၁၂ ဇန်နဝါရီ ၂၀၁၉ - ၁၅:၃၃
ရခိုင်တွင်ပဋိပက္ခများ ဖြေရှင်းရန် အားလုံးပါဝင်သော ရခိုင်အမျိုးသားညီညွတ်ရေးကော်မတီဖွဲ့စည်းမည်

ရခိုင်အမျိုးသားပါတီက ဦးဆောင်ပြုလုပ်သော ရခိုင်နိုင်ငံရေးပါတီများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် စိတ်ပါဝင်စားသူများတက်ရောက်သည့် အစည်းအဝေးကို ယမန်နေ့က ကျင်းပနေစဉ် (ဓာတ်ပုံ− ANP)

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ရခိုင်အမျိုးသားပါတီက ဦးဆောင်ပြုလုပ်သော ရခိုင်နိုင်ငံရေးပါတီများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် စိတ်ပါဝင်စားသူများတက်ရောက်သည့် အစည်းအဝေးကို ယမန်နေ့က ကျင်းပနေစဉ် (ဓာတ်ပုံ− ANP)

 ရခိုင်ပြည်နယ်တွင် ကြုံတွေ့နေသည့် ပဋိပက္ခများချုပ်ငြိမ်းရေး၊ ငြိမ်းချမ်းရေးရရှိရန် အားလုံးကိုယ်စားပြုပါဝင်သော ရခိုင်အမျိုးသားညီညွတ်ရေးကော်မတီတစ်ရပ် ဖွဲ့စည်း ဆောင်ရွက်ရန် ယမန်နေ့က ဆုံးဖြတ်ခဲ့ကြောင်း ရခိုင်အမျိုးသားပါတီ အထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်က ပြောသည်။

လက်ရှိ တပ်မတော်နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) အကြား စစ်ရေးပဋိပက္ခဖြစ်ပွားမှု နှင့်ဆက်စပ်၍ ရခိုင်အမျိုးသား ပါတီက ဦးဆောင်ကာ အရပ် ဘက်အဖွဲ့အစည်းများနှင့် ဇန်နဝါ ရီ ၁၂ ရက်က စစ်တွေမြို့၌ အ စည်းအဝေး ပြုလုပ်ခဲ့ပြီး ကော်မ တီဖွဲ့စည်းရန် ယင်းအစည်းအ ဝေးတွင် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) နှင့်ပတ်သက်၍ သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေး၏ ပြောကြားချက်အပါအဝင် ရခိုင် ပြည်နယ်အတွင်းရှိ စစ်ဘေးဒုက္ခ သည်များ ကူညီထောက်ပံ့ရေး၊ ငြိမ်းချမ်းရေးရရှိရေးစသည့်အ ချက်များအပေါ် အခြေခံကာ အ ဆိုပါဆွေးနွေးပွဲ ပြုလုပ်ခြင်းဖြစ် သည်။

‘‘ပဋိပက္ခ ချုပ်ငြိမ်းပြီးတော့ စစ်ဘေးဒုက္ခသည်တွေ ကိုယ့်နေ ရာကိုယ်ပြန်နိုင်ဖို့အတွက် ငြိမ်း ချမ်းရေးလိုအပ်တယ်။ ငြိမ်းချမ်း ရေးဖြစ်လာဖို့အတွက် ဘယ်လိုအ ချက်တွေကို အခြေခံပြီး ဆွေးနွေး သင့်လဲ၊ ဘယ်လိုအကြံပြုသင့်လဲ ဆွေးနွေးကြတာပါ’’ ဟု ဦးထွန်း အောင်ကျော်က ပြောသည်။

အဆိုပါ ပဋိပက္ခချုပ်ငြိမ်း ရေး၊ ငြိမ်းချမ်းရေးရရှိရေး လုပ် ဆောင်သင့်သည်များကို အားလုံး ကိုယ်စားပြုပါဝင်သည့် ရခိုင်အ မျိုးသားညီညွတ်ရေး ကော်မတီက မူဝါဒများချမှတ်ကာ ဆောင်ရွက် မည်ဟု ၎င်းက ဆိုသည်။ သို့သော် မည်ကဲ့သို့ ဆောင်ရွက်မည်ကို အသေးစိတ်ဆွေးနွေးရန် လိုသေး သည်ဟု ပြောသည်။

ရခိုင်အမျိုးသားညီညွတ်ရေး ကော်မတီ ဖွဲ့စည်းနိုင်ရေး ဇန်နဝါ ရီ ၁၆ ရက်တွင် ဖြစ်မြောက်ရေး ကော်မတီတစ်ရပ် ဖွဲ့စည်းကာ ရှေ့ဆက်လုပ်ဆောင်သင့်သည့် ကိစ္စရပ်များ ဆွေးနွေးအဖြေထုတ် မည်ဟု ဦးထွန်းအောင်ကျော်က ဆိုသည်။

‘‘အမျိုးသားအကျိုးစီးပွားအ တွက် ဘယ်လိုအကောင်အထည် ဖော်မလဲ၊ ဘယ်လိုမူတွေချသင့် လဲ၊ ဘယ်လိုပုံစံလုပ်သင့်လဲ၊ ဘယ်လိုကဏ္ဍနဲ့ စည်းရုံးသင့်လဲ ဆိုတာကို အဲဒီအခါကျမှ ဆွေး နွေးရမယ်’’ ဟု ၎င်းကပြောသည်။

ရခိုင်အမျိုးသားညီညွတ်ရေး ကော်မတီဖွဲ့စည်းပြီးသည့်အခါ ကော်မတီ၏ လက်အောက်တွင် စစ်ဘေးဒုက္ခသည်များအရေး ကူ ညီနိုင်မည့် ဆပ်ကော်မတီတစ် ရပ်ကို ဖွဲ့စည်းရန်လည်း ဆုံးဖြတ် ခဲ့သည်ဟု ယင်းအစည်းအဝေးသို့ တက်ရောက်ခဲ့သူ ရခိုင်တိုင်းရင်း သား မျိုးနွယ်များအစည်းအရုံး အတွင်းရေးမှူး ကိုဇော်ဇော်ထွန်း က ပြောသည်။

‘‘အဓိကကတော့ ဦးဇော်ဌေး ရဲ့ ပြောကြားချက်ကို ဘယ်လိုတုံ့ ပြန်မလဲ။ တိုက်ပွဲကြောင့် ဒုက္ခ ရောက်နေတဲ့သူတွေကို ဘယ်လို ကူညီမလဲ။ ပိတ်မိနေတဲ့သူတွေကို အကူအညီရအောင် ဘယ်လိုလုပ် ကြမလဲ။ အဲဒါတွေကို ဆွေးနွေးပါ တယ်’’ ဟု ကိုဇော်ဇော်ထွန်းက ပြောသည်။

တပ်မတော်နှင့် ရခိုင်လက် နက်ကိုင်အဖွဲ့ (AA) အကြား စစ် ရေးပဋိပက္ခဖြစ်ပွားမှုနှင့်ဆက်စပ် ၍ ပေါ်ပေါက်လာနိုင်သည့် ပြဿ နာများကို ဆွေးနွေးအဖြေရှာရန် ပြုလုပ်ခဲ့သည့် ယင်းအစည်းအ ဝေးသို့ ရခိုင်တိုင်းရင်းသားများ၊ ရခိုင်တိုင်းရင်းသားမျိုးနွယ်စုပါတီ တာဝန်ရှိသူများ၊ ရခိုင်လူမှုအဖွဲ့ အစည်းများနှင့် ရခိုင်အရေး စိတ် ဝင်စားသူဦးရေ နှစ်ရာကျော်ခန့် တက်ရောက်ခဲ့သည်။

ရခိုင်ပြည်သူများအနေဖြင့်  ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) ကိုထောက်ခံခြင်းမပြုရန်၊ အ ခြားတိုင်းနှင့်ပြည်နယ်များတွင် ငြိမ်းချမ်းရေးနှင့် ဆက်စပ်ပြီးဖွံ့ဖြိုး တိုးတက်နေသည့် အချိန်တွင်  ရခိုင်ပြည်နယ်ကို မည်ကဲ့သို့ဖြစ် စေလိုသလဲဟု ဦးဇော်ဌေးက ဒီဇင်ဘာ ၇ ရက်တွင်ပြုလုပ်ခဲ့ သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

‘‘အဲဒီထောက်ခံမှုတွေကို လည်း  ရပ်တန်းက ရပ်ဖို့ပြောချင် တယ်။   အဓိကကိုယ့်ရခိုင်ပြည် နယ်ဖွံ့ဖြိုးတိုးတက်ဖို့၊ နိုင်ငံရေး ဆွေးနွေးပွဲ  တွေမှာ ရခိုင်တိုင်းရင်း သားတွေ ကို ကိုယ်စားပြုပြီး ပါ ၀င်ဖို့၊ တကယ့်ဖက်ဒရယ်စနစ်ကို သွားတဲ့ အချိန်မှာ ရခိုင်ပြည်နယ် ရဲ့ရသင့်ရထိုက်တဲ့ တန်းတူရည် တူအခွင့်အရေးတွေရရှိဖို့ ပုံမှန် လမ်း ကြောင်းကလုပ်သင့်တယ်။ မဟုတ်ရင်ရခိုင်ပြည်နယ်နောင် လာမယ့်ဆယ်စုနှစ်များစွာ အ တွင်းမှာ  ဒီလိုပဲစစ်ပွဲသံသရာလည် သွားတာကိုမြင်ချင်သလား။ ကျွန် တော်တို့မေးချင်တယ်’’ ဟု ၎င်းက ပြောသည်။

=======================
251 / End