၁၈ ဇန်နဝါရီ ၂၀၁၉ - ၁၃:၃၆
၁၁ နှစ်အတွင်း ကလေးစစ်သား စုဆောင်းမှုတွင် ပါဝင်ခဲ့သော အရာရှိနှင့် စစ်သည် ၈၀၀ ကျော်ကို တပ်မတော် အရေးယူ

၁၁ နှစ်အတွင်း ကလေးစစ်သားစုဆောင်းမှုတွင် ပါဝင် ခဲ့သော တပ်မတော်အရာရှိနှင့် အခြားအဆင့်အပါအ၀င် စစ်သည် ၈၀၀ ကျော်ကို အပြစ်ပေးအရေးယူခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန စစ်ရေးချုပ်ရုံးမှ ဗိုလ်မှူးကြီးထွန်းထွန်းဝင်းက ပြောသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


၁၁ နှစ်အတွင်း ကလေးစစ်သားစုဆောင်းမှုတွင် ပါဝင် ခဲ့သော တပ်မတော်အရာရှိနှင့် အခြားအဆင့်အပါအ၀င် စစ်သည် ၈၀၀ ကျော်ကို အပြစ်ပေးအရေးယူခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန စစ်ရေးချုပ်ရုံးမှ ဗိုလ်မှူးကြီးထွန်းထွန်းဝင်းက ပြောသည်။

‘‘ကျွန်တော်တို့ဘာတွေလုပ်ခဲ့လဲဆိုရင် နယ်ဘက်အကျဉ်းထောင် တွေချခဲ့တယ်။ စစ်ဘက်အကျဉ်းထောင်တွေ ချခဲ့တယ်။ နောက် စစ် ဘက်အချုပ်တွေ ချခဲ့တယ်။ အဆင့်တွေလျှော့ပစ်တယ်။  နောက်သူတို့ အတွက် အငြိမ်းစားလစာ စစ်မှုထမ်းသက်တွေ ဖြတ်ပစ်တယ်’’ ဟု ဗိုလ်မှူးကြီးထွန်းထွန်းဝင်းက ဆိုသည်။

ဇန်န၀ါရီ ၁၇ ရက်ကနေပြည်တော် သင်္ဂဟဟိုတယ်တွင်ပြုလုပ် သော အဓမ္မလုပ်အားပေးခိုင်းစေမှုပပျောက်ရေး နိုင်ငံတော်အဆင့် တိုင်ကြားရေးယန္တရား တည်ဆောက်နိုင်ရန်ပြုလုပ်သည့် အလုပ်ရုံဆွေး နွေးပွဲ၌ ၎င်းကပြောကြားခြင်းဖြစ်သည်။

၂၀၀၇ မှ ၂၀၁၈ အထိ ကလေးစစ်သားစုဆောင်းမှုတွင် ပါဝင်ခဲ့သော အရာရှိအပါအ၀င် အခြားအဆင့်စစ်သည်မျာကို ကု လအဖွဲ့ (UN)  နှင့်အပြည်ပြည် ဆိုင်ရာအလုပ်သမားအဖွဲ့ (ILO) မှပေးပို့သော စာရင်းများအရ အပြစ်ပေး အရေးယူခဲ့ခြင်းဖြစ် သည်ဟု ဗိုလ်မှူးကြီးထွန်းထွန်း ၀င်းကပြောသည်။

တပ်မတော်သည် ILO ဘက် ကတင်ပြလာသော အမှုများနှင့် ပတ်သက်၍ အရာရှိ ၆၄ ဦး၊   အခြားအဆင့် ၃၁၅ ဦး၊ စုစုပေါင်း ၃၇၉ ဦးကိုလည်းကောင်း၊  UN အဖွဲ့တစ်ခုက တင်ပြလာသော အမှုနှင့်ပတ်သက်၍အရာရှိ ၉၆ ဦး၊ အခြားအဆင့် ၃၅၂ ဦး၊ စုစု ပေါင်း ၄၄၈ ဦးကိုလည်းကောင်း စစ်စည်းကမ်းများဖြင့် အရေးယူခဲ့ ကြောင်း ၎င်းကဆက်လက်ပြော သည်။

‘‘နောက်ကျွန်တော်တို့မှာ ၁၉၅၉ တပ်မတော်အက်ဥပဒေအ ရ အရေးယူမှုက TimeBar (အ ချိန်ကာလသတ်မှတ်ချက်) တစ်ခု  ရှိတယ်။ အဲဒီ TimeBar အရ ကျော်သွားတယ်ဆိုရင် အုပ်ချုပ်မှု ကြောင်းဆိုင်ရာ အရေးယူမှု အကုန်လုပ်ပါတယ်’’ ဟု ၎င်းက ဆက်လက်ပြောကြားသည်။

တပ်မတော်အနေဖြင့် သက် ငယ်စုဆောင်းမှု ၇၇၄ မှုကို ၂၀၁၈ နှစ်ကုန်အထိ ဆောင်ရွက်ခဲ့ပြီး ယင်းအမှုများအနက်မှ ၃၂၅  မှုကို ILO ကပိတ်ပေးခဲ့သည်ဟု   ဗိုလ် မှူးကြီးထွန်းထွန်းဝင်းကဆိုသည်။

‘‘နောက်တစ်ခါထူးခြားစွာ ပဲကျွန်တော်တို့ကို ပိတ်ပေးတဲ့အ ထဲမှာမြန်မာနိုင်ငံရဲတပ်ဖွဲ့က အမှု  နှစ်မှုလည်းပါလာပါတယ်’’ ဟု  ဗိုလ်မှူးကြီး ထွန်းထွန်းဝင်းက ဖြည့်စွက်ပြောကြားသည်။

ထို့အပြင် UN အဖွဲ့၏ပေးပို့  လာသော စာရင်းများအရ ၂၀၁၂  မှ ၂၀၁၈ သြဂုတ်အထိ စုစု ပေါင်းကလေးစစ်သား ၉၅၂ ဦးကို  မိဘများထံ ပြန်လည်ပေးအပ်ပြီး  ဖြစ်ကြောင်းလည်း၎င်းကရှင်းပြ သည်။

‘‘အဲဒီတော့ ကျွန်တော်ပြော ချင်တာ တပ်မတော်သည် ပွင့် လင်းမြင်သာမှုရှိပါတယ်။ တာဝန် ယူမှု၊ တာဝန်ခံမှုကိုလည်းဆောင် ရွက်ပါတယ်’’ ဟု ဗိုလ်မှူးကြီး ထွန်းထွန်းဝင်းကပြောသည်။

ကလေးစစ်သား အမှုနှင့် ပတ်သက်၍ တစ်လတစ်လလျှင်  အနည်းဆုံးတိုင်ကြားစာ ၄၀ ခန့် လက်ခံရရှိနေကြောင်း ကရင်ပြည် နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်၊ တောင်သူလယ်သမားနှင့် အလုပ်သမားရေးရာကော်မတီအ ဖွဲ့ဝင် ဦးစောတင်ဝင်းကမီဒီယာ များအား ပြောသည်။

ယင်းသို့လက်ရှိရရှိသည့် တိုင်ကြားစာများကို စိစစ်ကာ ကလေးစစ်သားအဖြစ်မှ နုတ် ထွက်ခွင့်ပေးရန်ကာကွယ်ရေးရုံး (တပ်မတော်ဘက်) သို့ပြန်လည် လျှောက်ထားတင်ပြရသည်ဟု ဦး စောတင်ဝင်းကပြောသည်။

‘‘အဲဒီလို စာတင်လိုက်ရင် နုတ်ထွက်ခွင့်ပြုတာက တော် တော်နည်းပါတယ်။ နှစ်ယောက်၊  သုံးယောက်လောက်ပဲ ပြန်လာ တာရှိပါတယ်။ သူတို့နုတ်ထွက် ခွင့်ပြုလိုက်တဲ့ အရွယ်မရောက် သေးတဲ့   ကလေးစစ်သားဘယ်သူ ဘယ် သူဟာဖြင့်  နုတ်ထွက်ခွင့်ပြု လိုက်ပါတယ်။  ဘယ်သူ ဘယ် သူကတော့ စုံစမ်းစစ်ဆေးဆဲ။ တချို့ကျတော့လည်း စစ်သားစု ဆောင်းတဲ့ကာလတစ်ခုအတွင်း မှာ စုဆောင်းတဲ့အတွက်ကြောင့် ဒီလိုကလေးတွေကျတော့ နုတ် ထွက်ခွင့်မပြုသေးဘူးဆိုတာတွေ ပါတယ်’’ ဟု ၎င်းကဆက်လက် ပြောကြားသည်။

တပ်မတော် အပါအ၀င် လက်နက်ကိုင်အဖွဲ့အစည်းများ၌ အသက် (၁၈) နှစ်မပြည့်သူများ ကို တပ်သားသစ်အဖြစ်စုဆောင်း ပါက ထောင်ဒဏ်ငါးနှစ်အထိချ မှတ်နိုင်ပြီး တိုက်ခိုက်မှုများတွင်  အသုံးပြုပါက ထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်နိုင်သည့် ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာဥပဒေကြမ်းကို ပြည်သူ့ လွှတ်တော်က အတည်ပြုထား သည်။

အဆိုပါ ဥပဒေကြမ်းတွင် ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာ ဥပဒေကြမ်း၌ လက် နက်ကိုင်ပဋိပက္ခအတွင်းကလေး  သူငယ်များကို ရုပ်ပိုင်း၊ စိတ်ပိုင်း ဆိုင်ရာနှင့် လိင်ပိုင်းဆိုင်ရာအ ကြမ်းဖက်ခြင်း၊ လျစ်လျူရှုခြင်း နှင့် ခေါင်းပုံဖြတ်ခြင်းတို့မှကာ ကွယ်စောင့်ရှောက်မှုခံယူခွင့်ပေး ရမည်ဖြစ်ကြောင်း ဖော်ပြထား သည်။

ထို့အပြင် အတင်းအကျပ် လိုက်နာစေရန် နှိပ်စက်ညှဉ်းပန်း ခြင်း (သို့မဟုတ်) အခြားရက်စက် ကြမ်းကြုတ်သော၊လူမဆန်သော၊  လူ့ဂုဏ်သိက္ခာကျဆင်းစေသော  အမူအကျင့်များပြုမူခြင်း (သို့မ ဟုတ်) ခိုင်းစေမှုကို မလိုက်နာ သောကြောင့် အပြစ်ပေးသည့်အ နေဖြင့် စစ်သားအဖြစ်စုဆောင်း ခြင်း (သို့ မဟုတ်) လက်နက်ကိုင် ပဋိပက္ခအတွင်း ပါဝင်စေခြင်းမှ ကာကွယ်စောင့်ရှောက်မှုခံယူခွင့် ပြုရမည်ဟုလည်းပါရှိသည်။

=======================
251 / End