၁၁ ဇန်နဝါရီ ၂၀၁၉ - ၁၈:၃၄
အနိုင်ရ မန္တလေးတိုင်း ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီးကို ကန့်ကွက်မှု စတင်ကြားနာ

ပြီးခဲ့တဲ့ ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲမှာ မန္တလေးတိုင်းဒေသကြီး ရှမ်း တိုင်းရင်းသားရေးရာဝန်ကြီး တနေရာအတွက် အနိုင်ရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးစိုင်းပန်းဆိုင် (ခ) ဦးစိုင်းထွန်းစိန် (ခ) ဦးကျော်စိန်ကို ပြိုင်ဘက်ကိုယ်စားလှယ်လောင်းက ကန့်ကွက်တဲ့အတွက် ကော်မရှင်က ကြားနာ စစ်ဆေးနေပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ပြီးခဲ့တဲ့ ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲမှာ မန္တလေးတိုင်းဒေသကြီး ရှမ်း တိုင်းရင်းသားရေးရာဝန်ကြီး တနေရာအတွက်  အနိုင်ရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးစိုင်းပန်းဆိုင် (ခ) ဦးစိုင်းထွန်းစိန် (ခ) ဦးကျော်စိန်ကို  ပြိုင်ဘက်ကိုယ်စားလှယ်လောင်းက ကန့်ကွက်တဲ့အတွက် ကော်မရှင်က ကြားနာ စစ်ဆေးနေပါတယ်။

အန်အယ်လ်ဒီပါတီဝင်တွေဟာ သူတို့ပါတီကလူ အနိုင်ရဖို့အတွက် ပြဋ္ဌာန်းထားတဲ့ ရွေးကောက်ပွဲဥပဒေကို ဘောင်ကျော်ပြီး လုပ်ဆောင်ခဲ့လို့  ပြိုင်ဘက်ပါတီတခုဖြစ်တဲ့ ရှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ချုပ်က ရွေးကောက်ပွဲကော်မရှင်ထံ တိုင်ကြားထားတာဖြစ်ပါတယ်။

ရှမ်းတိုင်းရင်း သားရေးရာ ၀န်ကြီးနေရာအတွက် ၀င်ပြိုင်ခဲ့သူ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်မှ ဒေါ် နန်းထွေးမှုံက “ပုဂ္ဂိုလ်ရေးအရ ဘာမှမရှိပါဘူး၊ ဥပဒေနဲ့အညီ ရွေးကောက်ပွဲဝင်ရမယ့်အချိန်မှာ ဥပဒေနဲ့ မညီတဲ့ အချက်တွေတွေ့လို့ ကန့်ကွက်ရတာ ဖြစ်ပါတယ်။  အဓိကက ပြင်ဦးလွင်မြို့နယ်မှာဖြစ်သွား တာပေါ့နော်၊ ကော်မရှင်ဥပဒေအရ နိုဝင်ဘာ ၁ ရက် ည ၁၂ နာရီထိပဲ မဲဆွယ်ခွင့်ရှိပေမယ့် အန် အယ်လ်ဒီက ၂ ရက်နေ့ထိ မဲဆွယ်နေတာ၊ ပြင်ကြီး နဲ့ သရက်ချောင်းရွာမှာ ကထိန်ခင်းမယ်လို့ အကြောင်းပြပြီး မဲဆွယ်တယ်လို့သိရတယ်။ ပြင်ဦးလွင် နဲ့ မန္တလေးတိုင်းက ကျေးရွာတချို့မှာ ရှမ်းတိုင်းရင်းသားမဟုတ်သူတွေပါ ရှမ်းဝန်ကြီးအတွက် မဲပုံးမှာ လာထည့်ပေးတဲ့ကိစ္စလည်း ကန့်ကွက်ထားပါတယ်။ မဲဆွယ်စရိတ်မှာ ကော်မရှင်က သတ်မှတ်ထားတဲ့ ရန်ပုံငွေ သိန်း ၁၀၀  ထက်ပိုသုံးထားတာ၊ မဲရုံလာစောင့်သူတွေလည်း အန်အယ်လ်ဒီရင်ထိုးတံဆိပ် ထိုးတာတွေရှိတယ်၊ အဲဒါတွေကို ကော်မရှင်အနေနဲ့ စစ်ဆေးပြီး လိုအပ်သလို အရေးယူဖို့ တိုင်ကြားခဲ့တာပါ” လို့ ပြောပါတယ်။

တိုင်ကြားစာကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၈ ရက်နေ့က ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံပေးပို့ခဲ့ပြီး မနေ့ မွန်းလွဲပိုင်းက နေပြည်တော်ရှိ ကော်မရှင်ရုံးမှာ စတင်ကြားနာခဲ့ပါတယ်။

ကြားနာမှုမှာတော့ တိုင်ကြားခံရသူဘက်မှ ရှေ့နေ ၃ ဦးက လာရောက်ကြားနာ မှတ်သားပြီး ဒီလ ၁၆ ရက်နေ့ကို ထပ်မံချိန်းဆိုထားတယ်လို့ သိရပါတယ်။

အခုလို ကန့်ကွက်ခံရ၊ တိုင်ကြားခံရတာနဲ့ ပတ်သက်ပြီး ကြားဖြတ်ရွေးကောက်ပွဲအနိုင်ရ ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းပန်းဆိုင်ကတော့ လောလောဆယ် မီဒီယာတွေကို ဖြေကြားပေးဖို့ အချိန်မတိုင်သေးဘူးလို့ ပြောပါတယ်။

“ဒီကိစ္စ မီဒီယာကိုပြောဖို့ နည်းနည်းစောသေးတယ်ခင်ဗျ၊ ကျနော်လည်း အားလုံးကို အသေး စိပ်မသိရသေးပါဘူး။ မနေ့က ရှေ့နေတွေက သွားပြီးကြားနာမှတ်သားတယ်။ သူတို့က လုပ်စရာ ရှိ တာတွေ လုပ်သွားမှာပါ။”

နိုဝင်ဘာ ၃ ရက်နေ့က ကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ လစ်လပ်နေတဲ့ မန္တလေးတိုင်း ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ၁ နေရာအတွက် အန်အယ်လ်ဒီပါတီမှ ဦးစိုင်း ပန်းဆိုင်၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ  ဒေါ်နန်းထွေးမှုံ၊ ပြည်ထောင်စုကြံ့ ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီမှ ဦးစိုင်းအောင်ကြည်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ ဒေါက်တာ စိုင်းကျော်အုန်း၊ တသီးပုဂ္ဂလအနေနဲ့ ဦးအောင်ဌေးတို့က ၀င်ရောက်ယှဉ်ပြိုင်ပြီး ဦးစိုင်းပန်းဆိုင်က မဲအရေအတွက် ၇၁၆၇ မဲနဲ့ အနိုင်ရခဲ့ပါတယ်။

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်မှ ဒေါ်နန်းထွေးမှုံကတော့ ၄၆၂၁ မဲနဲ့ ဒုတိယရခဲ့ပါ တယ်။

=======================
251 / End