၁၉ ဇန်နဝါရီ ၂၀၁၉ - ၁၉:၁၂
‘ဝ’ နှင့် မိုင်းလား လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များ ပန်ဆန်း၌ တွေ့ဆုံဆွေးနွေး

‘ဝ’ လက်နက်ကိုင်အဖွဲ့ (UWSA)နှင့် မိုင်းလားလက်နက် ကိုင်အဖွဲ့ (NDAA)ခေါင်းဆောင် များ ‘ဝ’ အဖွဲ့ဌာနချုပ် ပန်ဆန်း၌ တွေ့ဆုံခဲ့ကြောင်း မိုင်းလားသ တင်းဌာနက ဇန်နဝါရီ ၁၈ ရက် တွင် သတင်းထုတ်ပြန်သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


‘ဝ’ လက်နက်ကိုင်အဖွဲ့ (UWSA)နှင့် မိုင်းလားလက်နက် ကိုင်အဖွဲ့ (NDAA)ခေါင်းဆောင် များ ‘ဝ’ အဖွဲ့ဌာနချုပ် ပန်ဆန်း၌ တွေ့ဆုံခဲ့ကြောင်း မိုင်းလားသ တင်းဌာနက ဇန်နဝါရီ ၁၈ ရက် တွင် သတင်းထုတ်ပြန်သည်။

အထူးဒေသ(၄) မိုင်းလား လက်နက်ကိုင်အဖွဲ့ခေါင်းဆောင် ဦးစိုင်းလင်းဦးဆောင်သည့် ကိုယ် စားလှယ်အဖွဲ့သည် အထူးဒေသ(၂) UWSA ဌာနချုပ် ပန်ဆန်း(ပန်းခမ်း)သို့ ဇန်နဝါရီ ၁၅ ရက်တွင် ရောက်ရှိရာ UWSA အဖွဲ့ဒုဥက္ကဋ္ဌ ဦးလျှောက်မီလျန်၊ ဒုအတွင်းရေးမှူး ဦးပေါက်ယူယိ၊ ဒုဥက္ကဋ္ဌ ဦးကျောက်ကော်အမ်းတို့ က ကြိုဆိုခဲ့သည်။ ထို့နောက် မိုင်း လားကိုယ်စားလှယ်အဖွဲ့သည် UWSA ခေါင်းဆောင် ဦးပေါက် ယူချန်းနှင့် တွေ့ဆုံခဲ့ကြောင်း သတင်းတွင် ဖော်ပြသည်။

ထိုသို့ တွေ့ဆုံစဉ် နှစ်ဖက် ကိုယ်စားလှယ် ခေါင်းဆောင်များ က နှစ်သစ်ကူးဆုတောင်းမှုများ အပြန်အလှန်ပြုလုပ်ခဲ့သည်ဟု မိုင်းလားသတင်း၌ ဖော်ပြသည်။ ဆွေးနွေးမှုအသေးစိတ်ကိုမူ ဖော် ပြမထားပေ။

‘‘ကျွန်တော်တို့က နှစ်သစ် ကူးမေးမြန်းတာပါ။ ဘာမှ မရှိပါ ဘူး။ ပုံမှန်ပါပဲ။ နှစ်သစ်ကူးအချိန် လည်း ရောက်တော့မှာကိုး’’ဟု တွေ့ဆုံမှုတွင် ပါဝင်သည့် မိုင်း လားအဖွဲ့ အတွင်းရေးမှူး ဦးစိုင်း မောက်က ပြောသည်။ ငြိမ်းချမ်း ရေးဆိုင်ရာ ကိစ္စများ ဆွေးနွေးမှု များရှိ၊ မရှိ မေးမြန်းရာမရှိဟု ၎င်း က ဆိုသည်။

တိုင်းရင်းသားအရေး လေ့ လာသူ ဦးမောင်မောင်စိုးက ‘‘သူ တို့တွေ့ဆုံတာကတော့ တရုတ် နွေဦးနှစ်သစ်ကူးပွဲတော်ရောက်ခါ နီး အကြိုမေးမြန်းနှုတ်ဆက်တာ က ပထမအချက်ဖြစ်တယ်။ ဒုတိ ယအချက်ကတော့ နှစ်ဖက်ဆွေး နွေးမှုတွေတော့ရှိတယ်။ ရှေး ဟောင်းနှောင်းဖြစ်တွေ ပြောကြ တယ်။ ရင်းနှီးမှု တည်ဆောက် တယ်လို့ပဲ ဆိုပါတယ်။ တရုတ် နှစ်သစ်ကူးဆိုရင် အပြန်အလှန် မေးမြန်းတာက ထုံးစံရှိပါတယ်။ ဒီနှစ်ကတော့ နည်းနည်းခေါင်း ဆောင်ပိုင်းက ဆုံတယ်။ ၂၀၁၆ မှာ ပဋိပက္ခဖြစ်ပြီးတဲ့နောက်ပိုင်း ပြန်ပြီး နားလည်မှုတည်ဆောက် တယ်ဆိုတဲ့ သဘောမျိုးပဲ ဖြစ်ပါ လိမ့်မယ်’’ဟု ပြောသည်။

 ယခု တွေ့ဆုံမှု မတိုင်မီ UWSA ဒုဥက္ကဋ္ဌ ဦးကျောက်ကော် အမ်းဦးဆောင်သည့် ကိုယ်စား လှယ်အဖွဲ့သည် ဇန်နဝါရီ ၆ ရက် တွင် မိုင်းလားသို့ သွားရောက်၍ မိုင်းလားအဖွဲ့ခေါင်းဆောင်များ နှင့်တွေ့ဆုံခဲ့သည်။

ထို့နောက် ဇန်နဝါရီ ၉ ရက် ခန့်တွင် တရုတ်နိုင်ငံခြားရေးဝန် ကြီးဌာန အာရှရေးရာအထူးကိုယ် စားလှယ် မစ္စတာဆွန်ကော်ရှန်း သည် ‘ဝ’ နှင့် မိုင်းလားဒေသသို့ သွားရောက်ကာ ယင်းအဖွဲ့များ NCA နှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်ရေး တိုက်တွန်းခဲ့သည်။

၂၀၁၆ နှစ်ကုန်ပိုင်းတွင် ‘ဝ’ တပ်ဖွဲ့များ မိုင်းလားဒေသသို့ အင်အားအလုံးအရင်းဖြင့် ဝင် ရောက်နေရာယူခြင်းကြောင့် နှစ် ဖက် အဆင်မပြေမှုများ ဖြစ်ပေါ်ခဲ့ သည်။

‘ဝ’ နှင့် မိုင်းလားနှစ်ဖွဲ့စလုံး သည် အစိုးရနှင့် ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် အပစ်ရပ်စဲ ရေးဆိုင်ရာ သဘောတူညီချက် များ ချုပ်ဆိုထားသော်လည်း NCA တွင် ပါဝင်လက်မှတ်မထိုးရသေး  ပေ။

=======================
251 / End