည်း ရေးသားထား သည်။

ပြည်တွင်း၊ ပြည်ပစိန်ခေါ်မှု အမျိုးမျိုးနှင့် ရင်ဆိုင်နေရသည့် အခါသမယ၌ တိုင်းရင်းသားအား လုံး၏ တစ်ဦးချင်းအရည်အသွေး၊ စိတ်ဓာတ်တို့သည်များစွာအရေး ကြီးကြောင်းနှင့် အားလုံးညီညွတ် စွာစုပေါင်းလိုက်သော အင်အား သည် နိုင်ငံ၏ကာကွယ်ရေး၊ လုံ ခြုံရေးအတွက် အထက်မြက်ဆုံး လက်နက်ဖြစ်ကြောင်း သ၀ဏ် လွှာတွင်ဖော်ပြသည်။

‘ဆယ်စုနှစ်ပေါင်းများစွာ ပြည်တွင်းစစ်၏ ဆိုးကျိုးဒဏ်ရာ ဒဏ်ချက်များကို ပြင်းထန်စွာခံခဲ့ ရသော ကရင်တိုင်းရင်းသားများ သည် ငြိမ်းချမ်းရေး မဖြစ်မနေ  ရယူရန်လိုအပ်ကြောင်း လေးနက် စွာ နားလည်၊ ယုံကြည်ကြမည် သာဖြစ်ပါသည်။ ထို့ကြောင့်  ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေးလုပ်ငန်းများတွင် ဖြောင့်မတ်တည်ကြည်၊ သတ္တိကြီး  သောကရင်တိုင်းရင်းသားများ၏ စွမ်းရည်ကို အထူးလေးစားအား ကိုးပါသည်’ ဟု သ၀ဏ်လွှာတွင် ရေးသားထားသည်။

ထို့အပြင် နောင်မျိုးဆက် များ စိတ်ချမ်းသာ၊ ကိုယ်လုံခြုံစွာ ဖြင့် ဘိုးဘွားများချမှတ်ခဲ့သောမွန် မြတ်သည့် အစဉ်အလာများကို ဆက်လက်ထိန်းသိမ်းနိုင်စေရန် အရှိန်အဟုန်ဖြင့်စွမ်းဆောင်နိုင် စေရန်လည်း ဆုမွန်ကောင်း တောင်းကြောင်း ဒေါ်အောင်ဆန်း စုကြည်ကဆိုသည်။ ရှေးယခင်က တည်းက ကရင်တိုင်းရင်းသား များအနေဖြင့် ကောက်သစ်ပေါ် ချိန်တွင် ကောက်သစ်စားပွဲများ ကို မိသားစုဝင်များစုံညီစွာဖြင့် ပျော်ပျော်ပါးပါး ကျင်းပလာခဲ့  သော အစဉ်အလာနှင့်ကိုက်ညီစွာ ယခုနှစ် ကရင်အမျိုးသားနှစ်သစ် ကူးနေ့ အခါသမယတွင်လည်း ကရင်တစ်မျိုးသားလုံး ပေါင်း စည်းခြင်း၊ ပျော်ရွှင်ခြင်း၊ စည်းလုံး ခြင်း၊ အနာဂတ်အတွက် ကောင်း မွန်စွာမျှော်လင့်ခြင်းများဖြင့် ပြည်စုံပါစေဟု ဆုတောင်းမေတ္တာပို့သ ကြောင်း သ၀ဏ်လွှာတွင် ဖော်ပြ သည်။

နှစ်သစ်မှသည် ကရင်အမျိုး  သားရေးနှင့် ငြိမ်းချမ်းရေးအတွက် ကောင်းမွန်သည့် အခြေအနေများ  သာကြုံစေရန်မျှော်မှန်းကြောင်း  ကရင်နိုင်ငံရေးပါတီခေါင်းဆောင်  များကပြောသည်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်သည် အတက်၊ အကျ ရှိသည့်အားလျော်စွာကရင်လက် နက်ကိုင်အဖွဲ့ (KNU) အနေဖြင့်  ကရင်အမျိုးသားများရည်မှန်း သောပန်းတိုင်သို့ရောက်ရှိသည် အထိ ကရင်လူထု၏ထောက်ခံမှု နှင့်အတူ ဆက်လက်ချီတက်နေ မည်ဖြစ်ကြောင်းကရင်အမျိုးသား   နှစ်သစ်ကူးနေ့သို့ KNU ကပေးပို့  သည့် သ၀ဏ်လွှာ၌ဖော်ပြသည်။ ကရင်နှစ်သစ်ကူးနေ့ အထိမ်းအ မှတ် အခမ်းအနားများကို ကရင် ပြည်နယ်တွင်သာမက ကရင်လူ မျိုးအများစုရှိရာ ကယားပြည်နယ်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တိုင်းတို့ တွင်လည်း ပြုလုပ်ခဲ့သည်။

=======================
251 / End